Friday, June 8, 2012

ရခိုင်ပြည်နယ် သတ်ဖြတ်ကျူးလွန်မှုများ လက်မခံဟု ကြံ့ခိုင်ရေး ပြော


ရခိုင်ပြည်နယ် သတ်ဖြတ်ကျူးလွန်မှုများ လက်မခံဟု ကြံ့ခိုင်ရေး ပြော

ရန်ပိုင်| June 8,
2012 |

ဇွန်လ ၇ ရက်နေ့က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ကျူးလွန်မှုများကို ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အနေဖြင့် လက်မခံနိုင်ကြောင်း ယင်းပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။

“ဥပဒေအရရော၊ လူမှုရေးအရရော လက်ခံလို့မရဘူး။ ပြစ်မှုအတိုင်းအတာအရ အရေးယူရမယ်။ ဒီနေရာမှာ မွတ်စလင်တို့၊ ဗမာတို့ ဆိုတာထက် ပြစ်မှုကျူးလွန်သူ တရားခံ၊ တရားလိုလို့ သတ်မှတ်ပြီးကို အရေးယူရမယ်။ ထပ်ပြီး ကြီးထွား မလာအောင် လုပ်ရမယ်” ဟု ၄င်းကဆိုသည်။

ယမန်နေ့က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် တွေဆုံစဉ် ဦးဌေးဦးက ထိုသို့ပြောဆိုခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်တွေမြို့ ကျောက်နီမော် မုဒိန်းကျင့် သတ်ဖြတ်မှုနှင့် တောင်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရမှုများ၊ ရန်ကုန်မြို့တွင် နောက်ဆက်တွဲ ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့သည့်အပေါ် ဦးဌေးဦးက ထိုသို့ မှတ်ချက်ပေး ပြောဆိုခြင်းဖြစ်သည်။

ထို့အပြင် ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့်လည်း ပြစ်မှုကျူးလွန်သူများကို လျင်မြန်စွာ အရေးယူ ကိုင်တွယ်သင့်ကြောင်း၊ သို့မှသာ ဥပဒေစိုးမိုးရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း ဦးဌေးဦးက ပြောသည်။

ရခိုင်ပြည်နယ် သတ်ဖြတ်ကျူးလွန်မှုများ ဖြစ်ပွားသည့်ကိစ္စကို အစိုးရထုတ်သတင်းစာနှင့် မီဒီယာများက ဇွန်လ ၅ ရက်နေ့တွင် ဖော်ပြရာ၌ မွတ်စလင်ကုလားဟု သုံးနှုန်းခဲ့သောကြောင့် ဝေဖန်ခံခဲ့ရပြီး နောက်တနေ့တွင် ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူများဟု ပြင်ဆင်ဖတ်ရှုရန် ကြေညာခဲ့သည်။

လူမျိုးကွဲများအပါအ၀င် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် မြန်မာပြည်တွင် လွတ်လပ်စွာယုံကြည်ရာကို ကိုးကွယ်ခွင့်ရရှိရန် လိုကြောင်းလည်း ဦးဌေးဦးက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော သတ်ဖြတ်ကျူးလွန်မှုများအတွက် ပြည်ထောင်စု အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၆ ရက်နေ့စွဲဖြင့် ကြေညာထားသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒု ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း အပါအ၀င် ရခိုင်ပြည်နယ် ဥပဒေအရာရှိ၊ ရဲမှူး၊ အထူးစုံစမ်းစစ်ဆေးရေးမှူး စသည့် ပြည်နယ်အဆင့် တာဝန်ရှိသူများ ပါဝင်သည်။ ယင်း စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ သမ္မတထံ တိုက်ရိုက် အစီရင်ခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လျှပ်စစ်မီး ရရှိရေး ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် နိုင်ငံသားများ၏ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးကိုလည်း ရေရှည်စီမံကိန်းချပြီး ဖြေရှင်းပေးရန် ကြိုးပမ်းနေကြောင်း၊ နိုင်ငံတော်က သိရှိစေရန် ပုံမှန်လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုများသည် ကောင်းမွန်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာစေရန် မကြိုးပမ်းသင့်ကြောင်း ဦးဌေးဦးက ဖြေကြားသည်။

သဘာဝ အရင်းအမြစ် ပေါများသည့် မြန်မာနိုင်ငံတွင် စစ်အစိုးရ လက်ထက်မှစတင်ကာ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့တို့ကို အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံသို့ ရောင်းချနေသော်လည်း ပြည်သူများမှာမူ လျှပ်စစ်မီး လုံလောက်စွာ မရရှိပေ။

အဆိုပါ ရောင်းချမှုများနှင့် ပတ်သက်ပြီး ဦးဌေးဦးက “ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား ဆောက်လုပ်ရေးတွေမှာ ငွေလိုတယ်။ ဒါကြောင့် ရောင်းချရတာပါ”ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး အငြင်းပွားဖွယ် အနိုင်ရရှိခဲ့သော အာဏာရပါတီဖြစ်သည်။
http://burma.irrawaddy.org/archives/11563

ငွေ စက္ကူ နဲ့ တိရစ္ဆာန် များ




ကျွန်တော်တို့ နိုင်ငံမှာ ငွေတွေ ငွေတွေ ပေါများနေကြတာ ဒီ အစိုးရ ကထုတ်တဲ့ငွေတွေထဲမှာ တိရစ္ဆာန်ပုံတွေချည်း ဘဲ မင်းမူနေလိုက်ကြတာ လွန်ရောလွန်ရော ပါလား။ ဘာကြောင့်များ ငွေတွေ ထုတ်နေကြတာလဲ နော်။ အရင်တုံးက ဗိုလ်ချုပ်ပုံတွေ ဘယ်ရောက်ဘယ်ပျောက်သွားပြီလဲမသိဘူးနော်..။ သမ္မတကြီး က အာချောင်ပြန်ပြီလေ နောက်ပြန်မလှည့်ဘူးလို့  ဆိုထားပါတယ်.။ မီးစာတဖက်ရေမှုတ်တစ်ဖက် ကျွန်တော်တို့ ပြည်သူတွေ အကုန်လုံး ငွေစက္ကူတွေကြောင့် အကုန်စိတ်ပျက်နေကြပါပြီ။ မြန်မာပြည်မှာဘယ်နေရာကြည့်ကြည့် စိတ်ပျက်စရာတွေချည်းဘဲ တွေ့ နေရပါတယ်။စတုတ္ထမဏ္ဏိုင် မှာ ကြွေးကျော်နေတာ ပြန်ကြားရေး ၀န်ကြီးက ဂယောင်ချောက်ခြားပါဘဲ။မီဒီယာနဲ့ တိုက်မယ်လို့ လဲ ငိုကျော်ဆန်းပြောထားတာဘဲ သူငယ်နာမစင်တာပြန်ကြားရေးဝန်ကြီးဘဲလေ..။ အခုလဲငွေ တွေထုတ်တာကြောင့် ဆန်ဈေး ဆီဈေးတွေလဲ ပလူပျံနေအောင်ခုန်တက်နေကြပါပြီ ပြည်သူတွေခမျာ ဘယ်လောက်ဒုက္ခရောက်ရှာမလဲ ဗျာ ...သိတတ်ရင် အောက်ကိုလဲ တလှည့်ဆင်းပြီး ငါတို့ ပြည်သူတွေ ဘယ်လိုစားသုံးနေရပါသလဲ တချက်လောက် ငဲ့ ကြည့်စေချင်တယ်။
မကြာသေးခင်ကမှ မီးမလာအောင် လုပ်ခဲ့ကြတယ်..။ပြည်သူတွေခမျာ လမ်းပေါ်ထွက်ပြီးဆန္ဒတွေပြခဲ့ကြပါတယ်..တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖယောင်းတိုင်လေးကိုင်ပြီး လမ်းပေါ်ထွက်ခဲ့ကြရတယ်။
နောက်တစ်မျိုး က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ၈၈ မျိုးဆက်ကျောင်းသားများ ” မှ မေတ္တာရပ်ခံစာ ပို့ ခဲ့ရပါသေးတယ်။အခုလဲ လာပြန်ပြီ ငွေစက္ကူဖက်ကို လှည့်သွားပြီ..နောက်တစ်ခါဘာထပ်လာအုံးမလဲ မသိဘူး..ဒီလောက်ဒုက္ခတွေ ပင်လယ်ဝေ အောင်ခံစားနေရတဲ့ပြည်သူတွေကို ဘာလို့ များ အာဏာကို တည်တံ့အောင်လုပ်နေရပါသလဲ လို့ မေးစရာတွေ များအောင် လုပ်နေရပါသလဲဗျာ။
နောက်ဘာများ ထွင်အုံးမလဲ စောင့်သာကြည့်စေချင်တယ် ..နည်းမျိုးစုံ လှည့်ကွက်တွေသုံးပြီး ပြည်သူတွေကို ဂယောင်ချောက်ချားဖြစ်အောင်လုပ်မနေ နဲ့လို့ ဒီနေရာက တောင်းဆိုချင်ပါတယ်။
နောင်ခေတ် တချိန်ချိန်မှာ တစ်သောင်းတန်တဲ့ ဒေါင်းအလံ လို ငွေ တွေများများ ထုတ်တာမြင် ချင်လှပါပြီဖြစ်ကြောင်း နဲ့ အကိုကြီးတို့ 88 ကျောင်းသားများ ဦးဆောင်တဲ့ နေရာမျိုးကို ဦး တည်ကြ ဖို့ အမေစုနောက်ကို မှန်မှန်သာ လိုက်ပြီိး ထောက်ခံ အားပေးကြဖို့  …မိမိကိုယ် ကို ကောင်းရာ ညွှန်ကြားကြစေလိုတဲ့အကြောင်း မိတ်ဆွေ အပေါင်းအား ဒီနေရာမှ လမ်းညွှန်ပေးချင်ပါတယ်ဗျာ..။

ကိုထွန်းဝေ

အမေ့မွေးနေ့ အား ဂုဏ်ပြု မှတ်တမ်းမော်ကွန်း



သားသားလေးမှ အမေ့မွေးနေ့ အား ဂုဏ်ပြု မှတ်တမ်းမော်ကွန်းထိုးထားပါတယ်
မြန်မာ့လွတ်လပ်ရေးကို ဆင်များက အသက်ပေးကာ ရယူပေးခဲ့ခြင်း ဖြစ်။



သူများနိုင်ငံတွေ နိုင်ငံ့ခေါင်းဆောင်ကိုဝံ့ကြွားတန်ဖိုးထားပြီး ပိုက်ဆံမှာ ဘယ်လိုရိုက်နှိပ်ဖော်ပြနေဖော်ပြနေ
ခေတ်မှီဖွံ့ဖြိုးတိုးတတ်သောမြန်မာနိုင်ငံတော်ကြီးမှာတော့ တိရိစ္ဆာန်များကိုသနားကြင်နာချစ်ခင်ကြောင်း ဆက်လက်ပြသ။

မြန်မာ့လွတ်လပ်ရေးကို ဆင်များက အသက်ပေးကာ ရယူပေးခဲ့ခြင်း ဖြစ်။

ဆင်များသည် မြန်မာပြည် လွတ်လပ်ရေး ရရှိစေရန် အသက်နှင့် လဲပြီး ရယူပေးခဲ့သည့် အာဇာနည် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြောင်း သတင်းရရှိ။

ထို့ကြောင့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို မဖော်ပြဘဲ အမျိုးသားခေါင်းဆောင် ဆင်ကြီး နှစ်ကောင်ပုံကို ဖော်ပြထားခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်။

ဒီလှိုင်းဂျာနယ် အင်တာနက်လှိုင်းစီးပြီ

ဒီလှိုင်းဂျာနယ် အင်တာနက်လှိုင်းစီးပြီ


Friday, June 08, 2012
Sithu Linn






NLD က ထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ် အွန်လိုင်းမှာ ဖတ်နိုင်ပါပြီ တဲ့။

လိပ်စာက http://dwave.nld.name/ ဖြစ်ပါတယ်။