Sunday, July 29, 2012

''ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်''

လာမည့်ရွေးကောက်ပွဲများတွင် တစ်ပါတီတည်းအနိုင်ရမှုကိုကာကွယ်ရန် ရွေးကောက်ပွဲစံနစ်ပြုပြင်ရေးနှင့်ပတ်သတ်၍ ဒီမိုကရေစီမိတ်ဆွေပါတီများက
သဘောထားကြေည်ာချက်တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ေ၇ွးကောက်ပွဲကော်မရှင်က ဒါကိုလွှတ်တော်တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေအားလုံးပါဝင်လာအောင်လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီကတော့ ဒီသဘောထားကြေညာချက်ကို လက်မခံပါဘူး " ဟု ဒီမိုမိတ်ဆွေပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါသဘောထားကြေညာချက်ကို ဖတ်ရှုသိရှိပြီးသူများကလည်း လက်မခံကြောင်းဖြင့် ဝေဖန်ပြောကြားကြသည်။
သဘောထားကြောညာချက်အပြည့်အစုံကိုအောက်တွင်ဖော်ပြထားပါသည်။
 

No comments:

Post a Comment