Saturday, June 16, 2012

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို Johns Hopkins တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်

မေလ (၂၄) ရက် မနေ့က အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်၊ Johns Hopkins တက္ကသိုလ်မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Doctor of Humane Letters) ချီးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ AIDS ရောဂါ ကာ ကွယ် ကုသစောင့်ရှေက်မှုတွေ မကြာခဏသွားရောက် လုပ်ဆောင်ခဲ့သူ Johns Hopkins တက္ကသိုလ် လူထု ပညာရေးဌာနက ပါမောက္ခ ဒေါက်တာ ခရစ်(စ်) ဘိုင်ယာ (Dr. Chris Beyrer) က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလက်ခံ ရယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအခမ်းအနားအတွက် ဗီဒီယိုမိန့်ခွန်းပေး ပို့ခဲ့တာမှာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ တောက်ပတဲ့ အနာဂတ်အတွက် Johns Hopkins တက္ကသိုလ်က ပူးပေါင်းပါဝင်လိမ့်မယ်လို့ သူမျှော်လင့် ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို Johns Hopkins တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်တာနဲ့ ပတ်သက်ပြီး ကိုရော်နီညိမ်းက တင်ပြပေးပါထားပါတယ်။
မေလ ၂၄ ရက်နေ့က မေရီလဲန်းပြည်နယ်၊ ဘော်လတီမိုးမြို့က Johns Hopkins တက္ကသိုလ် ဟုမ်းဝုဒ် နယ်မြေ (Home Wood Campus)မှာ ကျင်းပခဲ့တဲ့ ဒီဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာပါ။ ဒီအခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်း အမှာစကား ပြောကြားတာကိုလည်း ပြသခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ တက္ကသိုလ် ဘွဲ့ရလူငယ်တွေ ရင်ဆိုင်နေကြရတဲ့ လက်တွေ့ ပကတိအခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။   ။ ကျမတို့နိုင်ငံက လူငယ်ထုရဲ့ အများစုကြီးဟာ အခြေခံကျတဲ့ပညာရေး လိုအပ်နေ ကြပါတယ်။ ကျမက မူလတန်းကျောင်းအဆင့် ကလေးတွေရဲ့ အခြေခံပညာရေးကို ပြောနေတာ မဟုတ်ပါဘူး။ ကျမက တက္ကသိုလ်ဘွဲ့ရလူငယ်တွေမှာ အခြေခံကျတဲ့ပညာရေး လိုအပ်နေကြတာကို ပြောနေတာ ပါ။ မြန် မာနိုင်ငံ မှာ မြောက်များလှတဲ့ တက္ကသိုလ်ဘွဲ့ရလူငယ်တွေဟာ အလုပ်လက်မဲ့တွေ ဖြစ်နေကြပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ တက္ကသိုလ်တွေက သူတို့တွေ အလုပ်အကိုင်တွေရရှိကြဖို့ လုံလောက်စွာလိုအပ်တဲ့ အခြေခံ ကျကျပညာရေးကို သင်ကြားမပေးနိုင်ကြလို့ပါပဲ။ ဒါကြောင့် ကျမတို့နိုင်ငံနဲ့ ကျမတို့ရဲ့ လူငယ်တွေမှာ အခုလို ပညာရေးအရ အကြီးအကျယ် လိုအပ်နေမှုကို Johns Hopkins တက္ကသိုလ်နဲ့တကွ တခြားသော အမေရိ ကန်ပြည်ထောင်စုက ပညာရေးအဖွဲ့အစည်းတွေကို၊ ကျမက သိရှိကြစေချင်ပါတယ်။ ကျမတို့နိုင်ငံရဲ့ တက္က သိုလ်ဘွဲ့ရ လူငယ်တွေဟာ တကယ့်ပညာတွေကို တတ်မြောက်ကြပြီးသား လူငယ်တွေ ဖြစ်လာကြရမှာပါ။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာကြတာကြောင့် သူတို့အတွက် ဘ၀ရဲ့စိန်ခေါ်မှုတွေကို တကယ်တမ်းရင်ဆိုင်နိုင်တဲ့ ပညာရေးကို အကြီးအကျယ် လိုအပ်နေကြတယ် ဆိုတာကို သိစေချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အခုလို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တဲ့ Johns Hopkins တက္ကသိုလ်အနေနဲ့ မြန်မာလူငယ်ထုရဲ့ ပညာရေးကို ကူညီစောင့်ရှောက်ပေးဖို့ ဗီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။   ။ ကျမတို့နိုင်ငံရဲ့ လူငယ်ထုနဲ့ သူတို့ရဲ့ပညာရေးဟာ၊ ကျမတို့နိုင်ငံရဲ့ အနာဂတ် အတွက် အလွန့်ကို အရေးပါနေပါတယ်။ သူတို့တွေနဲ့ ကျမတိ့နိုင်ငံရဲ့ အနာဂတ် တွေ တောက်ပလာနိုင်ဖို့ အတွက် Johns Hopkins တက္ကသိုလ်က ပူးပေါင်းပါဝင်လိမ့်မယ်လို့၊ ကျမက မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ Johns Hopkins တက္ကသိုလ်ကပေးတဲ့ ပညာရေးကို ရယူနိုင်ပြီး ကျမ အခုရရှိတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့မျိုးတွေ သူတို့လည်း ရရှိလာကြတဲ့အထိ၊ သူတို့ရဲ့ ပညာရေးကို Johns Hopkins က မြှင့်တင်ပေးနိုင်မယ့် အချိန်ကို ကျမက စောင့်မျှော်နေပါတယ်။”
ပြီးခဲ့တဲ့ ဇန်နဝါရီလက Johns Hopkins တက္ကသိုလ်ရဲ့ဥက္ကဋ္ဌ ရွန်ဒဲန်နီရယ်လ် (Ron Daniel) နဲ့အတူ မြန်မာနိုင်ငံကို သွားရောက်ခဲ့သူလည်းဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံယူခဲ့တဲ့ ဒေါက်တာ ခရစ္စ်ဘိုင်ယာက ဒေါ်အောင်ဆန်းစုကြည်ကို ဒီဘွဲ့ချီးမြှင့်တာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
ဒေါက်တာ ခရစ္စ်ဘိုင်ယာ။    ။ ပြီးခဲ့တဲ့ဇန်န၀ါရီလက မြန်မာပြည်မှာ Johns Hopkins တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌ ရွန် ဒဲန်နီရယ်လ်နဲ့ ကျနော်နဲ့ဟာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ အကျဉ်းထောင်က လွတ်မြောက်ခါစ (၈၈)မျိုးဆက် ကျောင်း သားတွေအပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတွေ၊ လူမှုရေး လုပ်ငန်းတွေ ကို ဆောင်ရွက်နေကြ သူတွေ၊ မြန်မာအစိုးရရဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ၀န်ကြီးတချို့နဲ့ပါ တွေ့ ဆုံခဲ့ကြ ပါတယ်။ တွေ့ခဲ့သမျှ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာက မြန်မာနိုင်ငံက ပညာရေးနဲ့ လူထုကျန်း မာရေးကဏ္ဍတွေမှာ အထူးသဖြင့် တက္ကသိုလ်ကောလိပ်ကျောင်းတွေမှာ ပညာရေး ကို ပြန်ပြီးမြှင့်တင်ဖို့ ကျနော်တို့ Johns Hopkins တက္ကသိုလ်က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင် ရွက်နိုင်မလဲ ဆိုတာ ပါ။ တော်တော်များများ အစီအစဉ်တွေ စဉ်းစားကြံဆ ချမှတ်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် လည်း မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေတွေ ရောက်ရှိလာအောင် အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းလမ်းအမျိုး မျိုးနဲ့ ကြိုးပမ်း ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ Johns Hopkins တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ရတာဖြစ်ပြီးတော့ ကျနော်တို့ တက္ကသိုလ်က ဒီ့အတွက် ပိုပြီးဂုဏ်တက်ပါတယ် ခင်ဗျာ။
ဒေါက်တာ ခရစ္စ်ဘိုင်ယာက အခုအခါ မြန်မာနိုင်ငံမှာ Johns Hopkins တက္ကသိုလ်က စတင်ဆောင်ရွက်နေမှုနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။
ဒေါက်တာ ခရစ္စ်ဘိုင်ယာ။  ။ ပြီးခဲ့တဲ့ဇန်န၀ါရီလက စလို့၊ ကျနော်တို့ တက္ကသိုလ်ရဲ့ လူထုပညာရေးဌာနက သင် တန်းပေးတယ့်သူတွေ၊ မြန်မာနိုင်ငံကို သွားပြီးတော့ အရေးပေါ်ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပညာရပ် အခြေခံသင်တန်းနဲ့ အဆင့်မြင့် သင်တန်း တချို့ကို စပြီး သင်ကြားပေးနေကြပါပြီ။ ကျနော်တို့က အပြန်အလှန် ပညာရေးဖလှယ်မှုအစီအစဉ် အဖြစ် ကျနော်တို့ တက္ကသိုလ်ရဲ့ လူထုပညာရေးဌာနက ကျောင်းသားတွေ မြန် မာနိုင်ငံမှာ သွားရောက်ပညာ သင်ကြားကြဖို့နဲ့၊ မြန်မာကျောင်းသားတွေ Johns Hopkins တက္ကသိုလ်ကို လာရောက် ပညာသင်ကြားကြဖို့ တွေကို၊ မကြာခင် အကောင်အထည်ပေါ်လာအောင် လုပ်ကိုင်ဆောင် ရွက်နေပါတယ်။"
လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့သူအနေနဲ့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို Johns Hopkins တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်  ခွန်းသတင်းစကားထဲမှာ ဒီ့အတွက် တုံ့ပြန်စကားပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။   ။ မြန်မာနိုင်ငံက လူ့အခွင့်အရေးအကြောင်းကို ကျမက ပြောတယ်ဆိုရင်၊ တကယ် က ကျမက တကမ္ဘာလုံးက လူ့အခွင့်အရေးအကြောင်းကို ပြောတာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားအနေနဲ့ ဖြစ်တည်နေမှုက ဘ၀အခြေ အနိမ့်အမြင့်နဲ့ မဆိုင်ပါဘူး။ လူသားတစ်ဦးဟာ ကမ္ဘာပေါ်က တနေရာမှာ မပြည့်မစုံ ဘ၀နဲ့ နေနေရတာကြောင့်၊ သူဟာ တင့်တောင့်တင့်တယ် နေထိုင်နေကြရတဲ့နေရာက လူသားထက်နိမ့်ကျတယ်လို့ အဓိပ္ပာယ်ဖွင့်လို့ မရပါဘူး။ ဒါကြောင့် ကျမတို့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အတွက် ရုန်းကန်လှုပ်ရှားနေကြတယ် ဆိုရင်၊ ဒါက ကျမတို့က လူသားအားလုံးရဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားနေတာပါပဲ။
Johns Hopkins တက္ကသိုလ်ရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်ခွဲတွေအားလုံး မှာ ဘွဲ့နှင်းသဘင်အခမ်းအနားတွေကို မေလ ၂၄ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ဒီအခမ်းအနားတွေအားလုံးမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်း အမှာစကားကို ပြသခဲ့ပါ တယ် ခင်ဗျာ။

သတင်း.... VOA

ဆရာကြီး တက္ကသိုလ်ဘုန်းကြွယ် ၏ သိက္ခာမြင့်လို့ မျက်နှာပွင့်သူ





သိက္ခာမြင့်လို့ မျက်နှာပွင့်သူ


သိက္ခာမြင့်သူ ဘယ်ကိုသွားသွား
မျက်နှာပွင့်လို့ကြိုသူများများ
နော်ဝေပြည်သားလည်းမြိုင်မြိုင်ဆိုင်
ဆွစ်ဇာလန်ပြည်သားလည်းမနေနိုင်
တူပြိုင်ပြိုင်ကြိုဆိုပွဲ တမိုးလုံးခြိမ့်ခြိမ့်သဲ..။

အောင်ပွဲအပွဲပွဲနွှဲခဲ့တဲ့အမေစုမှာ
ကမ္ဘာအလယ်မှာမျက်နှာပွင့်ရှာ
ဒို့မြန်မာထပ်တခါမလွဲ
ကမ္ဘာကသိကြပြီပဲ
ထူးကဲလှတဲ့အမေစုဂုဏ်
ကမ္ဘာတလွှာဝယ် သိမ့်သိမ့်တုန်
မယုံနိုင်လောက်တဲ့သတ္တိဇွဲ
သူကလွဲပြီး ဘယ်သူရှိနိုင်မှာလဲ…။

ညစ်မှောင်တဲ့စစ်အမှောင်ကို
ဝင်းပြောင်တဲ့တတိုင်မီးနဲ့
ထိန်ညီးအောင် စွမ်းဆောင်ကြိုးပမ်း
ကိုယ်ကိုယ်တိုင်အလောင်ကျွမ်းခံ
အမှောင်ခန်းထိန်တောက်
စိန်ကျောက်ထက်မယွင်းအောင်
အလင်းဆောင်နေသူဟာ အမေစုပါ။

နအဖတို့ရဲ့ မဟုတ်မမှန်
လုပ်ကြံတဲ့ ဒီပဲရင်းအရေးမှာ
သီသီလေး အသက်ဘေးက
လွတ်ဝေးလာတဲ့ ဒေါ်စုဟာ
အသဲနု မသွား ကြောက်ရွံ့မှုနဲ့
နောက်တွန့်ပြီး ဆုတ်မပြေး
မသေဆေး မရှိပေတဲ့
သေးဘေးကို သူမမှု
လူထုရဲ့ခံစားမှုကို
ကိုယ်စားပြု ဦးဆောင်နေတဲ့
အမေစုရဲ့ အလင်းရောင်ဟာ
အမှောင်ဟူသမျှကို ဖြိုခွင်း
လွတ်မြောက်ခြင်းဆိုတဲ့
ဒီမိုကရေစီပန်းတိုင်ရောက်အောင်
ပို့ဆောင်ပေးလိမ့်မယ်လို့
ကျုပ်တို့အားလုံးက မတုန်မလှီ
ယုံကြည်နေပါကြောင်း။

အမေစုသွားရာခြေတလှမ်းသည်လည်း
ကုဋေတစ်သန်းမက တန်ဖိုးကြီးလှပါပေတယ်..။
အမေအောင်စေ..အေးစေ..မေတ္တာကမ္ဘာဝေ...။

တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၁၅ ၂၀၁၂)

“ကိန်ဆီယံ” မော်ဒယ်













ဆောင်းပါးရှင် ကိုအောင်မိုးဝင်း
လာမဲ့ အင်္ဂါနေ့ ( ဂျွန်လ ၁၉) ရက်နေ့မှာ လွတ်လပ်တဲ့အာရှအသံရဲ့ ညပိုင်းအစီအစဉ်မှာ၊ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင် နဲ့ “ချက်ချင်းညှာ”  အစ္စလာမစ်ခွဲထွက်ရေး သမားတွေကြားမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အကြောင်းတင်ပြဆွေးနွေးမယ်။
       ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ ၊ တိုင်းပြည်တခုရဲ့ စီးပွားရေးမော်ဒယ်ကို ဘယ်လိုတည်ဆောက်မလဲ။ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေ နဲ့ အစိုးရကြားမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်သလဲ ဆိုတဲ့အချက်တွေကို တင်ပြထားပါတယ်။  
 “ကလေးတွေရဲ့ ပိန်လှီဆင်းရဲလွန်းလှတဲ့ ဝမ်းဗိုက်သားတွေနဲ့ သူရဲ့ အစာအိမ်အတွင်းမှာ ဆာလောင်မွတ်သိပ်မှုတွေနဲ့ တောက်လောင်နေတဲ့ လူတယောက်ကို မင်းက ဘယ်လိုသွားပြီး  ခြိမ်းခြောက်နိုင်မလဲ။ ကြောက်ရွံမှုထက်ကျော်တဲ့ ခံစားချက်တွေကို တခြားလူတွေထက် ပိုသိနေတဲ့ သူတို့ကို ခြိမ်းခြောက် ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”
သောတရှင်များခင်ဗျား
၁၉၂၉ အောက်တိုဘာ (၂၉) ရက်နေ့ကို ကံဆိုးမိုးမှောင်ကျတဲ့ အင်္ဂါနေ့အဖြစ် လူသိများခဲ့ပါတယ်။ စတော့ရှယ်ယာ ဈေးကွက်တွေ ပြိုကျခဲ့သလို၊ အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၂၅ ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမ္မတ ဖရန်ကလင် ရုဒ်စဘက် ဟာ    “သက်သာချောင်ချိရေး၊ ပြန်လည်နလံထရေး နဲ့ စီးပွားရေး ပြန်လည်ပြင်ဆင်မှုတွေဖြစ်တဲ့ 3 R ပေါ်လစီ ( Relief, Recovery, Reform) ကြေငြာခဲ့ပါတယ်။ ရုဒ်စဘက်ရဲ့ ကြွေးကြော်သံ (၃) ခုကို New Deal မူဝါဒအဖြစ်လူသိများခဲ့ပြီး ၊ ဖက်ဒရယ်အစိုးရ အေဂျင်စီ က ပြန်လည်အခြေချနေထိုင်နိုင်လို့ ရမဲ့ စီမံကိန်းတွေ နဲ့ ကူညီပေးမယ် လို့ ဆိုတယ်။
ဒါပေမဲ့ ဖက်ဒရယ်အစိုးရမှာ လုံလောက်တဲ့ငွေကြေး ၊ နေရာ နဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ရှိမနေခဲ့ဘူး။
                 “ကော်ပိုရေးရှင်းကြီးတွေဟာ အလုပ်သမားတွေအပေါ်ခေါင်းပုံဖြတ်လွန်းတယ်” ဆိုတဲ့ စွပ်စွဲချက် တွေနဲ့အတူ၊ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းဖို့ကြိုးစားလာကြတယ်။ အလုပ်သမားဆန္ဒပြပွဲတွေ ကို ဆင်နွဲခဲ့ကြတယ်။ စီးပွားရေးပျက်ကပ်တွေက နိုင်ငံရေးသမားတွေ ကို အုပ်စုခွဲပေးလိုက်တယ်။ အမေရိကန်အလုပ်သမားအဖွဲ့ချုပ် ( AFL- American Federation of Labor) ဟာ စက်မှုလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ ကွန်ဂယက် ( CIO- Congress of Industrial Organizations) နဲ့ ကွဲထွက် သွား ခဲ့ဘူးပါတယ်။
စီးပွားရေးပြန်လည်နလံထမှုအတွက် အစိုးရရဲ့ မူဝါဒတွေ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေရဲ့ ပြိုင်ဆိုင်မှု၊  အလုပ်သမား၊ လယ်သမား လူတန်းစားနဲ့ သာမန်ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကြားမှာ ဘယ်လိုအလျော့အတင်းလုပ်နိုင်မလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက် နိုင်မလဲ။ အစိုးရရဲ့ အခန်းကဏ္ဍ၊ လူတန်းစားအားလုံး မပူပင်မကြောင့်ကြ နေထိုင်နိုင်တဲ့ စီးပွားရေးမော်ဒယ်တခုကို ဘယ်လို တည်ဆောက်နိုင်မလဲ ဆိုတဲ့ မေးခွန်းတွေဟာ ခေတ်တိုင်းခေတ်တိုင်းမှာ အသက်မက အရေးကြီးတဲ့ အရာတွေဖြစ်လာခဲ့တယ်။
“ လစ်ဘရယ်ဒီမိုကရေစီ လို့ ပြောရင် လူတော်တော်များများက စီးပွားရေးလုပ်ကိုင်မှုအားလုံးကို ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေ လက်ထဲ ထိုးအပ်လိုက် တဲ့ မော်ဒယ် လိုလို ထင်နေကြတယ်။ တကယ်တော့ ၁၉၃၀ ကမ္ဘာ့စီးပွားရေးပျက်ကပ်ပြီးကတည်းက  အစိုးရဟာ စီးပွားရေးကဏ္ဍမှာ တက်ကြွစွာဝင်ရောက်ပူးပေါင်းဆောင်ရွက်ရမယ်။ ဝင်ရောက်စွက်ဖက်ရမယ် ဆိုတဲ့ ကိန်ဆီယံ မော်ဒယ် ( Keynesain Economics Model) ကို အသက်သွင်းခဲ့ကြတယ်။ အစိုးရဟာ ပြည်သူတရပ်လုံးရဲ့ စားဝတ်နေမှု လုံခြုံရေး ကိစ္စအဝဝကို အကာအကွယ် မပေးနိုင်ရင် ရှက်စရာကောင်းတာပေါ့ဗျာ”
 အစိုးရနဲ့ ပေါင်းပြီးလုပ်စားနေတဲ့ ခရိုနီတွေ ရဲ့ အခန်းကဏ္ဍ ကြီးထွားလာတာနဲ့ အတူ လဒ်ပေးလဒ်ယူ လုပ်ကိုင်ပေးမှုတွေ များလာတာကြောင့် နိုင်ငံရေးခေါင်းဆောင်တွေဟာ အကျင့်ပျက်ခြစားမှုတွေကို လွယ်လွယ်ကူကူ ကျူးလွန်လေ့ရှိကြပါတယ်။ လက်တင်အမေရိက၊ အရှေ့ဥရောပ နဲ့ အမေရိကန်ပြည်ထောင်စု ကိုယ်တိုင် အဲ့ဒီ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။
“ မက္ကဆီကို နိုင်ငံမှာ  ၁၉၉၂ ကာလတုံးက အခြေအနေတွေကို ကြည့်လိုက်မယ်ဆိုရင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေ နဲ့ အလုပ်သမားသမဂ္ဂတွေကြားမှာ တရားမျှတ တဲ့ စီးပွားရေးမော်ဒယ်တခုကို တည်ဆောက်ခဲ့ကြတယ်။ နိုင်ငံရဲ့ လျှပ်စစ်စွမ်းအား ထုတ်လုပ်မှု့ (၅၀) ရာခိုင်နှုန်းကို ပုဂ္ဂလိက စီးပွားရေးသမားတွေက လုပ်ပိုင်ခွင့်ရတယ်။ အလုပ်သမားသမဂ္ဂ တွေ ရဲ့ ဘဝတွေနဲ့ ဈေးနှုန်းအလျော့အတင်းကို လုပ်နိုင်ခဲ့သလို၊ အစိုးရကလည်း အလုပ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ ပြေလည်စေမဲ့ တံတားတခုကို ဖန်တီးပေးထားခဲ့တယ်။  ဒါပေမဲ့ သိတ်မကြာဘူး လက်ယာစွန်း နီယိုလစ်ဘရယ် သမ္မတ တက်လာတဲ့အခါမှာတော့ တိုင်းပြည်ရဲ့ရှိသမျှစွမ်းအင်တွေအားလုံးကို ပုဂ္ဂလိက လက်ထဲ ထိုးရောင်းဖို့ ကြံစည်လိုက်တယ်။ အလုပ်သမားသမဂ္ဂတွေကလည်း ဆန္ဒပြ ကန့်ကွက်ကြတယ်။ မက္ကစီကို အစိုးရက  အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေဟာ နိုင်ငံရေးသမားတချို့ရဲ့ အသုံးချမှုကို ခံနေရတယ်။ ကုမ္မဏီတချို့ ရဲ့ အကြံအစည်အတိုင်းလုပ်နေကြတယ် လို့ စွပ်စွဲတိုက်ခိုက် ဝါဒဖြန့်လာခဲ့တယ်။”
လက်ယာစွန်း မက္ကစီကို အစိုးရဟာ သူတို့ရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ အလုပ်သမားသမဂ္ဂတွေ အပေါ်မှာ အင်အားသုံး ဖြေရှင်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ “အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ နဲ့ အလုပ်သမားသမဂ္ဂတွေကြားမှာ နားလည်စွာတည်ဆောက်ထားတဲ့ စီးပွားရေးမော်ဒယ်” ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ အလုပ်သမားသမဂ္ဂတွေ နဲ့ အဆင်ပြေတဲ့ လျှပ်စစ်စွမ်းအင် ကုမ္မဏီကို ပိတ်ပစ်လိုက်တာကြောင့် ၂၀၀၉ ခုနှစ်မှာ အလုပ်သမား (၄) သောင်းခွဲ နီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မက္ကစီမြို့တော်ရဲ့ ပြည်သူ့ရင်ပြင်ဆီမှာ အလုပ်သမားခေါင်းဆောင်တွေအပါအဝင်၊ ထောင်ပေါင်းများစွာရှိတဲ့ ပြည်သူလူထုဟာ ပြည်သူလူထုရဲ့ နစ်နာမှုတွေ ကို မကြည့်ပဲ ကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးအမြတ်ကိုသာ ကြည့်ခဲ့တဲ့ မက္ကစီကို အစိုးရရဲ့ လုပ်ရပ်ကို  ကန့်ကွက် ဆန္ဒပြခဲ့ကြပါတော့တယ်။
သောတရှင်များခင်ဗျား
ကျနော်တို့ မြန်မာနိုင်ငံမှာလည်း အလုပ်သမားတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ နဲ့ စားဝတ်နေရေးမပြေလည်မှုတွေ၊ လယ်သမားတွေရဲ့ လယ်မြေသိမ်းပိုက်ခံရမှုတွေကို ဆက်တိုက်ကြားနေရပါတယ်။ မက္ကစီကို နိုင်ငံရဲ့ ၁၉၉၂ ကာလ စီးပွားရေးမော်ဒယ်ကို အတုယူရင်း  ပုဂ္ဂလိက လုပ်ငန်းရှင်များ နဲ့ အလုပ်သမားထု ကိုယ်စားလှယ်ကြားမှာ နားလည်မှုတည်ဆောက်နိုင်မဲ့ မူဝါဒတွေ ထားရှိနိုင်ဖို့အတွက် အစိုးရဟာ ပြည်သူ့ဘဝလုံခြုံရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဖို့လိုပါလိမ့်မယ်။
 “သက်သာချောင်ချိရေး၊ ပြန်လည်နလံထရေး နဲ့ စီးပွားရေးပြန်လည်ပြင်ဆင်မှုများ” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တာဝန်သိတဲ့ အစိုးရတရပ် ဖွဲ့စည်းဖို့လိုအပ်ပါလိမ့်မယ်။
သောတရှင်တို့လည်း ပြည်သူလူထုကို မိဘသဖွယ် သဘောထားတဲ့ အစိုးရတရပ်နဲ့ ဆုံဆည်းနိုင်ကြပါစေ။
 Aung Moe Win on Saturday,
June 16, 2012 at 1:19pm · 

နော်ဝေ နိုင်ငံ အော်စလိုမြို့တော် ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အား တခဲနက် ထောက်ခံကြိုဆိုကြတဲ့  ဂန္တ၀င်ပုံရိပ်များ


View all
Get your own


နော်ဝေးဘုရင်ကြီးနှင့် နော်ဝေး၀န်ကြီးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ညစာစားပွဲဖြင့် တည်းခင်းဧည့်ခံနေစဉ် 

ဒေါ်စုအား နော်ဝေးဘုရင်၏ ညစာစားပွဲ မှမြင်ကွင်း from kotunwai on Vimeo.





ငြိမ်းချမ်းရေးချိုးဖြူငှက်ငယ် ရယ် အတောင်ဖြန့် လို့  ဝေဟင်မှာဝဲလို့  တေးသီကျူးနေတဲ့ 88ကျောင်းသားဟောင်း ကိုမွန်းအောင်

Ye Ni's photo.

လူထုခေါင်းဆောင် ဒေါ်စုအတွက် နော်ဝေး အောစလိုမြို့ မှ ယနေ့ ကြိုတင်ပြင်ဆင်မှုများ 16.6.2012

































ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာနိုင်ငံသားတွေတွေ့ ဆုံမဲ့  အောစလိုငြိမ်းချမ်းရေးစင်တာမှာ ပိုစတာကပ်ပြင်နေတာကိုအင်္ဂါနေ့ က တွေ့ ခဲ့ရတယ်။၁၆ ဂျွန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဓါတ်ပုံပြပွဲလုပ်မယ်။ ဒေါ်စုကိုယ်တိုင်မနက်၁၀နာရီမှာ ပြပွဲကိုဖွင့်ပေးမယ်လို့ 
သတင်းရတယ်။
ကိုညို (osclo)

နော်ဝေ နိုင်ငံ အော်စလိုမြို့တော် ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်နဲ့ချီတဲ့ ပြည်သူတွေကြိုဆိုခဲ့ကြ





ဆွစ်ဇာလန်နိုင်ငံကနေ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို ၁၅ ရက်နေ့က
ရောက်ရှိလာတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
လေဆိပ်မှာ နိုဘယ်လ်ဆု ကော်မတီဥက္ကဋ္ဌ Thorbjoern Jagland နဲ့အတူ နိုဘယ်လ်ဆု ကော်မတီက တာဝန်ရှိသူတွေ လာရောက် ကြိုဆိုခဲ့ကြပါတယ်။

နော်ဝေနိုင်ငံရောက် မြန်မာတွေ၊ တိုင်းရင်းသား လူမျိုးတွေသာမက၊ အိမ်နီးချင်း ဆွီဒင်နဲ့ ဒိန်းမိတ်နိုင်ငံတွေက မြန်မာနဲ့တိုင်းရင်းသားတွေ အပါအ၀င် နော်ဝေးပြည်သူတွေ စုစုပေါင်း နှစ်ထောင်ကျော်လောက်က
ဒေါ်အောင်ဆန်းစုကြည် တည်းခိုမယ့် မြို့လယ်က ဂရမ်ဟော်တယ်မှာ
စောင့်ပြီး ကြိုဆိုခဲ့ကြပါတယ်။

နော်ဝေ စံတော်ချိန် ညနေပိုင်းမှာ ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်
ဟာ သားအငယ် ကင်မ်နဲ့အတူ ရောက်လာခဲ့တယ်လို့ ကိုယ်တိုင် ပါဝင်ကြိုဆိုနေတဲ့ နော်ဝေးရောက် ကိုညိုက အခုလို ပြောပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်လာတဲ့အခါမှာ ရဲလုံခြုံရေး အမျိုးသမီးတွေရော အမျိုးသားတွေရော အဲဒီမှာ လမ်းတွေဘာတွေကို ရှင်းပေးပြီးတော့မှ ဟိုတယ်ကို တန်းပြီးတော့မှ ကားပေါ်ကနေ ဟိုတယ်ထဲကို ခေါ်သွားဖို့ လုပ်တာပေါ့လေ။ အဲဒီမှာ တိုင်းရင်းသား ကလေးလေးတွေက သူတို့ ရိုးရာ ၀တ်စုံလေးတွေနဲ့ ပန်းစီးလေးတွေကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်လာရင် ပန်းစီဆက်ဖို့ ပြင်ထားကြတာပေါ့။ ကားလာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ကလေးတွေ ကြိုတဲ့နေရာကို ချက်ခြင်းမသွားဘဲနဲ့ ဟိုး လမ်းဘေးတဖက်တချက်မှာ ရှိတဲ့ ရာနဲ့ချီတဲ့လူတွေ
အနားကို သူက လုံခြုံရေးတွေကို ဟိုဘက် ခဏသွားအုန်းမယ်ဆိုပြီး သွားလိုက်တာ လူတွေက အရမ်းဝမ်းသာသွားကြတာ၊ ပျော်ပြီးတော့ တခါထဲ အမေစု အမေစု ဆိုပြီးတော့ ၀ိုင်းပြီး နှုတ်ဆက်ကြတာပေါ့ဗျာ။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လူတွေအများကြီးကို တော်တော်လေး နှုတ်ဆက်ရှာတယ်ဗျာ။ လူအများကြီးကိုလေ။ သားအငယ်ကလည်း ပါတယ်ဗျာ။ ကင်မ် လေ။ သူကလည်း လိုက်ပြီး နှုတ်ဆက်တယ်။"

ဒေါ်အောင်ဆန်းစုကြည်တည်းခိုတဲ့ ဟိုတယ်တ၀ိုက် လုံခြုံရေးတွေကိုလည်း တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ကိုညိုက ပြောပါတယ်။

မနေ့ညက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ နော်ဝေ ၀န်ကြီးချုပ် တည်းခင်းဧည့်ခံတဲ့ ညစာစားပွဲကို နော်ဝေဘုရင်နဲ့ တော်ဝင်မိသားစု ကိုယ်တိုင် တက်ရောက်ခဲ့ကြ ပါတယ်။

မနက်ဖြန်မှာတော့ ၁၉၉၁ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု
ကို ရာစုနှစ် ၂၀ကျော်မှ ကိုယ်တိုင်လက်ခံယူမယ့် ဆုပေးပွဲ အခမ်းအနား
ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။


နော်ဝေးမှ လတ်တလော သတင်းများ

ကီးဒို တယ်လီဖုန်းဖြင့် ရိုက်ယူထားသော ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေလိုက်ပါသည် ။
ကျွန်တော့ ကင်မရာမှ မှတ်တမ်းများမှာ ရုပ်မြင်သံကြား အဖွဲ့ တခုမှ လိုအပ်သည့် အကွက်များဖြတ်ယူပြီး
 တမ္ဘာလုံးပြသရန် အကူညီတောင်းလို့ ပေးထားပါသည် ။
ပြန်ရလျှင် အမြန်ဆုံး တင်ပေးပါမည် ။

အရင်နှစ် က နိုဘယ်ဆုယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည် မိသားစု များကို တွေ့ ရစဉ်။

အမေစု နော်ဝေ ခရီးစဉ်


အမေစုကို ဥရောပရောက် မြန်မာပြည် မိသားစုများမှ နံက် ၁၂ နာရီ ဝန်းကျင်မှ စတင်ပြီး တိုင်းရင်းသားရိုးရာဝတ်စုံများ အိုးစည်ဒိုးပတ်ဝိုင်းဖြင့် ကြိုဆိုစောင့်ဆိုင်းနေကြပါသည် ။ ညနေ ၅ နာရီ ၂၅ မိနစ်တွင် လုံခြုံရေး ကားများ ဝန်းရံပြီ ဟော်တယ်သို့ ရောက်ရှိလာပါသည် ။
အမေစုသည် ကားပေါ်မှ ဆင်းသည်နှင့် လုံခြုံရေးများက ဟော်တယ်တွင်းသို့ ဝင်ရောက်ရန် လမ်းရှင်းပေးခဲ့သည်ကို
အမေစုမှ လာရောက်ကြိုဆို ဂါရဝပြုကြသော မြန်မာပြည်သားများကို လုံခြုံရေး အတားအဆီးများကြားမှ ဟော်တယ်ထဲသို့  မဝင်သေးဘဲ ကြိုဆိုနေသော မြန်မာပြည်မိသားစုများဆီသို့  တက်ကြွစွာဖြင့် တဦးချင်း လက်ဆွဲနှတ်ဆက်ပြီးမှ ဟော်တယ်အတွင်းသို့  ဝင်ရောက်သွားခဲ့ပါသည် ။ အမေစု၏ မောတ္တာ ဂရုဏာအပြည့်ပါသော လက်ဖြင့် နှတ်ဆက်သူအားလုံး ရင်ထဲမှာ မဖေါ်ပြနိုင်သော ခံစားမှုများဖြစ်ပေါ်လာပြီး မျက်ရည်များ ကျလာကြသည်ကို မြင်ရသူတိုင်းလည်း ထိုခံစားမှုမျိုး ဖြစ်ခဲ့ကြရပါသည် ။








 

by Htay Tint on Saturday,
June 16, 2012 at 4:09am ·

ကျောင်းသားထုအခွင့်အရေးချိုးဖောက် မှု ဆိုင်ရာ သဘောထားစစ်တမ်း




























ပညာတတ်ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ (ဘယ်လိုနာမည်တပ်ထားသလဲ မသိပါ) တွေက အခုလိုမျိုး တင်းကြပ်ချုပ်ချယ် ကန့်သတ်နေတာကိုက ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းဖို့ အရှိန်ပိုကောင်းလာစေပါတယ်။

တက္ကသိုလ် ကောလိပ်တွေမှာ တက်ရောက်ပညာသင်ကြားသူတွေဟာ လူငယ်တွေပဲ ဖြစ်ကြလို့ လူငယ်တို့ရဲ့ တစိုက်မတ်မတ် အားမာန် တက်ကြွမှုနဲ့ မျှော်လင့်ကြီးမားမှုကို လေးလေးစားစား အသိအမှတ်ပြုပြီး ဆက်ဆံရမှာ ဖြစ်ပါတယ်။

ပညာတတ်ပုဂ္ဂိုလ်ကြီးများ ဒီအချက်ကို အလေးအနက် ထားနိုင်ရင် ပြဿနာတွေ မရှိသလောက်ကို ဖြစ်အောင် စီမံ အုပ်ချုပ် ထိန်းကျောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ အစိုးရကလည်း ဒီအချက်ကို သဘောပေါက်ထားသင့်ပါတယ်။

ခေတ်စနစ်နဲ့အညီ တိုင်းပြည်က လိုက်လျောညီထွေစွာ ပြောင်းလဲလာတာကို ခွင့်ပြုရပါမယ်။ ပြောင်းလဲမှုကို ဟန့်တားပိတ်ဆို့ရင် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်မှာ မဟုတ်ပါဘူး။ သိပ်မခက်ခဲတဲ့ ကိစ္စတွေကို ရေးကြီးခွင်ကျယ် မလုပ်စေချင်ပါ။ 

lwin aung soe

ရိုဟင်ဂျာတွေ အကြမ်းဖက်လာပြီဖြစ်လို့ မြန်မာတွေဘက်ကလည်း တဦးချင်းကအစ ပြင်ဆင်ကြစို့





ရိုဟင်ဂျာတွေ အကြမ်းဖက်လာပြီဖြစ်လို့ မြန်မာတွေဘက်ကလည်း တဦးချင်းကအစ ပြင်ဆင်ကြစို့

နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာကို ထိပါးပြီး နိုင်ငံသစ် တည်ထောင်ဖို့ထိ အန္တိမပန်းတိုင် ရည်မှန်းထားတဲ့ ပြည်ပ ကျူးကျော်သူတွေတွေဟာ အနုနည်းရော အကြမ်းနည်းရော နည်းပေါင်းစုံသုံးပြီး တဆင့်ပြီးတဆင့် အတင့်ရဲရဲ လုပ်ဆောင်လာရာမှာ သေချာပေါက် ရှိပါတယ်။

လက်တွေ့ ဖြစ်ပျက်နေတာတခု ရှိပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံ အနောက်ဖက်၊ ဘင်္ဂလားဒက်ရှ်နိုင်ငံ ပိုင်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ အခြေစိုက်ရင်း ရခိုင်ပြည်နယ်ကို အကြမ်းဖက် တိုက်ခိုက်ဖို့ ပြင်ဆင်လာနေတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဘင်္ဂလာဒက်ရှ်နိုင်ငံထုတ် မီဒီယာ တခုမှာ ဖော်ပြထားပါတယ်။ ဝံသာနု Website က အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုထားတာကို ဖတ်ကြည့်ကြပါ။

Bengali Rohingya has been planning the Violent Riots in Rakhine State since last six months

Mujahideens of Rohingya Solidarity Organization(RSO). RSO is now listed as one of terrorist groups under Al Qaeda.(photos taken by RSO)

Cox's Bazar refugee camp

ကျနော်တို့ မြန်မာတွေ ညံ့ရင် ခံရမှာပဲ။

ကျနော်တို့ မြန်မာတွေဟာ ---
  1. နိုင်ငံချစ်စိတ် ရှိကြရပါမယ်၊
  2. အမျိုးသားစိတ်ဓါတ် ရှိကြရပါမယ်၊
  3. ဘာသာရေး သွေးခွဲတာ၊ လူမျိုးရေး သွေးခွဲတာ၊ လူတန်းစား သွေးခွဲတာ၊ အဖွဲ့အစည်းအတွင်း ဂိုဏ်းဂဏ သီးခြားဖွဲ့စည်းထားတွေကို ရှောင်ကြဉ်ပြီး စည်းလုံး ညီညွတ်ကြရပါမယ်၊
  4. အမျက်ဒေါသကို ထိန်းချုပ်ရင်း ဆင်ခြင်တုံတရားထားပြီး အမြော်အမြင် ရှိကြရပါမယ်၊
  5. မိမိတို့အလုပ်တွေအပေါ်မှာ ကျွမ်းကျင်လိမ္မာ ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ကြရပါမယ်၊ နိုင်ငံတကာနဲ့ ဆက်စပ်လာနေတာကြောင့် ပိုမို တိုးတက်လာအောင် အရည်အချင်း မြှင့်တင်ကြရပါတော့မယ်။
  6. လိုအပ်ရင် မိမိတို့ရဲ့ အကျင့်စာရိတ္တနဲ့ စိတ်ဓါတ် (ဆန္ဒ + အပြုအမူ) ကို ပိုမိုကောင်းမွန် သင့်လျော်စွာ ပြုပြင် ကျင့်ကြံနေတတ်ရပါမယ်၊
  7. ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက် ကူညီပေးကြရပါမယ်၊
  8. တနိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိအောင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရပါမယ်၊
  9. ဒီမိုကရေစီ ဖြစ်ထွန်းရေးကို မျှော်မှန်းထားကြတဲ့ လက်ရှိ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုတွေကို တသွေမတိမ်း ခံယူနိုင်ရပါမယ်၊
  10. လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းတွေကို လက်ရှိ ခေတ်စနစ်နဲ့အညီ အသင့်တော်ဆုံးဖြစ်အောင် ပြုပြင် ကျင့်သုံးနိုင်ရပါမယ်၊  
  11. တရားဥပဒေ စိုးမိုးမှုကို အားလုံးက ခံယူကြရပါမယ်၊ (Rule of Law ဟာ လူတိုင်းက တရားဥပဒေကို လေးစား လိုက်နာကြရတာ၊ တရားဥပဒေနဲ့အညီ စီမံအုပ်ချုပ် စီရင်တာကို ဖြစ်ပါတယ်။)
ဒါဆို ကျနော်တို့ဟာ ပြည်ပကျူးကျော်သူတွေအပေါ် အောင်ပွဲဆင်နိုင်ပါမယ်။
ပြည်ပခိုးဝင်သူမှန်သမျှကို တားဆီး ထိန်းချုပ်နိုင်ပါမယ်။
မြန်မာနိုင်ငံဟာလည်း နိုင်ငံတခုရဲ့ အခြေခံ ဝိသေသ လက္ခဏာကောင်းတွေနဲ့အညီ တည်ငြိမ် အေးချမ်းစွာ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၁၅-၆-၂ဝ၁၂
...................
on Friday,
June 15, 2012 at 1:47pm ·

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခန်းအနား


အမေစု အော်စလို ရောက်ပြီ **

ဇွန် ၁၅ ရက် - ဒေါ်အောင်ဆန်းစုကြည် က နော်ဝေနိုင်ငံ အော်စလိုလေဆိပ်ကို ရောက်ရှိသွားပြီး နော်ဝေနိုဘယ်ကော်မတီ ဥက္ကဌ Thorbjoem Jagland (ယာ) နဲ့ ဒေသဆိုင်ရာ အစိုးရလူကြီးများ လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အော်စလိုမှာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခန်းအနားကို ဇွန်လ ၁၆ ရက်နေ့ စနေနေ့ည စကာင်္ပူအချိန် (၇) နာရီအချိန်တွင် အောက်ပါ လင့်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
http://www.nobelprize.org/
မြန်မာစံတော်ချိန် 5နာရီခွဲတွင် တိုက်ရိုက်ကြည့်နိုင်ပါပြီ။
Myitkyina Online


အမေ့ကို အားပေးကြရအောင်... from kotunwai on Vimeo.


ဒေါ်စု ဂျနီဗာ ရောက်ရှိ from kotunwai on Vimeo.

ရခိုင်ပြည်တွင်း အစွန်းရောက်အကြမ်းဖက် ရိုဟင်ဂျာခေါ်ဘင်ဂါလီလူမျိုးခြားများ ၏ မြန်မာ ရခိုင်လူမျိုး များအပေါ် လူမျိုးတုန်းတိုက်ခိုက်ခြင်းများအပေါ် ယူကေမှ အဖွဲ့အစည်းအသီးသီးမှ သဘောထားထုတ်ပြန်ချက်

 

ရခိုင်ပြည်တွင်း အစွန်းရောက်အကြမ်းဖက် ရိုဟင်ဂျာခေါ်ဘင်ဂါလီလူမျိုးခြားများ ၏ မြန်မာ ရခိုင်လူမျိုး များအပေါ် လူမျိုးတုန်းတိုက်ခိုက်ခြင်းများအပေါ် ယူကေမှ အဖွဲ့အစည်းအသီးသီးမှ သဘောထားထုတ်ပြန်ချက်

၁၃ ဂျွန် ၂၀၁၂

ကျွန်ုပ်တို့ အဖွဲ့များအနေဖြင့်နိုင်ငံတကာမိသားစုများအားရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များ၏ရက်ရက်စက်စက်အကြမ်းဖက်
သတ်ဖြတ်ခြင်းလုယက်ခြင်း၊ရွာမီးရှို့ခြင်းများနှင့်ဗုဒ္ဓဘာသာ မြန်မာ ရခိုင်လူမျိုးများအပေါ်ကျူးလွန်သောပြစ်မှူများအားပြင်းထန်စွာရှုံ့
ချလိုက်သည်။ ထိုရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များသည်ဘင်္ဂလားဒေရှ့်မှလာသောတရားမဝင်ဘင်္ဂလီလူမျိုးများသာဖြစ်သည်။ ထိုရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များသည်ထောင်ပေါင်းများစွာသောဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများနှင့်မြန်မာလူမျိုးများကို
သတ်ဖြတ်ခဲ့သည်။ ယနေ့မြန်မာပြည်အနောက်ပိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်လျှက်ရှိသောမောင်းတောမြို့နယ်သည်ဘင်္ဂလီမူဆလင်များ ၉၈ ရာခိုင်းနုန်းအထိဝင်ရောက်တည်ရှိနေသည့်ဒေသဖြစ်သည်။ဇွန်လ၈ရက်၂၀၁၂ခုနှစ်တွင်ထိုရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များသည်ငြိမ်းချမ်းစွာနေထိုင်လျှက်ရှိသောဗုဒ္ဓဘာသာမြန်မာရခိုင်လူမျိုးများလူနည်းစုကိုမောင်းတောမြို့နယ်၌မီးရှို့သတ်ဖြတ်လျှက်ရှိသည်။ထို့အပြင်ဗုဒ္ဓဘာသာရွာများကိုမီးရှို့ခြင်း၊ဗုဒ္ဓဘာသာအိမ်များကိုဖျက်စီးခြင်းနှင့်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကိုဖျက်စီးလျှက်ရှိသည်။သို့ပါ၍ထိုရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များ၏တိုက်ခိုက်ခြင်းရန်မှဗုဒ္ဓဘာသာဝင်မြန်မာရခိုင်လူမျိုးများမှာထွက်ပြေးတိမ်းရှောင်နေရလျှက်ရှိသည်။ရရှိသောသတင်းများအရဗုဒ္ဓဘာသာဝင်ရခိုင်ရွာပေါင်း(၂၀)ကျော်ကိုပြာပုံအတိဖြစ်အောင်ထိုရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များကမီးရှို့ဖျက်ဆီးပြီးဖြစ်သည့်အပြင်၎င်းရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များကဗုဒ္ဓဘာသာရခိုင်နှင့်မြန်မာလူမျိုးတိုင်းကိုရှာဖွေပြီးသတ်ဖြတ်လျှက်ရှိသည်။နောက်ဆုံးရသတင်းများအရဗုဒ္ဓဘာသာရခိုင်နှင့်မြန်မာလူမျိုးများဒါဇင်ပေါင်းမြောက်များစွာအသတ်ခံရပီးထောင်ပေါင်းများစွာ ထွက်ပြေးတိမ်း ရှောင်နေရပါသည်။ ကျွန်ုပ်တို့အနေဖြင့်ဤကဲ့သို့သော ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီမူဆလင် များ၏ အကြမ်းဖက်လုပ်ရပ်များကိုပြင်းပြင်းထန်ထန်ရှုံ့ချလိုက်သည်။

ကျွန်ုပ်တို့အနေဖြင့်သမတ္တဦးသိန်းစိန်ဦးဆောင်သောအစိုးရအားပြတ်သားသောအရေးယူဆောင်ရွတ်မူကိုပြုလုပ်ပြီးကျွန်ုပ်တို့မြန်မာဗုဒ္ဓဘာသာရခိုင်လူမျိုးများ၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးရန်တောင်းဆိုလိုက်သည်။ကျွန်ုပ်တို့အနေဖြင်မြန်မာအစိုးရအားပြတ်သားသောမှန်ကန်သောခြေလှမ်းကိုမြန်မြန်ပြတ်ပြတ်သားသားချပြီးရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များတရားမဝင်မြန်မာပြည်သို့လာရောက်ပြီးကျူးကျော်တိုက်ခိုက်ခြင်း၊လူမျိုးတုန်းတိုက်ခိုက်ခြင်း၊အကြမ်းဖက်ခြင်းစသည့်လုပ်ရပ်များကိုအလျှင်အမြန်တားဆီးကာကွယ်ပါရန်တောင်းဆိုလိုက်သည်။ကျွန်ုပ်တို့ အနေဖြင့်ရွေးချယ်ခံထားရသောလွှတ်တော်အမတ်များအားလုံးတို့အားမြန်မာနိုင်ငံအတွင်းတရားမဝင်ရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များမတရားသဖြင့်ဝင်ရောက်ကာမြန်မာနိုင်ငံသားအဖြစ်မတရားတောင်းဆိုခြင်းများကိုကာကွယ်ရန်အတွက်လုပ်ဆောင်ကြပါရန်အထူးတိုက်တွန်းနိုးဆော်လိုက်သည်။ကျွန်ုပ်တို့အနေဖြင့်မြန်မာအရေးလှုပ်ရှားနေကြသောဒီမိုကရေစီအဖွဲ့အစည်းများ၊တိုင်းရင်းသားအဖွဲ့အစည်းများအားဤအကြမ်းဖက်ရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များ၏လုပ်ရပ် များအားပြင်းထန်စွာရှုံ့ချကြရန်တောင်းဆိုလိုက်သည်။ကျွန်ုပ်တို့အနေဖြင့်မြန်မာပြည်ပမီဒီယာများအားယခုရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်အကြမ်းဖက်သမားများအားမြောက်ထိုးပင့်ကော်ပစားပေးခြင်းနှင့်တကွ၎င်းတို့ဘက်မှဘက်လိုက်ပြောဆိုနေသည်များအားရပ်တန့်ပါရန်နိုးဆော်တိုက်တွန်းလိုက်သည်။ကျွန်ုပ်တို့အနေဖြင့်နိုင်ငံတကာမီဒီယာတို့ကိုလည်းရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်အစွန်းရောက်အကြမ်းဖက်သမားများကိုထောက်ခံရေးသားပြောဆိုခြင်းများကိုရပ်တန့်ပါရန်တောင်းဆိုလိုက်သည်။ကျွန်ုပ်တို့အနေဖြင့်နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်းထိုရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်အစွန်းရောက်အကြမ်းဖက်သမားများကိုထောက်ခံရေးသားပြောဆို ခြင်းများကိုရပ်တန့်ပါရန်တောင်းဆိုလိုက်သည်။ကျွန်ုပ်တို့အနေဖြင့်ထိုရိုဟင်ဂျာဟုဆိုနေသူများအားနိုင်ငံတကာမိသားစုများအနေဖြင့်၎င်းတို့သည်မြန်မာပြည်၏တိုင်းရင်းသားတစ်စိတ်တစ်ပိုင်းအဖြစ်ပြောဆိုနေခြင်းများအားရပ်တန့်ပါရန်တိုက်တွန်းနိုးတောင်းဆိုလိုက်သည်။ကျွန်ုပ်တို့အနေဖြင့်ယခုရိုဟင်ဂျာဟုခေါ်သောကိစ္စသည်မြန်မာနိုင်ငံ၏လူ့အခွင့်အရေးကိစ္စမဟုတ်ဘဲနဲ့တရားမဝင်ကျုးကျော်ဝင်ရောက်လာသောဘင်္ဂလီမူဆလင်များ၏မတရားလုပ်ရပ်သာဖြစ်သည့် အကြောင်းသိစေအပ်သည်။

ကျွန်ုပ်တို့ အနေဖြင့်ရဲရင့်သောဆုံးဖြတ်ချက်ကိုပြတ်ပြတ်သားသားချခဲ့သော(၈၈)မျိုးဆက်ကျောင်းသားများ၏ ရိုဟင်ဂျာ အမည်
ခံဘင်္ဂလီမူဆလင်များမှာမြန်မာနိုင်ငံသားမဟုတ်၊မြန်မာပြည်၌ပေါက်ဖွားခဲ့သူများမဟုတ်၊မြန်မာမဟုတ်ဟုပြတ်သားရဲရင့်စွာပြောဆို ခဲ့ခြင်းကိုလှိုက်လှဲဝမ်းမြောက်စွာကြိုဆိုလိုက်သည်။

ကျွန်ုပ်တို့ အနေဖြင့်၈၈ကျောင်းသားခေါင်းဆောင်များ၏

“ရိုဟင်ဂျာပြဿနာမှာဒီမိုကရေစီအင်အားစုတွေအားလုံးကအမျိုးသားရေးပြဿနာအဖြစ်သတ်မှတ်ပြီးမြန်မာ့တပ်မတော်နှင့်လက်တွဲဖြေရှင်းသွားမယ်ဟုပြောခြင်းကိုလှိုက်လှဲဝမ်းမြောက်စွာကြိုဆိုလိုက်သည်။”

ကျွန်ုပ်တို့ အနေဖြင့်၈၈ကျောင်းသားခေါင်းဆောင်များ၏

"ရိုဟင်ဂျာပြဿနာမှာကျွန်တော်တို့နိုင်ငံမှာအမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေတဲ့အချိန်မှာတက်နိုင်သမျှသည်းခံ
ဆောင်ရွက်နေတဲ့ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့်ယခုရိုဟင်ဂျာကိစ္စကို အခုအပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်းတောကိစ္စတွေမှာ နိုင်ငံတကာနိုင်ငံကြီးတွေက မြန်မာနိုင်ငံကိစ္စကို အပြည်အစုံနားမလည်ဘဲ ၀င်ရောက်ပတ်သက်စွက်ဖက်နေတာကို လုံးဝလက်မခံပါဘူး။ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာကိုထိပါးတယ်လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ နိုင်ငံတကာနှင့် မျက်နှာမပျက်အောင်ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှုနှင့် ကိုယ်ခြင်းစာလိုက်လျောမှုကို နိုင်ငံကြီးတွေက ဖိအားပေးလာရင် ကျွန်တော်တို့ လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးပြဿနာအဖြစ်သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်” ဟု ပြောသွားခြင်းကိုလှိုက်လှဲဝမ်းမြောက်စွာကြိုဆိုလိုက်သည်။

ကျွန်ုပ်တို့ အနေဖြင့်၈၈ကျောင်းသားခေါင်းဆောင်များ၏

“အခု ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာ မဟုတ်ဘူး။ ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင် ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသားလုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာသူတို့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ကာလရှည်ကြာစွာ ကျွန်တော်တို့ သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာ ပြဿနာပါ။ ၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားနေတဲ့အခါမှာ အတက်နိုင်ဆုံး အငြင်းပွားစရာ ကိစ္စတွေ၊ မပြောမဖြစ်တဲ့ကိစ္စတွေကလွဲပြီး တော်တော်များများကို သည်းခံပြီး ရှောင်ရှားနေခဲ့ပါတယ်။ အခုနေမှာတော့ ရိုဟင်ဂျာနဲ့ပတ်သတ်ပြီး အတိအလင်းပြော ပါမယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့ တိုင်းရင်းသားမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်တောကိစ္စသည် နယ်စပ်ကနေ တရားမ၀င် ဖြတ်ကျော်လာတဲ့ ၀င်ရောက်လာတဲ့ ရိုဟင်ဂျာများနဲ့ ပြည်ပသွေးထိုးလှုံဆော်မှုတွေပါ ပါနေတယ်လို့မြင်တယ်။ နိုင်ငံတကာ နိုင်ငံကြီးတွေအနေနဲ့လည်းဘဲ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေ ပြဿနာကို ကောင်းစွာနားလည်း သိကျွမ်းခြင်းမရှိဘဲနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီးတော့ ပြောဆိုနေကြတာတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်တယ်လို့ဘဲ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ ” ဟု ပြောသွားခဲ့ခြင်းကိုလှိုက်လှဲဝမ်းမြောက်စွာကြိုဆိုလိုက်သည်။

ကျွန်ုပ်တို့အနေဖြင့်ကမ္ဘာခေါင်းဆောင်များ၊နိုင်ငံတကာမီဒီယာများနှင့်အမှန်တရားကိုမြတ်နိုးသောသူများအားလုံးအားဤဗုဒ္ဓဘာ
သာရခိုင်နှင့်ဗမာလူမျိုးများအပေါ်အမျိုးတုန်းတိုက်ခိုက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ရွာမီးရှို့ခြင်း၊ ပစ္စည်းလုယက်ခြင်း၊ မြေလုယက်ခြင်းတို့အားကျုးလွန်သောထိုရိုဟင်ဂျာအမည်ခံဘင်္ဂလီလူမျိုးများအားရှုံ့ချပါရန်တိုက်တွန်းနိုးဆော်အပ်သည်။ကျွန်ုပ်တို့အနေဖြင့်ထိုကဲ့သိုရိုဟင်ဂျာအမည်ခံဘင်္ဂလီမူဆလင်များ၏ လူမျိုးတုန်းတိုက်ခိုက်ခြင်း၊ မတရားကျူးကျော်စော်ကားသော
လုပ်ရပ်များအားလုံးကိုပြင်းထန်စွာရှုံ့ချလိုက်ကြောင်းကမ္ဘာကသိစေအပ်ပါသည်။ကျွန်ုပ်တို့အနေဖြင့်အစွန်းရောက်အကြမ်းဖက်ရိုဟင်ဂျာခေါ်ဘင်ဂါလီလူမျိုးခြားများ၏လုပ်ရပ်ကိုရှုပ်ချလိုက်ပြီးမြန်မာနိုင်ငံသားအားလုံးကအမျိုးသားရေးအသွင်ဖြင့် ရင်ဆိုင်ကြရန် တောင်းဆိုလိုက်သည်။
Statement by UK Organizations with regards to the ethnic cleansing of Burmese and Arakanese (Rakhine) by the extreme terrorist Rohingya Bengali aliens

13 June 2012

We the signators below condemn the burtal violent killings, lootings and burning of villages of Buddhist Burmese and Arakanese (Rakhine) by the so-call Rohhingya Bengali Muslims. These so-called Rohingyas are illegal Bengalis who entered from Bangladesh. These so-called Rohingyas have killed Buddhist Rakhine (Arakanese), and Burmese.

Maungdaw Township, located in western Burma, borders Bangladesh is now occupied by 98 percent Bengali Muslims. On June 8th, 2012, the so-called Rohingya Muslim Bengalis torched and killed Buddhist Rakhine (Arakanese), and Burmese minorities, who were living peacefully in Maungdaw Township. Also Buddhist villages were burned, Buddhist households were plundered and Buddhist monasteries were destroyed. There Buddhist Burmese and Arakanese (Rakhines) are having to hide to escape the attacks by the so-called Rohingyas.

According to the reports reveived not only were there over (20) villages burned to ashes by the so-called Rohingyas Bengali Muslims, but they also searched and killed Buddhist Rakhines (Arakanese) and Burmese. According to the latest news, dozens of Buddhist Rakhaings (Arakanese) and Burmese have been killed and thousands have fled.

We strongly condemn the brutal actacks made by the so-called Rohingya. We demand President U Thein Sein to protect the lives and belongings of the Buddhist Burmese and Arakanese (Rakhines), in a decisive manner. We demand the government of Burma to take a clear and decisive path to the prevention of unlawful entry, ethnic cleansing, and violent acts perpetrated by the so-called Rohingya Bengali Muslims. We encourage all elected parliamentary members to oppose the unlawful demands for Burmese citizenship made by the so-called Rohingyas who have entered illegally. We appeal to Burmese democratic organizations, and ethnic groups, to vehemently condemn the actions committed by the so-called Rohingya terrorists.

We seek to persuade the Burmese media abroad to stop their bias reports in support of, and praise of, the so-called Rohingyas. We demand, and request, that the international media stop reports which are only in support of the so-called Rohingyas. We request the international community stop their support of the so-called Rohingya extremist terrorists. We demand the so-called Rohingya to refrain from claiming to the world that they are a Burmese ethnic group. Let it be known the Rohingya issue is not a Human Rights violation in Burma but an unlawful trespass by Bengali Muslims.

We, the undersigned, heartily welcome the clear and decisive statements made below by leaders of the 88 Generation Students with regard to the so-called Rohingyas; We support the following comment made by 88 Generation Students;

“We warmly welcome working hand-in-hand together with all democratic forces, and the military of Burma, to solve the Rohingya issue as a national crisis.”

We support the following comment made by 88 Generation Students;

“During our National Reconcilation period in our country, we have been patiently avoiding the Rohingya issue. But to make it clear, regarding this Rohingya matter, that Rohingyas are absolutely not a nationality of Burma. We absolutely do not accept the interfering intrusion by the international community into the Maungdaw–Buthidaung incident without their full understanding of the domestic affairs of Burma; we consider it to be a violation to the sovereignty of our country. We will not agree to, nor comply with, nor accept them as destitute refugees, nor placate and appease the pressures of the international community. If the pressures persist we, and the democratic forces, will work hand-in-hand with the Myanmar military to resolve this as our National Affair issue.”

We support the following comment made by 88 Generation Students;

“The incident we have now is not an issue between Burmese Muslim and Buddhists. It is insidious to characterize this as an issue of race or religion. The suffering of Rakhine (Arakanese) ethnics for many years must be deeply considered. We have endured this Rohingya issue for a long time. While working hard during the time of the National Reconciliation Period, we, the 88 Generation Students, have with the utmost patience avoided many arguable matters, unless they were unavoidable. Now let's be clear about the Rohingya. Rohingyas are not a nationality of Burma. We consider the Maungdaw-Buthidaung incident to be a matter of Rohingyas crossing the border illegally encouraged by foreign players. We consider the involvement of the international community regarding Rohingya matters, without the full knowledge and understanding of Burmese nationals, to be directly damaging to our country.”

We appeal to the world leaders, and the international media who respects the truth, to join us in condemning the ethnic cleansing, burning of villages, looting of personal possessions--and land--of the Buddhist Rakhine (Arakanese), and the Burmese people, by the so-called Rohingyas.
We encourage all citizens of Burma to work together as a nation in combating the aggression of the extremist terrorist Rohingyas.

Participating organizations:

International Burmese Monks Organization (IBMO)
Burmese Christian Society in UK
Arakan League for Democracy –Exile (ALD-UK)
National League for Democracy (NLD-LA-UK)
88 New Generation Students (UK)
Oxford Burma Benefit Fund
Shan Progressive Society
Chin Democratic Community
Burmese Students in UK
Burma Democratic Concern (BDC)

###

ဘင်္ဂလာဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီး ရိုဟင်ဂျာ အရေး ဝန်ခံလိုက်ပြီ


မြန်မာအစိုးရမှမြန်မာနိုင်ငံရှိဘင်္ဂလာဒေ့ခ်ျသံအမတ်ကိုခေါ်ယူတွေဆုံပြီးပြောပြချက်ကိုလွတ်တော်တွင်ဘင်္ဂလာဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီးကအောက်ပါအတိုင်းရှင်းပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး Mrs, Dipu Moni ကိုယ်တိုင်လွတ်တော်တွင်
ရိုဟင်ဂျာအမည်ခံဘင်္ဂလီ စစ်သွေးကြွ အကြမ်းဖက် အဖွဲ့ကို Jamaat-e-Islam က လက်နက်များ တပ်ဆင်ပေးကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး ကိုယ်တိုင် ပြောကြားလိုက်ပါတယ်။ဘင်္ဂလီ ဘာသာရေး အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ Jamaat-e-Islam က ရိုဟင်ဂျာတွေကို လက်နက်တွေ တပ်ဆင်ပေးနေပြီး မြန်မာနိုင်ငံမှာ လူမျိုးရေးပဋိပက္ခနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်နေတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြာရေး ၀န်ကြီး ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။ဒီသတင်းကို ဘင်္ဂလားဒေ့ရှ် တိဗီသတင်းမှာအမြဲလွင့်နေပါတယ်
(ထိပ်တန်း သတင်းဌာနကြီးဖြစ်တဲ့ Bangla News 24 မှာ သတင်းဖော်ပြထားသည်)

(ရခိုင့်အမျိုးသားရေး နိုင်နိုင်)

အိုဘားမားအစိုးရက တရားမ၀င်နေထိုင်တဲ့ လူငယ်တွေကို နှင်ထုတ်ခြင်း ရပ်တော့မည်

** အိုဘားမားအစိုးရက တရားမ၀င်နေထိုင်တဲ့ လူငယ်တွေကို နှင်ထုတ်ခြင်း ရပ်တော့မည် **
အမေရိကန်နိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ အသက် ၁၆ နှစ် နဲ့ ၃၀ နှစ်ကြား လူငယ်တွေဟာ အမေရိကန်မှာ ငါးနှစ်ဆက်တိုက် နေထိုင်နေခဲ့ရင် အရင်လို တိုင်းပြည်ကနေ နှင်ထုတ်တော့မှာ မဟုတ်ဘဲ တရားဝင်နေထိုင်သွားနိုင်တော့မယ်လို့ အိုဘားမားအစိုးရက ပြောလိုက်ပါတယ်။ ဥပဒေအသစ်က ချက်ခြင်း သက်ဝင်အသုံးပြုမှာဖြစ်ပြီး ခန့်မှန်းခြေ လူပေါင်း ၈ သိန်းလောက် အကျုံးဝင်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ဓာတ်ပုံများ




































ဆွစ်ဇာလန် ဘန်းမြို့တော်က နှင်းဆီဥယျာဉ်မှာ ..










အော်စလိုကို ရောက်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ မြန်မာနိုင်ငံသားများ ..
 










နော်ဝေကို ရောက်လာမဲ့ ဒေါ်အောင်ဆန်းစုကြည် ကို စောင့်ကြိုနေတဲ့ မြန်မာနိုင်ငံသား တစ်ဦး ...










 






















"photo,s များကို 
Myitkyina Online မှ ကူးယူဖော်ပြအပ်ပါတယ်.....။