Monday, June 18, 2012

ဘိုနိုက သူ၏ ဂျက်လေယာဉ်ကို ဒေါ်အောင်ဆန်းစုကြည်အား လွှဲအပ်

Monday, June 18, 2012  

ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုတော် ဘိုနိုတို့ကို ယနေ့ နော်ဝေနိုင်ငံတွင် မြင်တွေ့ရပုံ ၊ ဓာတ်ပုံ- AFP

ကမ္ဘာကျော် U2 အဆိုတော် ဘိုနိုမှ သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ်အား ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ သို့ သွားရန်အတွက် လွှဲအပ်ပေးလိုက်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာ လူအခွင့်အရေးဆုပေးအပ်ပွဲနှင့် U2 အဖွဲ့အပါအဝင် ကမ္ဘာကျော် အဆိုတော် များ၊ သရုပ်ဆောင်များမှ ဂုဏ်ပြု တင်ဆက်မည့် Electric Burma အမည်ရှိ ဂီတပွဲတော် သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာလည်းဖြစ်ပါတယ်။ ယုံကြည်ချက် သံတမန် ဆုကိုလည်း အိုင်ယာလန် နိုင်ငံမှာ လက်ခံရယူမှာ လည်း ဖြစ်ပါတယ်။


ဂီတပွဲတော်အပြီး ဒပ်ဗလင်မြို့တော်ရှိ ဂုဏ်ပြု ရင်ပြင်တွင် အိုင်ယာလန်ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ စကားပြောကြားမှာလည်း ဖြစ်ပါတယ်။

ယနေ့ နံနက်ပိုင်းက နော်ဝေနိုင်ငံတွင် နှစ်စဉ်ကျင်းပသော Oslo Forum တွင် အိုင်းရစ် အဆိုတော် ဘိုနိုလည်း တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ ဒပ်ဗလင်မြို့သို့ သွားရောက်ရန်အတွက် သူ၏ ကိုယ်ပိုင် ဂျက်လေယာဉ် ကိုပေးအပ်ခဲ့ကြောင်း နော်ဝေနိုင်ငံရေး ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန်ပေးပါတယ်။

18 ရက်နေ့ မှာ အိုင်ယာလန်နိုင်ငံ Dublin မြို့ "Electic Burma" concert မှာ ဒေါ်စုအား ဂုဏ်ပြုတင်ဆက်မဲ့သီချင်း "Toast to Freedom"သီချင်းပါ






















 

 

 

 

 

 

 U2 နံမည်ကြီးအဆိုတော် BONO

"Toast to Freedom"

သီချင်းက Amnesty International ရဲ့ နှစ်၅၀မြောက်နေ့  အထိမ်းအမှတ်အဖြစ် မကြာသေးမီက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီး ကမ္ဘာအရပ်ရပ်က အနုပညာရှင်၅၀ ယောက် အတူတကွ ရေးဆိုဖန်တီးထားပါတယ်။
လာမဲ့ ဇွန်၁၈ ရက်နေ့ အိုင်ယာလန်နိုင်ငံ Dublin  မြို့ Bord Gais Enegy Theater မှာပြုလုပ်မယ့် Electic Burma Concert မှာ ဒီသီချင်းနဲ့ တက်ရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်..။
ဒေါ်စုအား Amnesty International ကချီးမြှင့်မယ့် လူ့ အခွင့်ရေးဆုကို အိုင်ယာလန်နိုင်ငံ Dublin  မြို့ Bord Gais Enegy Theater မှာပြုလုပ်မယ့် Electic Burma Concert မှာU2 မှ ကမ္ဘာကျော် ရော့ခ် ၊တေးဂီတအဆိုတော် BONO က ပေးအပ်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားခဲ့တဲ့ ကိုဇေယျာသော် ကိုU2 အဖွဲ့ မှ BONO က သီချင်းအတူဆိုဖို့ ဖိတ်ထားတယ်လို့ ကိုဇေယျာသော်ရဲ့ သူငယ်ချင်း ရန်ရန်ချမ်းရဲ့  face book မှာ ဖော်ပြရေးသားထားပါတယ်။
သီချင်းစာသားလေးကို ဖော်ပြပေးလိုက်ပါတယ်..။

VERSE 1
How delicious is the winning of her kiss
Bind her love eternal bliss
She's the greatest power in the universe Freedom

Her touch will feed your real hope
In the darkest of days and on the steepest slope
Let your good heart and kindless fill her temple Freedom

BRIDGE
Nobody's free until everybody,s free
We walk a long winding road, sail the raging seas
No prison cell, no censorship hell
Can claim our obedidence and love

CHORUS
Here's our toast to freedom
To human rights and dignity
Love, respet and forgiveness
United  in the dream for victory
Here,s to the battlefields for justice
Of the tortured, banished and enslaved
To the selfless spirit and commitment
To our brothers and sister in the grave

VERSE 2
She huarts when sovereigns and parliaments meet
To shackle more chains Liberty's feet
When the rulers cast the votes they can not spell Freedom

Her open eyes desire nothing but the turth
The soul of mankind, untainted youth
Yes - for this i will stand  up and fight Freedom

BRIDGE 2
Nobody free until everybody's free
We walk a hart road, sail the raging seas
No prison cell, no censorship hell
Can claim our obedience and love

CHORUS

SOLO

BRIDGE 3
Nobody's free until everybody,s free
Together we walk a heard road , said the raging seas 
No prison cell, no censorship hell
Can claim our obedience and love

BREAKDOWN
 Here's  our toast to freedom
To human rights and dignity
Love, respet and forgiveness
United  in the dream for victory

OUTRO (W/BACKGROUND VOCALS)

 Here's  our toast to freedom

To human rights and dignity
Love, respet and forgiveness
United  in the dream for victory..........

ဖယောင်းမီးအသွင် ပြောင်းပြီးပြင်

ဖယောင်းမီးအသွင် ပြောင်းပြီးပြင်

by Victor Tan on Monday, June 18, 2012 at 4:57am ·



ဖယောင်းမီးအသွင် ပြောင်းပြီးပြင်


ရုပ်နမ်နှစ်ဝ သင်္ခါရက
မည်သူမှဧကန် မလွန်ဆန်နိုင်ပါ…။

ဖေါက်ပြန်နေတဲ့လောကဓံကို
ဒေါကန်မနေပါနဲ့
သဘောအမှန်ကိုသိရင်
မနောကအကြံထုတ်
လောကမှာ မှန်ရာကိုလုပ်
လောဘ ဒေါသ မောဟအထုပ်ကို
ပါးနိုင်သမျှပါးအောင်လုပ်
မည်သူဟုတ်ဟုတ် မဟုတ်ဟုတ်
ကိုယ်က ဟုတ်အောင်လုပ်
အပုတ်ချနေမယ့်အစား
ကိုယ်က ဟုတ်အောင်လုပ်စား
ကိုယ်ကမှန်အောင်နေသွား
အနေလှမှ အသေလှပါမည်…။

နေ၀င်းဘယ်လိုသေသလဲဆိုတာကိုကြည့်
အသိတရား အမြဲလက်ကိုင်ထား…။

ဆရာလူထုစိန်ဝင်း
သေမင်းခေါ်ရာနောက်
တကောက်ကောက်လိုက်ပါသွားရပေမင့်
သူထားခဲ့တဲ့စာပေ သူပေးခြွေခဲ့တဲ့မိန့်ခွန်း
သူတွန်းပို့ပေးခဲ့တဲ့လမ်းကြောင်း
လူငယ်အပေါင်းကောင်းအောင်ပြခဲ့တဲ့သာဓကတွေ
စံပြအခြေမှာထားပြီး ၀မ်းနည်းနေမယ့်အစား
အားအင်အသွင်ဖြစ်အောင်ပွားကြပါ…။

ဖယောင်းတိုင်မီး ငြိမ်းသတ်ပြီး၍
အငွေ့ဖြူဖြူ တလူလူကို
ထပ်တူထိန်ညီး တတိုင်မီးဖြင့်
ကပ်ပြီးတဖုံ ညှိလိုက်ရုံနဲ့
တဟုန်ပြန်ပြီးတောက်အောင်ကြိုးစားရပါမည်…။

လူတွေဟာလည်းသေမျိုးမို့ မသေရိုးမရှိ
(နေ၀င်းလို)အသေဆိုးနဲ့မသေအောင်
အသေလှ အနေလှရပါမည်…။

ဆရာတင်မိုးရဲ့စကားအရ..
အလုပ်ခွင်မှာ အထုပ်ပြင်ရင်းစောင့်ဦးမည်..။

သေမင်းအဖော်၊ သူမခေါ်မီ ပျော်ပျော်နေရင်း၊
ငါ့ယာခင်းတွင် သီးကင်းဝေအောင် ပျိုးဦးမည်...တဲ့။

အသေလှအောင် လူဘောင်အကျိုး
သင်သယ်ပိုးလော့ ပျိုးခင်းဝေဆာ
တိုင်းပြည်သာလျှင် အသင်သေကျိုးနပ်ပေပြီ…။

ရေးဖေါ် လူထုဦးစိန်ဝင်း ကောင်းရာဘုံပေါ် စံပျော်နိုင်ပါစေသော်…။

တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၁၇ ၂၀၁၂)

ဆရာကြီး လူထုဦးစိန်ဝင်း ကွယ်လွန်




















ဆရာကြီး လူထုဦးစိန်ဝင်း ကွယ်လွန်သွားခြင်းအတွက်
facebook မြန်မာမိသားစုများရဲ့  ၀မ်းနဲမှုအမှတ်တရ...။

ဆရာကြီး ကောင်းရာသုဂတိရောက်ပါစေ...။
( facebook မြန်မာမိသားစုများ )

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ပါတီ အထိမ်းအမှတ် အခမ်းအနား ဂျပန်တွင်ပြုလုပ်





































































အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ပါတီ အထိမ်းအမှတ် အခမ်းအနားအား ဂျပန်နိုင်ငံအခြေစိုက်  မြန်မာ့ဒီမိုကရေစီကွန်ယက်( Network for Democracy in Burma-NDB)မှ တာဝန်ယှူု၍  မြန်မာ့အရေးကို အားပေးကူညီလျက်ရှိကြသော ဂျပန်အဖွဲ့အစည်းများနှင့် ပူးတွဲကာ ယနေ့ ၂၀၁၂ခုနှစ်၊ ဇွန်လ၊ ၁၇ ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ NAKANO SUN PLAZA တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခန်းအနားသို့ ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ လက်ရှိ အာဏာရပါတီဖြစ်သော မြန်မာ့ဒီမိုကရေစီရရှိရေးအတွက် အားပေးထောက်ခံနေသော ဒီမိုကရက်တစ်ပါတီမှ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂ၏ ဥက္ကဌဖြစ်သူ မစ္စတာ Mr.Azuma Konno၊ ဂျပန်နိုင်ငံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ လွှတ်တော်အမတ် Mrs. Mizuho Fukushima၊ လွှတ်တော်အမတ်များ ဖြစ်ကြသော
Mr.Naoto Sakaguchi၊ Mr. Shooichi Takahashi တို့နှင့်တကွ၊ Amnesty International Japan မှ ဂျပန်လူမျိုးဧည့်သည်တော်များ၊ People' Forum on Burmaမှ ဧည့်သည်တော်များ၊ Tokyo University (Todai)၊ Meiji University မှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြသော ဂျပန်လူမျိုး တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဂျပန်နိုင်ငံရှိ NGO အဖွဲ့အစည်းများမှ ဂျပန်လူမျိုးဧည့်သည်တော်များ၊ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရှိ တိုင်းရင်းသား အဖွဲ့အစည်းများမှ ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခန်းအနားသို့  မွေးနေ့ရှင်ဖြစ်သော နော်ဝေနိုင်ငံရောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ....
မွေးနေ့ပွဲအတွက် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း e mail messageကို ပေးပို့ခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ယခုကဲ့သို့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ဂျပန်နိုင်ငံတွင် ခန်းနားစွာ ကျင်းပခြင်းအတွက် ဝမ်းသာဂုဏ်ယူကြောင်း နှုတ်ခွန်းဆက် စကားကိုလည်း မြန်မာပြည်တွင်းမှနေ၍ တယ်လီဖုန်းဖြင့် ဆက်သွယ်လက်ခံရရှိခဲ့ပါသည်။

တက်ရောက်လာကြသော ဂျပန်လူမျိုးများနှင့် မြန်မာနိုင်ငံသားများ ချစ်ကြည်ရင်းနှီးစွာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ဂျပန်ရိုးရာ Kanpai ပြုလုပ်ကြပြီးနောက် တက်ရောက်လာကြသော ဂျပန် အဖွဲ့အစည်း အသီးသီးမှ ဂျပန်လူမျိုး ဧည့်သည်တော်များက ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာချမ်းသာပါစေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးလျက်ရှိကြောင်း ဆုတောင်းစကားများကို ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများမှလည်း မိမိတို့ တိုင်းရင်းသား လူမျိုးစုကိုယ်စား ဒေါ်အောင်ဆန်းစုကြည်အား မွေးနေ့ဆုတောင်းစကားများကို လှိုက်လှိုက်လှဲလှဲပြောကြားခဲ့ကြပါသည်။ 

ထို့နောက်တွင်မူ အခန်းအနားအစီအစဉ် အဆုံးသပ် ကျေးဇူးတင်စကားကို မွေးနေ့ပါတီ ကျင်းပရေး ကော်မတီကိုယ်စား ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးဇော်မင်းခိုင်မှ ပြောကြားပြီး၊ တက်ရောက်လာကြသော ဧည့်သည်တော်များအားလုံးက (
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ) ဟု တညီတညွတ်တည်း သံပြိုင်ဆုတောင်းကာ (၆၇) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပါတီ အခန်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
video  Zayyar20283
ဓါတ်ပုံ...Thar Htet (BCJP)

ပြန်ကြားရေး
မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)

အေးနန္ဒာအောင်
http://www.lanpyakye.com
http://nandarnihon.blogspot.com/
http://ayenandaraung-general.blogspot.com/
http://htwduwintinfoundation.blogspot.jp/2012/06/blog-post_4426.html 

နော်ဝေရောက် မြန်မာနိုင်ငံသားများကို ဒေါ်အောင်ဆန်းစုကြည် ပြောသော မိန့်ခွန်း

Sunday, June 17, 2012  

အိမ့်သံစဉ်  



နော်ဝေနိုင်ငံ Nobel ဆုပြန်လည်ပေးအပ်ပွဲသို့ တက်ရောက်သော အမေစုမှ နော်ဝေရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးပေါင်းစုံ (သီးသန့်) နှင့် Nobel Peace Senter တွေ့ဆုံပွဲ ၌ ပြောကြား သော ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာလို မိန့်ခွန်း။

အကြောင်းအမျိုးမျိုးကြောင့် မလာရောက်သူများ အားလုံးနားထောင်လို့ ရအောင် တင်ပေးလိုက်ပါတယ်။