Saturday, June 30, 2012
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှ ပြန်လည်ရောက်ရှိသော အွန်လိုင်းပေါ်မှပုံများ
အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီခွဲ အချိန်တွင် TG 303 ထိုင်းအဲယားဝေးလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူလူထုများမှ လေဆိပ် ဝဲယာ လမ်းမတလျှောက် လှိုက်လှဲစွာ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါသည်။ အလားတူပင် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ရှေ့တွင်လည်း ပြည်သူလူထုမှ လာရောက်စောင့်ဆိုင်း ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုအား ပြန်လည် နှုတ်ဆက်ခဲ့ပါသည်။
၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကဗျာဆရာတွေရဲ့ ငါတို့အိပ်မက်ကဗျာတွေ စာအုပ်ထွက်
မိုးမခစာအုပ်စင်၊ ဇွန် ၂၉ ၊ ၂၀၁၂ MoeMaKa Burmese News & Media
ရန်ကုန်မြို့တွင် အဆိုပါစာအုပ်ထွက်ပြီဟု ဆိုသည်။ ဖေ့စ်ဘွတ်ပေါ်တွင် အဆိုပါစာအုပ်၏ ကော်ပီဓာတ်ပုံများကို လက်ဆင့်ကမ်း မျှဝေထားသည်ကို တွေ့ရသည်။ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ၊ ကဗျာဆရာများ၊ မျိုးဆက်သစ် နိုးကြားသူများ စုစုပေါင်း ကဗျာဆရာ ၂၅ ဦး၏ ကဗျာများ ဖြစ်သည်။
မင်းကိုနိုင်က …
ကဗျာဆိုတာ
ရာသီသာချိန် တေးဆိုငှက်
ကိုယ်ရေးကြုံရင် ဓားတလက်
ကဗျာငှက်အား
ကဗျာသမားက
ကဗျာဓားနဲ့ မခုတ်ရက် … ဟု ရေးထားသည်။
June 29, 2012 at 12:50 pm | Categories: ဓာတ်ပုံသတင်း 
မိုးမခစာအုပ်စင်၊ ဇွန် ၂၉ ၊ ၂၀၁၂ MoeMaKa Burmese News & Media
မိုးမခမှ ကူးယူဖော်ပြပါတယ် ။
ခုနစ်ဇူလိုင်အကြွေး ဘယ်လိုပြန်ပေးဆပ်မလဲ
ခုနစ်ဇူလိုင်အကြွေး
ဘယ်လိုပြန်ပေးဆပ်မလဲ
ခုနစ်ရက်ဇူလိုင်
မမေ့နိုင်
စိတ်မခိုင်
သဲစိုင်ဝယ်နာကြည်း။
အာဏာရူး ဘီလူးတွေ
ရူးထွေထွေ မွှေကာနှောက်
ခြေရာမပျောက်တဲ့ ဇူလိုင်မီး။
ဒီအချိန်ကစ
အရူးထတဲ့ စစ်အစိုးရနဲ့
လူးလွန့်ကြွတဲ့ ကျောင်းသား
မပေါင်းအား ဖေါင်းကား
အကြောင်းတရား မပြေလည်
ကျောင်းသားတွေ မကြေဖွယ်
ရန်အစွယ် မာန်လွှာထပ်
ရန်-ငါတွေပြတ်ခဲ့တယ်။
ယိုသူမရှက်
မြင်သူရှက်
ခံရသူတသက်
ဖျောက်ဖျက်လို့မရ
ဖေါက်ရက်လို့ကြွေခဲ့တဲ့ဘဝ
ဘယ်လိုပြန်ဆပ်ကြမလဲဗျ။
အမှားအမှန် ဝေဖန်နိုင်ခဲ့ရင်
မှားမှန်းသိရင်ပြင်
အသင်မိုက်ခဲ့သမျှ အတိုးချပြီး
အဆိုးဘ၀တွေကို တမျိုးလှလာအောင်
အသက်ပေးအကျိုးဆောင်
အာဏရှင် အပုပ်ကောင်မှ
ဒီမိုကရေစီ ရုပ်အမှန်ဆောင်တဲ့
လူ့ဘောင်သစ်ကို အမှန်စင်စစ်
ပို့ဆောင်ပစ်လော့….။
မိုက်တွင်းမနက် အကြံမပက်စက်နဲ့တော့
ခံခက်နေတဲ့ပြည်သူအများ
လူသားတွေရဲ့အနာဂတ်အရေးမြော်တွေးပြီး
ဒီမိုကရေစီရရှိရေးမှာ မနှေးအမှန်မလွဲ
ဒေါ်စုနဲ့လက်တွဲပြီး ခုကတည်းက
ကြိုးစားကြ ရင် မကောင်းပေဖူးလားဗျာ...။
တက္ကသိုလ်ဘုန်းကြွယ်
ဇွန် ၂၉ ၂၀၁၂
ကြိုဆိုရေး ကျောက်စာ
ပန်းသတင်း လေညှင်းဆောင်ခဲ့
လူသတင်း လူချင်းဆောင်လျက်
အောင်မြင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတွေ
သယ်ဆောင်လို့ ကမ္ဘာ့ရွာထဲက
စံပြအိမ်ကလေး သူ တည်ဆောက်ခဲ့...။
အမှန်တရားနဲ့ ငြိမ်းချမ်းရေးအတွက်
ငြင်းဆိုချက်တွေ အတိုင်းမသိ ပယ်ချရင်း
ဖြောင့်မတ်တဲ့ ခရီးလမ်းပေါ် ဆက်လျှောက်ခဲ့
အတ္တ မပါတဲ့ သူ့ စွမ်းဆောင်ချက်က
ပြည်သူ့အတွက် ဂုဏ်သတင်းကောင်းတွေပေါ့...။
အဆိုးနဲ့ အကောင်း တိုက်ခိုက်နေတဲ့ လောကကြီးအတွက်
အဆိုးကို အကောင်းမြင်ဖို့ အကောင်းကို သစ္စာရှိဖို့
ငြိမ်ချမ်းရေး လမ်းစဉ်ပေါ်မှာ
အလှတရားတွေ တန်ဆာဆင်လျက်
အောင်မြင်မှုနဲ့ သူ ပြန်လာခဲ့...။
ခရီးကြမ်းတဲ့ လေလှိုင်းတွေအောက်
အတောင်ဖြန့်လို့ ခွန်အားတွေနဲ့
စိတ်စွမ်းအား ထက်ထက် မာန်ဝံ့ရင်း
ငြိမ်းချမ်းရေး သံစဉ်တွေဟာ
ကမ္ဘာမှာ လွှမ်းခြုံလို့
အောင်မြင်မှုတွေ ဝေဆာခဲ့တဲ့
သူ့အတွက် ပြည်သူတွေက စောင့်မျှော်ကြိုဆိုလျက်...။
ကြိုဆိုနေကြတဲ့........
ငြိမ်းချမ်းရေး ပန်းခိုင်တွေကို
ကိုယ်စီ ကိုင်ဆောင်နေတဲ့
အမိမြေချစ်တဲ့ ပြည်သူတွေကို
လှမ်းနေတဲ့ သူ့ရဲ့ မေတ္တာ ကရုဏာ မုဒိတာ
လေးပါးဗြဟ္မစိုရ် တရားနဲ့ ပီတိအပြုံးဟာ
သမိုင်းဝင် ထာဝရ ထင်ကျန်နေမည့်
ပြည်သူ့ နှလုံးသား ကျောက်စာပေါ့...။
တက္ကသိုလ်မြတ်မင်း
Burma/Myanmar အပေါ် ဟံသာဝတီ ဦးဝင်းတင် အမြင် ..
Burma/Myanmar အပေါ် ဟံသာဝတီ ဦးဝင်းတင် အမြင် ..
Myanmar, Burma ဒေါ်အောင်ဆန်းစုကြည် သုံးနှုန်းတာကို သတိပေးတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်ထားတာကို နားဆင်နိုင် ပါတယ်။
ယတြာဆရာ နဲ့ ဗလာချာ
Aung Pan's Photos
"နိုင်ငံတော်၏အမည်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်း ထားသည့်အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ အသိပေးအကြောင်းကြားထားခြင်း သတင်းထုတ်ပြန်ချက်"
                            ယတြာဆရာ နဲဗလာချာ
                            ဒေါ်စုရဲ့နိုင်ငံခြားခရီး
                            ဘယ်ကလောက်ပင်ထိန်ထိန်ညီး
                            လက်ရှိအစိုးရကတော့ အထင်မကြီး
                            ပုတ်ခတ်ပြီးပင် မလိုမုန်းထား
                            စကားလုံးအမှားကိုပင် ရှုံ့ချသွား
                            Burma (ဘားမား)ဆိုတာ အလွဲအမှား
                            ဖွဲ့စည်းပုံထဲမှာ Myanmar လို့ပြင်ထား
                            ဤအတိုင်းသာပြောဆိုရေးသား
                            ကြောင်ကိုခွေးလို့ခေါ်ခေါ်
                            တိုင်းပြည်နဲ့လူမျိုးအပေါ်
                            မတော်မတရား မစော်ကားနဲ့
                            စေတနာတွေထား မေတ္တာတွေပွားပြီး
                            အများအကျိုးပွားအောင်လုပ်ဆောင်ပါလား
                            အဲဒီခါများ Burma မခေါ်ဘဲ
                            Myanmar ပြောင်းခေါ်လည်း
                            ခေါ်ကြမှာပဲ…။
                            ခုတော့ တလွဲဆံပင်ကောင်း            
                            ပြောင်း ပြောင်း ပြောင်း
                            တိုင်းပြည်ကောင်းအောင်သူမပြောင်း
                            အလံကိုသာ နှစ်ခါပြောင်း
                            ယတြာအရပြောင်းရပါကြောင်း…။
                            ကောင်း ကောင်း ကောင်း
                            ပြည်သူတွေကောင်းအောင် လမ်းမကျောင်း
                            ကိုယ်မောင်းချင်သလိုသာ အရမ်းမောင်း…။
                            အကောင်းမရှိတဲ့ မှူးကြီးခမျာ
                            ကိုယ့်ကိုယ်ကိုယ်တော့ သိတတ်ရှာ
                            ဘို့တဘို့ထဲရှိတဲ့နွားကြီးပမာ…။
                            ဗေဒင်ဆရာနဲ့ အခါခါတွေ့
                            အရာရာတိုင်းကို ယတြာချေပါပေ့
                            ယမကာနံ့လို တငွေ့ငွေ့
                            လောကကြီးကို သူတကယ်မေ့…။
                            အခက်အခဲ တွေ့တဲ့အခါ
                            ယတြာကိုသာ အားကိုးရှာ
                            အရာရာမှာ အမြော်မြင်မှား
                            ယတြာနဲ့သာ သူပျော်ပါး
                            ဤလိုလူစား သဘောထား
                            ပြည်သူကိုလည်းအသိမပေးအား
                            ရူးများရူးမနေ  ပေဘူးလား…။
                            အရူးအမူးတွေအမိန့်ပေးတာ
                            စစ်ခွေးတွေ လိုက်နာ
                            လိုက်နာသူ သူလိုလူစား
                            အရူးနိုင်ငံသား  ဖြစ်လို့သွား…။
                            အရူးနိုင်ငံသားမဖြစ်လိုသူ
                            ကောင်းတဲ့မူကိုယူ
                            လူသာလျှင်အဓိက
                            ယတြာနည်းတွေ ပယ်လိုက်ကြ…။
                            တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၂၈ ၂၀၁၂)
"နှင်းဆီနီ ဥဒါန်း "
"နှင်းဆီနီ ဥဒါန်း "
တလောကလုံး
အမှောင်ဖုံးတဲ့ည
အသက်ရှုမရအောင်မွန်းလှရဲ့ ..
လူတစ်ယောက်ဘ၀ကို
ငွေစက္ကူတချပ်လို
ဖျက်သိမ်းဖို့ များ
ကြိုးစားကြသလား
မှားမယ်
ထွေးပြီးသားကိုပြန်မမြို
ကံကိုလဲ ရိုးမယ်မဖွဲ့ 
စံနစ်ရဲ့ အကျဉ်းသားဘဝ
ငါခံယူပါ့မယ်
ကျေနပ်တယ်
ဟေ့ ..နင်းချေမဲ့သူတွေ
ခရေပွင့်လို ငါမကြွေ
မြေတလက္မ
ပိုင်ဆိုင်ခွင့်ရသရွေ့ 
နေ့ သစ်ရဲ့ အာရုံဦးမှာ
ယုံကြည်ချက်ဆူးတွေဖွင့်
ခေါင်းထောင်လို့ ဝင့်လိုက်မယ်
ငါဟာ ...
နီရဲတဲ့နှင်းဆီပွင့် ။  ။
          မင်းကိုနိုင်..။
ပြည်သူ့ဂုဏ်ရည် ဇကာတင် ရွေးချယ်ခံရသူများအား ဂုဏ်ပြုပွဲအခမ်းအနား..
"မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်"ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည် အဖွဲ့၏ ၂၀၁၂ နှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆန်ခါတင်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲအခမ်း အနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊တော်ဝင်နှင်းဆီခန်းမ၌ ၂၈-၆-၂၀၁၂ နေ့လည့် ၁း၀၀ မှ ၃း၀၀ ထိအစီအစဉ် (၆) ရပ်ဖြင့် ကျင့်ပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ယင်းအခမ်းအနားကို အစီအစဉ် အခမ်းအနားမှူးဖြင့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက် မှ ပြုလုပ်ပြီး၊ နိုင်ငံရေးနယ်ပယ်၊ ရုပ်ရှင်နယ်ပယ်၊ လူမှုရေးနယ်ပယ်မှဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဘဘဦးဝင်းတင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၊ ဒေါ်ဖြူဖြူသင်း၊ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူ၊ ရွှေအမြုတေမဂ္ဂဇင်း၊ဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ ၈၈-ကျောင်းသားခေါင်းဆောင် ပွင့်လင်းအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ အဆိုတော် သျှီ စသော လူမှုနယ်ပယ်မှ ပရဟိတပုဂ္ဂိုလ်များ၊တိုင်းရင်း သူ၊သားများ၊ရှေ့နေအဖွဲ့ဝင်လူငယ်များ၊မီဒီယာများ စုစုပေါင်း အယောက် ၆၀ ခန့်တက်ရောက်ပြီး၊ ပြည်သူ့ ဂုဏ်ရည် ဇကာတင်ရွေးချယ်ခံရသူ လူမှုအထောက်ကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အောင် Foundation ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊လယ်သမားတွေ အရေးကို ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်တို့အာuး$ 1000 နှင့် ဆုတံဆိပ်ဆု တစ်ခုဆီဖြင့် ဂုဏ်ပြုချီးမြင့်ခဲ့ကြောင်း ကိုလည်း အခမ်းအနားမှူး ဒေါ်ဆွေဇင်ထိုက်မှ ပြောကြားကြောင်း သိရှိရပါသည်။
အင်မတန် လေးစားစရာ ကောင်းတဲ့ပုဂ္ဂိုလ်တို့ကို ပြည်ပရောက် တိုင်းရင်းသား မြန်မာမိသားစုတွေ၊အားလုံး စုပေါင်းပြီး တစ်နှစ်တစ်ကြိမ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းဟာ ပြည်သူ့ဂုဏ်ရည်အသင်း၏ ပထမ ရည်ရွယ်ချက်ပင်ဖြစ်ပါ သည်။အဲဒီရည်ရွယ်ချက်အတိုင်း ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်အတွက် မြန်မာ့သမိုင်းမှာ အောင်မြင်မှုအရှိ ဆုံး လူမှုရေးအသင်းကြီးဖြစ်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဦးဆောင်နေတဲ့ ဦးကျော်သူ၊၂၀၁၁ခု နှစ် အတွက် အကျဉ်းကျသံဃာတွေကို ကြည်ညိုသဒ္ဒါစိတ်များနဲ့ လက်လှမ်းမီသလောက် ဆွမ်း၊ဆေးဝါး လှူဒါန်းခဲ့ သော ဒေါ်ရှုတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ တိုင်းရင်းသားမြန်မာမိသားစုများရဲ့ အင်တာနက်ဆန္ဒမဲများဖြင့် ရွေး ချယ်ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ ယခု ၂၀၁၂ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံပေါင်း ၄၉ နိုင်ငံကျော်မှ ဆန္ဒမဲ စုစုပေါင်း ငါးသိန်းကျော်၏ ၅၀% ရရှိခဲ့သည် ခရစ်ယာန်ဓမ္မဆရာတစ်ဦးဖြစ်သည့် Kachinland News သတင်း ဌာနမှ လဖိုင်နော်မိန်းကို ရွေးချယ် ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ လဖိုင်နော်မိန်းသည် အဖက်ဖက်မှ ဖိနှိပ်သည့်ကြားက သေသဖွံ့ဖြိုးရေး၊ လူငယ်များပြုစု ပျိုးထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ ညီငယ် အလင်းဆက်
ဒီမိုဝေယံ
ပါရီသမိုင်းဝင် Louvre ပြတိုက်ကို သွားရောက်မှတ်တမ်း ဓါတ်ပုံ နှင့် သတင်းစာရှင်းလင်းပွဲ
ဒေါက်တာဒေါ်အောင်ဆန်းစုကြည်၏ ပြင်သစ် Sorbonne တက္ကသိုလ် မှာ 28.6.2012 ကသတင်းစာရှင်းလင်းပွဲ ဗွီဒီယိုဖိုင်
photo Gutty Image