Wednesday, July 4, 2012

လွှတ်တော်တွင်းလုပ်ငန်းတွေအတွက် အန်အယ်လ်ဒီ ကော်မတီဖွဲ့စည်း ခြင်း




ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)

"ဆရာထူး ကိုလွှတ်"
0 Comments - 04 Jul 2012
ဆရာ ဦးရွှေထူး လွတ်မြောက်ရေး။အမှုတွဲ(၂၆)ဦး နှင့် အတူအကျဉ်းကျခံခဲ့ရပြီးအမှုတွဲ(၂၅)ဦးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း တစ်ဦးတည်း ကျန်ရှိနေသော ဆရာဦးရွှေထူး (မန္တလေး) ပြန်လည်လွတ်မြောက်လာရေးအတွက် မိသားစု ဝင်များ၊ အမှုတွဲများ၊လုပ်ဖော်ကိုင်ဖက်များ တွေ့ဆုံဆွေးနွေးတိုင်ပင်သည့် အခမ်းအနားကို ဆရာဦးရွှေထူးဧ။် နေအိမ်တွင် ကျင်းပခဲ့သည်။ဦးရွှေထူး (ခ) ဦးအောင်ဇေယျ ကိုယ်ရေး အကျဉ်း ။မြန်မာ့တပ်မတော် တပ်မဟာ(၁၃) တပ်မင်းကြီး ဇေယျ ကျော်ထင် ဗိုလ်မှူးကြီး ဘဖြူ(ငြိမ်း) နိုင်ငံ...

More Link

ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ ၄၊ ၂၀၁၂




Switzerland, Norway, Ireland, Britain နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ခဲ့စဉ်အတွင်းမှာ မြန်မာနိုင်ငံ ကြီးပွား တိုးတက်ရေးအတွက် စေတနာရှိတဲ့သူ၊ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့သူတွေ အများကြီး ရှိတာ ကို တွေ့ခဲ့ရတဲ့အတွက် အားတက်စရာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ မှာ ပြန်ပြီးတော့ ပြောပြခဲ့ပါတယ်။ ကူညီချင်သူတွေအပြင် အောင်မြင်စေချင်တဲ့ ဆန္ဒ ရှိသူ တွေကို လည်း အံ့သြစရာကောင်းလောက်အောင်ကို သူတွေ့ခဲ့ရပါတယ်တဲ့။

“ကျမတို့နိုင်ငံကို သိနေတဲ့ အနောက်ပိုင်းနိုင်ငံတွေနဲ့ ကျမတို့နိုင်ငံဒေသကသာ မဟုတ်ဘဲ တော်တော် ဝေးတဲ့ အရပ်က ရိုးရိုး အလည်ရောက်နေတဲ့ ဧည့်သည် ပြည်သူ ပြည်သားတွေ၊ တခြားနိုင်ငံသူ နိုင်ငံသားတွေက မြန်မာနိုင်ငံပေါ်မှာ စေတနာအများကြီး ထားတယ်ဆိုတာ တွေ့ခဲ့ရတယ်။”

ခုလို ဥရောပ ခရီးစဉ်က ပြန်လာပြီးတဲ့နောက် ရန်ကုန်မှာ လုပ်စရာအလုပ်တွေ၊ တွေ့စရာလူတွေ ရှိတဲ့ အပြင်၊ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှုးမြို့နယ်ကိုလည်း သွားဖို့ အချိန်ပေးချင်တာမို့ လွှတ်တော် တက်ဖို့ ခွင့်ယူ ထားရတယ်ဆိုတာကိုလည်း ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။

လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေက အဆိုတွေ တင်သွင်းဖို့ ပြင်ဆင် ထားတာ ရှိတယ်လို့ အသိပေးခဲ့ပေမဲ့ ဘယ်ကိစ္စတွေနဲ့ ပတ်သက်လဲဆိုတာကတော့ လွှတ်တော်ကို အရင် တင်ပြ သင့်တယ် ထင်တဲ့အတွက်ကြောင့် ပြောမသွားပါဘူး၊ လွှတ်တော်ကနေ ဥပဒေပြဋ္ဌာန်းချက် တွေ ဆုံးဖြတ် အတည်ပြုတဲ့နေရာမှာ ပွင့်လင်းမှုရှိဖို့ အရေးကြီးတယ်ဆိုတာကိုတော့ ခုလို ပြောကြားပါတယ်။

“ဥပမာဆိုလို့ရှိရင်၊ ဥပဒေပြုတဲ့ .. ပြုနေတဲ့ အချိန်အခါမှဆိုလို့ရှိရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါ တယ်၊ ခုဆိုလို့ရှိရင် ဥပဒေပြုပြီးတဲ့အခါကျမှ ဥပဒေကို ထုတ်ပြန်ပြီးတော့မှပဲ အများပြည်သူက လေ့လာပြီးမှ ဒီဥပဒေမှာ ဘာရှိလဲဆိုတာကို သိရတယ်၊ တကယ်ဆို ဥပဒေမပြုခင်ကတည်းက ဒီဟာကို လွှတ်တော်ထဲက ဥပဒေပြုဖို့ ဆွေးနွေးနေတဲ့ အချိန်အခါမှာကတည်းက ပွင့်လင်းမြင်သာမှု လိုပါတယ်။ ဒါမှ ပါဝင်ပတ်သက်မယ့် သူ အားလုံးက ဒီပြဋ္ဌာန်းမယ့် ဥပဒေထဲမှာ ပါတဲ့ အချက် အလက် တွေကို လေ့လာပြီးတော့ လိုရင် လိုသလို ပိုရင် ပိုသလို ပြောဆိုနိုင်တဲ့အခါကျတော့ ဥပဒေ မပြုခင် ကတည်းကကို အကောင်းဆုံး ဖြစ်အောင်လို့ စီစဉ်နိုင်မယ်လို့ ထင်ပါတယ်။ နောက် တခြား ဥပဒေ ပြုချင်တာတို့၊ တခြား မသင့်တော်တဲ့ ဥပဒေတွေကို ဖယ်ရှားတာတို့ ဒါတွေကလည်း လုပ်ရမှာပဲ၊ ဒါပေမဲ့ ဘာပဲလုပ်လုပ် ပွင့်လင်း မြင်သာမှု ရှိမှ ပြည်သူကလည်း ပါဝင်ပတ်သက်နိုင်မယ်လို့ ကျမ ပြောချင်ပါတယ်။”

ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးစဉ်က NLD ပါတီက တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည် သင်ြ့မတ်ရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးတွေကို လုပ်သွားမယ်လို့ ကတိပြုထားတဲ့ အတိုင်း အခု တက်မယ့် လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်ဖို့ရှိတယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ရှားဖို့ NLD က ကြိုးစားမှာ မဟုတ်ဘူးဆိုတာကိုတော့

“ကျမတို့ဟာ ဘယ်သူ့ကို ဖယ်ရှားဖို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ၀င်သွားတာမဟုတ်ဘူး၊ ပူးတွဲဆောင်ရွက်ဖို့၊ ပူးတွဲဆောင်ရွက်မှသာလျှင်၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင်မှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင် ဖို့ဆိုတာ တပ်မတော်သားတွေနဲ့ ပူးတွဲဆောင်ရွက်မှ ရမှာပေါ့”

ဒီကနေ့ NLD ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မေးကြ ပြောကြတဲ့ နောက်ကိစ္စ တခု ကတော့ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Myanmar လို့ မသုံးဘဲ Burma လို့ သုံးနှုန်းတာနဲ့ ပါတ်သက်လို့ အစိုးရက သတိပေးတဲ့ကိစ္စပါ၊ ဒါနဲ့ ပါတ်သက်လို့ ပြဋ္ဌာန်းချက်တရပ်အနေနဲ့ မရှိတာကို NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ဥပဒေကြောင်းအရ ရှင်းပြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီအရ ကို ခေါ်ချင်သလို ခေါ်နိုင်တယ်ဆိုတာကို တခြားနိုင်ငံတွေနဲ့ ခုလို ဥပမာပေးပါတယ်။

"ဥပမာဆိုလို့ရှိရင် ကျမတို့ အင်္ဂလန်နိုင်ငံလို့ ခေါ်နေတာ၊ တကယ်က သူတို့ရဲ့ တရားဝင်နာမည်က United Kingdom ပေါ့။ ကျမတို့က ဒီလိုပဲ ပြောနေတာပဲ၊ အင်္ဂလန်လို့ပြောတယ်၊ ဗြိတိန်လို့ပြောတယ်၊ ယူကေလို့ အင်မတန်မှ ပြောခဲတယ်။ ဘယ်သူမှလည်း ဒါကို ဘာမှမပြောကြပါ ဘူး။ ကိုယ် သင့်တော် သလို ခေါ် တာပေါ့နော်၊ နောက် ဥပမာ၊ ပြင်သစ်မှဆိုလို့ရှိရင်၊ မြန်မာနိုင်ငံကို သူတို့ ဗြမာနီ လို့ပဲ ပြော တာပဲ၊ ဒါ သူတို့ ပြင်သစ်စကားလေ၊ ကျမတို့က ပြင်သစ်နိုင်ငံကို ပြင်သစ်လို့ ခေါ်တယ်၊ ဘာလို့ လာစပွန့်စ် လို့ မခေါ်လဲ၊ ဒါ ကျမတို့စကားနဲ့ ကျမတို့ ပြင်သစ် လို့ ခေါ်တယ်၊ ပြင်သစ်က လည်း လာပြီးတော့ ငါတို့နိုင်ငံကို လာစပွန့်စ် လို့ပဲ ခေါ်ရမယ်လို့ တခါမှ လာမပြောဘူးနော်.. အဲတော့ ဒီဟာတွေဟာ ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားတွေနဲ့ ဆိုင်တယ်လို့ ကျမထင်တယ်။ နံပါတ် တစ် က နိုင်ငံတနိုင်ငံရဲ့ နာမည်နဲ့ ပတ်သက်လို့ တရားဝင်နာမည်ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ သုံးဖို့ဆိုပြီးတော့ ပေးလိုက်တဲ့ နာမည်ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ သုံးဖို့ တရားဝင်နာမည်ဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ နဲ့ မဆိုင်ဘူးနော်၊ ဒါက သပ်သပ်။ ဒါဟာ ပြည်သူ ပြည်သားတွေ ရဲ့ သဘောထားကိုတော့ လေ့လာပြီးမှ လုပ်သင့်တယ် ဆိုကလည်း ဒါ ဒီမိုကရေစီ အမြင်ပဲ။ ပြည်သူ တွေကို လေးစားတဲ့ အနေနဲ့။ နောက်တခု ကလည်း လွတ်လွတ် လပ်လပ် ပြောဆိုပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ကိုယ့် စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောဆိုပိုင်ခွင့် ဆိုတာဟာ ဒါ ဘယ်သူ့ကိုမှလည်း စော်ကားတာ မဟုတ်ဘူး၊ အဲဒါဟာလည်း ဒီမိုကရေစီ ရဲ့ သဘောတရား၊ ဒီမိုကရေစီရဲ့ မူဝါဒတွေနဲ့ ဆိုင်တယ်၊ အဲဒါကြောင့်မို့လို့ ကျမအနေနဲ့တော့ ဒီမိုကရေစီ ကို ယုံကြည်လို့ ကျမဘာသာကျမ ကျမ သုံးချင်သလို သုံးလို့ ရတယ်လို့ ကျမ ယူဆတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီကနေ့မှာပဲ အစိုးရက အကျဉ်းသား ၄၆ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်၊ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ NLD ရဲ့ စာရင်းထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသား ၃၃၀ လုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားပါတယ်










Ref..VOA

လစ်လပ် ဒုတိယသမ္မတနေရာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်မည်ဟု သတင်းများထွက်ပေါ်-




လစ်လပ်လျက်ရှိနေသည့် ဒုသမ္မတနေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား အစားထိုးခန့်အပ်မည့် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း၌ သတင်း များ ထွက်ပေါ်လျက်ရှိသည်။ လက်ရှိအချိန်တွင် ဒုတိယသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦး သည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် တာဝန်မှ အနားယူခွင့် ကို တောင်းခံထား သည် ဖြစ်ရာ အဆိုပါ လစ်လပ်နေရာအတွက် အစားထိုးခြင်းဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတလောင်း ၃ ဦးကို တပ်မတော်မှ အမည်စာရင်းတင်သွင်းသူတစ်ဦး လွှတ်တော်မှ အမည်စာရင်းတင်သွင်း သူတစ်ဦးနှင့် မဲဆန္ဒနယ်အများဆုံး အနိုင်ရသည့် ပါတီမှ အမည်စာရင်း တင်သွင်းသူတစ်ဦး စုစုပေါင်း ၃ ဦးကိုတင် သွင်း၍ ယင်းတို့အနက်မှ သမ္မတကိုရွေးချယ် သည့်စနစ်ဖြစ်ရာ ဒုတိယ သမ္မတ(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး သည် တပ်မတော်မှ အမည်စာရင်း တင်သွင်းခဲ့သူဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတများ နေရာလစ်လပ်မှု ဖြစ်ပေါ်၍ အစားထိုး ရွေးချယ်ခံရပါက အဆိုပါ ရွေးချယ်ခံရသူသည် ဒုတိသမ္မတ ၀ါစဉ်၏ အနိမ့်ဆုံးအဖြစ်သတ်မှတ် ခံရမည် ဖြစ်ရာ ဦးဌေးဦးသည် ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရပါက လက်ရှိဒုတိယ သမ္မတဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်း၏ နောက်တွင် ဒုတိယသမ္မတ (၂) အဖြစ် တာဝန်ယူရ မည် ဖြစ်ကြောင်း သိရသည်။

ဇော်ထိုက် (Yangon Media Group)

သူယုတ်မာဒေဝဒတ်အလောင်း ရွဲကုန်သည်လို အော်ဟစ်ဆဲဆိုကြိမ်းမောင်းသံတွေထွက်နေပါပေါ့လား



မစားရတဲ့ အမဲ သဲနဲ့ပက်မှာလား
---ဦဖိုးသာအောင်
၂၇။၆။၂၀၁၂
၂၂.၀၆.၂၀၁၂ သောကြာနေ့နံနက်ပိုင်း ဗွီအိုအေ ရေဒီယိုမှာ သတင်း တပုဒ်ကြားလိုက်ပါတယ်၊ တရုတ်ကွန်မြူနစ် ပါတီက ထုတ်ဝေတဲ့ Global Times ဂျာနယ်ရဲ့ သုံးသပ်ချက် ဆောင်းပါးပါတဲ့ အဲ့ဒီ့သတင်းကို နားထောင်ပြီး ဆောင်းပါးရေးဖို့ ခေါင်းစဉ် စဉ်းစားတဲ့အခါမှာ အသင့်တော်ဆုံးဖြစ်တဲ့ အထက်ပါခေါင်းစဉ်ကိုပဲ ရွေးချယ်မိပါတယ်။

အစဉ်တစိုက်သူတပါး ပြည်တွင်းရေးကို ဝင်မစွက်ပါနဲ့လို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပြောခဲ့တဲ့ တရုတ်အစိုးရသည် ယနေ့ သူတပါး ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တဲ့ စကားတွေကို ပြောင်ပြောင် တင်းတင်းပင် ပြောဆိုလာနေပါပြီ။

ဒီမိုကရေစီစနစ်ဆိုတာ မြန်မာနိုင်ငံအတွက် ကိုးဆယ့်ခြောက်ပါးရောဂါပျောက်ဆေးမဟုတ်ပါတို့၊ အနောက်ဒီမိုကရေစီ စနစ်သည် မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးနေပြီဆိုတာတို့၊ ဒီစကားမျိုးတွေဟာ နိုင်ငံကြီးတခု၊ ပါတီကြီးတခုက ပြောရမယ့် စကားများမဟုတ်သလို ပြောသင့် မပြောသင့်ဆိုတာကိုလည်း စဉ်းစားချင့်ချိန်တတ်ရပါမယ်၊ အခုတော့ ဒီလိုမဟုတ်ပါ၊ သူတော်ကောင်း ရွဲကုန်သည်ရဲ့ လက်ထဲကို ရွှေခွက်ကြီးရောက်သွားလို့ မချိတင်ကဲဖြစ်ပြီး ဒေါမနဿပွါးနေတဲ့ သူယုတ်မာဒေဝဒတ်အလောင်း ရွဲကုန်သည်လို အော်ဟစ်ဆဲဆိုကြိမ်းမောင်းသံတွေထွက်နေပါပေါ့လား တရုတ် ဂလိုဘယ်တိုင်းရေ။

၁၉၆၂ခုနှစ်မတိုင်မီက အရှေ့တောင်အာရှမှာ အဆင့်အတန်းလေးနဲ့ ပြည့်စုံကြွယ်ဝ ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့ရတာကို တရုတ်ကြီးသိပါတယ်၊ ဗ.က.ပ ကို တရုတ်ကြီးက အားပေးခဲ့ပြီး ဗိုလ်နေဝင်းကို အနောက်ကအားပေးခဲ့တာလည်း အထင်အရှားပါပဲ။
 
ဗ.က.ပ ကို တိုက်ခိုက် ခြေမှုန်းရင်း အနောက်အုပ်စုရဲ့ ပံ့ပိုးမှုတွေကို အရယူကာ စစ်အာဏာရှင်စနစ်ကို ခိုင်မာအောင် တည်ဆောက်လိုက်နိုင်တာလည်း ဗိုလ်နေဝင်းပါပဲ၊

ဗိုလ်နေဝင်း စစ်အာဏာရှင်အစိုးရသည် အမေရိကန်နဲ့ တရုတ်တို့အကြားမှာ လှေနံနှစ်ဘက်နင်းပြီး နိုင်ငံရေးကစားနိုင်ခဲ့တဲ့ အကွက်ဆိုတာကလည်း သိပ်ပြီး မထူးဆန်းလှပါဘူး၊

ကမ္ဘာ့ နိုင်ငံရေးက စစ်အေးတိုက်ပွဲ အဓိကခေတ်ကို ဖြတ်သန်းနေရလို့ပါ၊
အနောက်ဘက် လှေနံကို ဖိနင်းပြီးစစ်အာဏာရှင် အုပ်စု တစ်စုကောင်းစားရေးကိုပဲ မိုက်မဲစွာ ကြံစည်လုပ်ကိုင်သွားတဲ့ ဗိုလ်နေဝင်းတို့ အုပ်စုကြောင့် တိုင်းပြည်ချွတ်ခြုံကျခဲ့ရတာလည်း မဆန်းပါဘူး။

အဲဒီ့တုန်းက တရုတ်ကြီးက ဗ.က.ပ ကို ထောက်ခံပြီး နေဝင်း စန်းယု စစ်အစိုးရကို ရန်သူလိုမဟုတ်တောင် ရွံရှာစွာနဲ့ပဲဆက်ဆံနေခဲ့တယ်၊ ၁၉၈၀ ခုနှစ်ကျော်လာတော့ မော်နဲ့ တိန်နဲ့ အုပ်ချုပ်ရေး အပြောင်းအလဲဖြစ်လာပြီး တရုတ်ကြီးက ဗ.က.ပ ကို ပစ်ပယ်လိုက်တယ်၊

ပါတီခြင်း စတိတ်ခြင်း ဆက်ဆံရေးလမ်းစဉ်ကြီး အားနည်းမှေးမှိန်သွားပြီး စတိတ်ခြင်း ဆက်ဆံရေးက ထင်ရှားတောက်ပြောင် လာခဲ့ပါတယ်။

ကွန်မြူနစ်တရုတ်ကြီးသည် ကြောင်ဖြူ ကြောင်မဲ ခွဲမနေတော့ဘဲ ကြွက်ရဖို့အဓိကဆိုတဲ့ သဘောတရားကို ပြောင်းလဲကိုင်ဆွဲခဲ့တယ်၊
ဒါကြောင့် W.D.O ကမ္ဘာ့ကုန်သွယ်ရေး ဈေးကွက်ကို ဝင်နိုင်ဖို့ အမေရိကန်နဲ့ အပေးအယူလုပ် ကြိုးစားခဲ့ရရှာတယ်၊
ဘာလင်တံတိုင်းပြိုကျမှု့နဲ့အတူ ကွန်မြူနစ်ဝါဒကြီး ကျဆုံးလာတာကိုလည်း တရုတ်က ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်၊
ဒါကြောင့် စီးပွါးရေး တောင့်တင်းမှု့အဓိက ဝါဒဘက်ကို လှည့်လိုက်တယ်။

ဆင်းရဲမွဲတေပြီး ဥပဒေမစိုးမိုးတဲ့ စစ်အာဏာရှင်ရူး မြန်မာနိုင်ငံသည် တရုတ်နဲ့ကပ်နေလေတော့ တရုတ်ရဲ့စားဖတ်ဝါးဖတ် မျိုဆို့ခံ ကော်ပင်း ရိက္ခာချခံ နိုင်ငံမျိုးဖြစ်သွားခဲ့ရတယ်၊
တရုတ်မြန်မာစီးပွါးရေး ဆက်ဆံမှု့ ကိန်းဂဏန်း ပမာဏကို တရားဝင်အားဖြင့် လူတွေကိုမပြောနဲ့ နတ်သိကြားတောင်မသိနိုင်ဘူး၊ တရားမဝင် ကူးသန်းရောင်းဝယ်မှု့ပမာဏက ပိုပြီးကြီးထွားနေတာကိုတော့ ခန့်မှန်းနိုင်ကြပါတယ်။
 

စစ်အေးတိုက်ပွဲအပြီး ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းပြောင်းလာတော့ အနောက်ကအားပေးတဲ့ ဗိုလ်နေဝင်းစစ်အာဏာရှင်အစိုးရဆိုတာလည်း မျောက်သစ်ကိုင်းလွတ်ဘဝကို ရောက်ရတော့မယ်၊
ဒီအခါမှာ စစ်အာဏာရှင်တွေက ခြေမမြဲလက်မြဲဆိုသလို ကွန်မြူနစ်တရုတ်အစိုးရကို အားကိုးအားထားပြုရန်မှတပါး အခြားမရှိတော့ပါ၊
ဒါကြောင့် ဗိုလ်ခင်ညွှန့်ကောင်းစားနေတုန်းမှာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးလမ်းကြီးကိုဖေါက်ကြတယ်၊ တိကျတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းမီ အရောင်းအဝယ် ဥပဒေစည်းကမ်းနဲ့ ကင်းလွတ်ပြီး အာဏာရှင်ချင်း နားလည်မှု့ သဘောတွေဆောင်တဲ့ ကုန်သွယ်မှု့တွေဆိုတော့လည်း ထုံးစံအတိုင်း အားငယ်သူမိအေးကပဲ နာနေရတာလည်း ဘာမှမဆန်းပါဘူး။

မဆန်းပေမယ့် ထူးနေတာကတော့ မြန်မာပြည်သူတွေက ဒီမိုကရေစီကိုတောင်းနေတဲ့အခါမှာ တရုတ်ကြီးက စစ်အစိုးရဘက်က အပြတ်ကြီးရပ်ပေးနေတယ်၊ ကုလသမဂ္ဂမှာ မြန်မာပြည်ဒီမိုကရေစီရရေးနဲ့ ပါတ်သက်ဆက်နွယ်လာတဲ့ အဆိုပြုချက်အားလုံးကို တရုတ်နဲ့ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချနေကြပြီး စစ်အာဏာရှင် စနစ်မပျောက်ပျက်ရေးကိုပဲ ဆောင်ရွက်နေကြတာ အထင်အရှားပါပဲ၊ အဲဒီ့လိုနိုင်ငံရေးအရ စစ်အစိုးရကို ထောက်ခံသမှု့ပြုနေတဲ့အတွက် မြန်မာစစ်အစိုးရက ပြန်လည်ပေးဆပ်ရတဲ့ အရင်းအနှီးကတော့ ကြီးမားလှပါတော့တယ်။


အချောင်နှိုက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးအဖြစ် တရုတ်ကိုပေးအပ်လိုက်ရတဲ့ စာချုပ်စာတမ်းနဲ့ နှစ်ရှည် ဘက်စုံစီမံကိန်းကြီးတွေပါပဲ၊ ရေနံ ဓါတ်ငွေ့နှင့် လျှပ်စစ်ထုတ်လုပ်ရေးမှအစ မြေပေါ်မြေအောက် သယံဇာတများ၊ စစ်လက်နက်ပစ္စည်းများ၊ ကူးသန်းသွားလာရေး၊ ဆက်သွယ်ရေးစတဲ့ ဘက်ပေါင်းစုံ စီမံကိန်းများကို တိုင်းသူပြည်သား လူအများက တိတိကျကျမသိကြရတဲ့ စာချုပ်များကို စစ်အာဏာပိုင်ကြီး တို့နဲ့ တရုတ်ကြီးတို့က လက်ကြိတ်ထိုးချုပ်ဆိုခဲ့ကြတယ်၊
တရုတ်ဘက်က ဘယ်လောက်အကျိုးအမြတ်ကြီးတွေခံစားရပြီး မြန်မာဘက်က ဘယ်လောက်ဆုံးရှုံးနစ်နာခဲ့ရပြီဆိုတာကိုလည်း အတိအကျမသိရတဲ့ အဖြစ်တွေပါ၊ ငါးပါးကြီးမှောက်တော့မယ့် မြစ်ဆုံစီမံကိန်းတခုကိုပဲ နမူနာ ယူကြပါစို့။

ဒါကြောင့် ရသလောက် လက်ကုန်နှိုက်မယ့် အကြံအစည်နဲ့ တရုတ်ကြီးသည် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရမှာနှင့် တရားဥပဒေ စိုးမိုးလာမှာကို ဘယ်လိုလုပ်ပြီး လိုလားမှာလဲ၊ မပျက်ပျက်အောင်ဖျက်ဖို့က သူ့တာဝန်လိုဖြစ်နေပြီမဟုတ်ပါလား။ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးကို အစဉ်တစိုက် ကဖျက် ယဖျက်လုပ်နေတဲ့ တရုတ်ကွန်မြူနစ်ကြီးရဲ့ အသံဟာ အခုတော့ ပေါ်ပေါ်တင်တင် ကျယ်ကျယ်လောင်လောင် ဖြစ်လာပါပြီ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ Global Times ဆောင်းပါးက ဖေါ်ပြနေပါပြီ။

မြန်မာ့အပြောင်းအလဲတွေကို အလျှင်စလိုမဖြစ်သင့်ဘူးတဲ့ … ကဲ မြန်မာပြည်သူတွေအတွက်ကတော့ တိုးတက်ပြောင်းလဲတာဟာ မြန်လေကောင်းလေပေါ့၊ မဟုတ်ဘူးလား၊ ဆင်းရဲတွင်းနက်နေကြတဲ့ ဘဝတွေလေ ကြာခဲ့ပါပကော၊ ဘယ်လောက်ရှေ့ဆက်ပြီး ဝဋ္ဋ်ဘက်ကြီး ခံနေကြရအုန်းမှာလဲ၊ ကိုယ်ချင်းစာတရားကင်းမဲ့လှချည့်လား ကိုတရုတ်ကြီးတို့ရယ်။

မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးကို ဒီမိုကရေစီဆိုတဲ့အရာ တခုတည်းနဲ့ ဖြေရှင်းလို့မရနိုင်ပါဘူးလို့ တရုတ်ကဆိုပြန်တယ်။ ဒီမိုကရေစီဆိုတာကိုရော သေသေချာချာ နားလည်ရဲ့လားလို့ မေးရမလိုဖြစ်နေပြီ ကိုတရုတ်တို့ရေ၊ အမှန်မှာတော့ ကွန်မြူနစ်ဝါဒမှာ ဒီမိုကရေစီမရှိဘူးဆိုတာ ဒီမိုကရေစီကို နားလည် ခံယူသူတိုင်းသိထားပြီးသားပါ၊ ဖက်ဆစ်တို့ အာဏာရှင်တို့ ကွန်မြူနစ်တို့မှာ ဒီမိုကရေစီမရှိကြဘူး၊ မသိတဲ့အတိုင်းမနေကြဘဲ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးကို ဒီမိုကရေစီဆိုတဲ့ အရာတခုတည်းနဲ့ ဖြေရှင်းလို့ မရဘူးလို့ မဟုတ်တရုတ်ပြောနေပြန်တယ်။

ဒီခေတ်မှာ အများဆန္ဒနဲ့ အညီပဲ နေထိုင်စားသောက်သွားလာလှုပ်ရှားကြရအုန်းမယ်၊ အထက်အောက်လွတ်လပ်စွာ ဝေဘန်ထောက်ပြခွင့် အကြံပြုခွင့်နှင့် ဆန္ဒထုတ်ဖေါ်ခွင့်တွေရှိတဲ့ ဒီမိုကရေစီစနစ်သည်သာလျှင် လူသားတွေနဲ့ အသင့်တော်ဆုံးဖြစ်နေသေးတယ်၊
သူ့ထက်သာတဲ့ စနစ်တခုမပေါ်သေးခင်မှာ သူသာအကောင်းဆုံးဖြစ်နေတယ်၊ ဒီမိုကရေစီမရှိတဲ့နိုင်ငံများနဲ့ ဒီမိုကရေစီရှိတဲ့ နိုင်ငံများကို နှိုင်းယှဉ်သုံးသပ် ကြည့်ရင် သိနိုင် ပါလျှက်နဲ့ ဒီမိုကရေစီကို တရုတ်က အကောင်းမမြင် နိုင်ဘူး ဖြစ်နေပါတယ်။

ဒီမိုကရေစီဆိုတာ ပြဿနာအားလုံးကို ဖြေရှင်းတဲ့ အရာလို့ ဘယ်သူကမှ မပြောပါဘူး၊
သို့သော် နိုင်ငံရေးမှာ အခြေခံအားဖြင့် ဒီမိုကရေစီ စနစ်ရှိမှသာ လူထုကျေနပ်ချမ်းသာမယ်လို့ တရုတ်ကိုပြောချင်တယ်၊ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရထဲမှာ ရုပ်ဝတ္ထုရော စိတ်ခံစားချက်အရပါ ကျေနပ်ချမ်းသာမှု့တွေရှိနေတယ်ဆိုတာကို ကွန်မြူနစ်တွေ မြင်အောင်ကြည့်ဖို့လိုပါတယ်။

အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီ ပုံစံသည် အန္တရာယ်ကြီးမားလှပါတယ်လို့ Global Timesက သတိပေးသလို ခြိမ်းခြောက်သလိုဆိုပြန်ပါတယ်၊ စစ်အေးတိုက်ပွဲခေတ်က အဆုံးမသတ်နိုင်တဲ့ ငြင်းခုံမှု့တွေရှိခဲ့တယ်၊
ပစ္စည်းမဲ့ အာဏာရှင် ဒီမိုကရေစီစနစ်သာ အကောင်းဆုံးလို့ ဆိုခဲ့တဲ့ ကွန်မြူနစ် တွေက အခုအထိ အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီစနစ်ပုံစံသည် အန္တရယ်ကြီးတယ်လို့ ပြောနေတာကတော့ အတွေးအခေါ်အရ သနားစရာကောင်းနေပါတယ်၊ သီအိုရီ မှန်မမှန်ဆိုတာ လက်တွေ့နဲ့ပဲ တိုင်းရတယ် မဟုတ်လား၊ လက်တွေ့မှာ ဘယ်သူတွေ မှန်နေသလဲ၊ ရှင်းရှင်းလေးပါ။


ဒီမိုကရေစီဆိုတာ အရှေ့ပုံစံ အနောက်ပုံစံလို့ သတ်မှတ်စရာမလိုပါဘူး၊ အခြေခံက တူညီနေပါတယ်၊
မိမိတို့ လူမျိုးစရိုက်လက္ခဏာနဲ့ သဘာဝအတိုင်း ဆီလျှော်ညီညွတ်အောင် ကျင့်သုံးကြရတာကတော့ နားလည်လက်ခံပြီးသားပါ၊ ဘယ်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ပုံစံကို ဘယ်နိုင်ငံက ပုံတူကူးချတယ်ဆိုတာ မရှိကြပါဘူး၊ အခြေခံကျတဲ့ အများဆန္ဒနှင့် လူ့အခွင့်အရေးဆိုတာကိုပဲ လက်ခံကျင့်သုံးကြတာပါ၊
ဒါကို အနောက်ပုံစံသည် အန္တရယ်ကြီးသည်ဟု ပြောတာကတော့ သဘောတရားချွတ်ယွင်းမှုလို့ပဲ ဆိုချင်ပါတယ်။

အလျှင်စလို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်တာသည် အစွန်းရောက်သူတွေကို အားပေးလို ဖြစ်သွားမယ်လို့ တရုတ်ကွန်မြူနစ်က ပြောပြန်ပါတယ်၊ ဒါကို နားလည်ပြီးသားပါ၊
သို့သော် အစောတလျှင် ပြုလုပ်ရမယ့် ကိစ္စရှိသလို ဖြေးဖြေးချင်း လုပ်ရမယ့်ကိစ္စလည်း ရှိပါတယ်၊ အလျှင်စလို လုပ်သင့်တဲ့ကိစ္စကို အလျှင်စလို လုပ်ခြင်းအားဖြင့် အစွန်းရောက်တွေကို အားပေးသလို ဖြစ်သွားခဲ့လျှင်လည်း ဖြေရှင်းဖို့ နည်း အဆင်သင့်ရှိပြီးသားပါ၊ အရေးကြီးတာက နောက်ကျလို့ မဖြစ်တဲ့ အလုပ်ဆိုလျှင် အလျှင်စလို လုပ်ကို လုပ်ရပါမယ်။

ဒီနေရာမှာ အစွန်းရောက်ဆိုသူမှာ မည်သူမည်ဝါများလည်း၊ အမှန်တရားနှင့် လက်တွေ့ကို လက်မခံသူများအားလုံး အစွန်းရောက်တွေချည်းပါပဲ၊ ဘာသာရေးအစွန်းရောက်နဲ့ ဝါဒစွဲ စနစ်စွဲ အစွန်းရောက်တွေကိုတော့ အစဉ်အမြဲသတိထားနေရမည်သာ ဖြစ်ပါတယ်၊
ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် အလျှင်စလို လုပ်ကိုင်သင့်လျှင် လုပ်ကိုင်ရမည်ဖြစ်ပြီး အစွန်းရောက်၏ အန္တရယ်ကိုလည်း မျက်ခြည်မပြတ်ကြည့်ရှု့ ဆုံးမနေရမည်သာ ဖြစ်ပါတယ်၊
သို့သော် အစွန်းရောက်ဆိုသူများကို မြန်မာ့ဒီမိုကရေစီလူထုကြီးက လက်ခံကြမည် မဟုတ်ပါ၊
သူတို့ လှုပ်ရှားမှုများကိုလည်း ခွင့်ပြုကြမည် မဟုတ်ပါ၊ မြန်မာ့သွေးက အမှန်တရားဘက်မှာ အမြဲရပ်တည် နေပါသည်။

မကြာခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးကိစ္စလည်း မြန်မာနိုင်ငံအတွက် အမှန်အကန် ဖြေရှင်းနိုင်တဲ့ ကိစ္စပါပဲ၊ မည်သူတွေက မည်သည့်ရည်ရွယ်ချက်ဖြင့် ဖွချင်သည်ဖြစ်စေ လူထုက လက်မခံကြပါဘူး၊ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်ရအောင် ဖန်တည်းပြီး ပေါက်ဆိန်ပိုင်ရှင်က ဗိုလ်လုပ်မယ့်အကြံအစည်မျိုးသည်လည်း အင်တာနက်ခေတ်မှာ မအောင်မြင်နိုင်တော့သလို ပွဲလန့်တုန်း ဖျာခင်းမယ့် သူတွေအတွက်လည်း အခွင့်သာမှာ မဟုတ်တော့ပါဘူး၊ ဒါကြောင့် ဒီမိုကရေစီရေးအတွက် အမြန်ချီတက်နေသူတွေသည် သတိပြုစရာတခုလို့ မှု့စရာတော့ လိုမည်မဟုတ်ပါ။


မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုအားနည်းနေသည့်အပြင် အကျင့်ပျက်လာဘ်စား အဂတိလိုက်စားနေခဲ့ကြတာကို တရုတ်ကြီးအသိပါပဲ၊ စစ်အာဏာရှင်ဆိုသည်မှာလည်း တရားဥပဒေစိုးမိုးရေးနှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်သလို၊ တဇောင်းစီးနှင့် မျက်ချီးပါပဲ၊ တရားရေးမဏ္ဏိုလ်ခိုင်မာတောင့်တင်းတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံများမှာသာ ရှိတယ်၊
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကြီး ဆိုးရွားစွာကြီးစိုးလာမှုကြောင့် တရားဥပဒေစိုးမိုးမှု ဆိတ်သုန်းခဲ့ရတယ်၊ ဒါကို အခွင့်ကောင်းယူပြိး အစွန်းရောက်ပေါင်းစုံက အမြတ်ထုတ်ဖို့ လုပ်နေကြတာပါပဲ၊ ဒါကြောင့် ဒီမိုကရေစီ အတိုက်အခံများနှင့် ပြည်သူလူထုက တရားဥပဒေစိုးမိုးနေရေးဆိုတာကို ရှေ့တန်းတင်အဓိကထားပြီး တောင်းဆိုကြိုးပန်းနေတာဖြစ်တယ်။

မြန်မာနိုင်ငံမှာ တရုတ်ဗမာရိုက်ပွဲ၊ ကုလားဗမာအဓိကရုန်းနဲ့ နယ်စပ်ပြဿနာတွေ ရှိခဲ့ဘူးပါတယ်၊
ဖြေရှင်းမှုနဲ့အတူ ပြေလည်သွားတာချည်းပါပဲ၊ သို့သော် အမြတ်ထွက်သွားသူများကတော့ အစိုးရလည်း ဖြစ်ချင်ဖြစ်မယ်၊
အခြားနိုင်ငံကလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါက ဟိုတုံးက အခြေအနေနဲ့ ဖြစ်ရပ်တွေပါပဲ၊ ယနေ့ အခြေအနေ ယနေ့ခေတ်နဲ့တော့ လုံးဝခြားနားသွားပါပြီ၊
အင်တာနက်ခေတ်၊ ဝီကီလိခေတ်၊ အိုင်ဖုန်းနဲ့ အိုင်းပတ်ခေတ်မှာ ခေါင်းကငုတ် ဖင်ကပေါ် ဆိုသလို အမှန်တရားသည် အမြန်တရားမျိုး ဖြစ်နေပါပြီ၊
ဘုရားသခင်သည် အမှန်တရားကို မြင်သည်၊ သို့သော် စောင့်စားနေသည်ဆိုသည့် ခေတ်မျိုး မဟုတ်တော့ပါ၊ ဒါကြောင့် မည်သူတွေက အကြံယုတ်ဖြင့် မည်သို့ဖန်တည်းကြသည်ဖြစ်စေ ဆိုးဆိုးရွားရွားနှင့် ထိန်းမနိုင် သိမ်းမနိုင် အခြေအနေကို မဆိုက်နိုင်ပါကြောင့်းနှင့် ပြည်သူ့အတွက် အမြတ်ထွက်အောင် လုပ်နိုင်ကြသည့် ခေတ်ပင်ဖြစ်နေပါတော့တယ်။
 
နောက်ဆုံး Global Times ရဲ့ ရေးသားချက်မှာ ဒီမိုကရေစီသည် မြန်မာနိုင်ငံအတွက် ကိုးဆယ့်ခြောက်ပါးရောဂါ ပျောက်ဆေးမဟုတ်လို့ ဆိုထားတာကို ဖတ်ရတော့ ပြုံးမိပါတယ်၊ ဒီလို ရေးတဲ့သူသည် ဒေါ်အောင်ဆန်းစုကြည်တယောက် ဥရောပ ငါးနိုင်ငံခရီးထွက်နေချိန်၊ ဗြိတိသျှ ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်းတွေ ပြောနေချိန်မှာ ဂယောင်ခြောက်ခြား ဂမူးရှုးထိုးနဲ့ မိုက်မဲပြီး အဆင်ခြင်မဲ့စာတွေ ရေးသားပြောဆိုလိုက်တယ်လို့ပဲ မှတ်ထင်ပါတယ်၊ မြန်မာနိုင်ငံမှာ အနောက်ဒီမိုကရေစီစနစ်မျိုး ထွန်းကားမှာကို အကြောက်ဆုံးဖြစ်နေသူသည် ဘယ်သူလဲဆိုတာ ထင်ရှားနေပါတော့တယ်။

နောက်ပြီး ဒီမိုကရေစီဆိုတာ ဘာလဲလို့ မသိတာလည်း ထင်ရှားတယ်၊ မြန်မာနိုင်ငံအတွက် ကိုးဆယ့်ခြောက်ပါးရောဂါပျောက်ဆေး မဟုတ်လို့ ပြောချက်က သိသာနေတယ်၊ ဒီလောက် အတွေးအခေါ် နိမ့်ပါးသူကို ရှင်းပြစရာစကားတောင် ရှာလို့မတွေ့တော့ပါဘူး၊
မြန်မာ့အကြောင်း အသိဆုံးက မြန်မာတွေပဲဖြစ်တယ်၊ မြန်မာပြည်မှာ ဒီမိုကရေစီဆိတ်သုန်းခဲ့လို့ ကိုးဆယ့်ခြောက်ပါးရောဂါနဲ့အတူ ဆင်းရဲမွဲတေမှု စစ်ဘေးစစ်ဒဏ်ခံနေရမှု၊ လူတန်းစားကွာဟမှု၊ ကျန်းမားရေးပညာရေးချို့တဲ့မှု၊ သူတပါးပြည်မှာ ကျွန်ခံနေရမှု၊ လိင်ကျွန်ဘဝကို ရောက်နေရမှုကအစ လူ့ဘဝမှာ လူ့အခွင့်အရေး လူ့အဆင့်အတန်းဆိုတာ မခံစားကြရတော့ပဲ တိရစ္ဆာန်ပမာ မြင်မြင်ရာကို ကြောက်နေရတဲ့ အဖြစ်ဆိုတာ လူပီသသူတိုင်း သိနားလည်နေကြပါတယ်။

အဲဒီကိုးဆယ့်ခြောက်ပါးရောဂါနဲ့တူတဲ့အဖြစ်သနစ်တွေသည် ဒီမိုကရေစီမရှိလို့ ဒီမိုကရေစီဆိတ်သုန်းနေလို့ ဖြစ်ရပါတယ်ဆိုတာလောက်ကို တရုတ် Global Times က သိသင့်ပါတယ်၊ ဒီလောက်ကလေးတောင် မသိဘဲ အိုင်ဒီယိုလိုဂျစ်လိုလို ဘာလိုလိုနဲ့ စကားကြီး စကားကျယ်တွေ သုံးပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်နေတယ်၊ မြန်မာ ဗ.က.ပ ကလည်း ဒီမိုကရေစီကို ကောင်းကောင်းနားမလည်ဘဲ လူတန်းစားအစွဲနဲ့ အစွန်းရောက်နေတယ်၊ သူကလည်း ကိုးဆယ့်ခြောက်ပါး ပျောက်ဆေးမဟုတ်ဆိုတဲ့ ဘက်ကပဲ၊ သူတို့အားလုံးကို သနားတယ်။
 
မြန်မာပြည်သူတွေသည် ဒီမိုကရေစီစနစ်ကို ခံယူကျင့်သုံးဖို့ ကြိုးပန်းနေကြသလို တရုတ်ပြည်သူ ပြည်သား အားလုံးကိုလည်း ဒီမိုကရေစီစနစ် ထွန်းကားစေလိုသော စေတနာ ရှိနေကြပါတယ်၊ တကမ္ဘာလုံးကိုလည်း ဒီမိုကရေစီကမ္ဘာကြီးဖြစ်စေချင်ကြပါတယ်၊ ဒါမှ ကမ္ဘာကြိး ငြိမ်းချမ်းပြီး တိုးတက်မယ်လို့ ယုံကြည်နေကြပါတယ်။

ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ Global Times မှ အိုင်ဒီယိုလိုဂျစ်တို့ရေ အဝိဇ္ဇာမှ ဝိဇ္ဇာဖြစ်အောင် တွေးခေါ်နိုင်ကြ ပါစေကြောင်း စေတနာနှင့် ဆုမွန်တောင်းလိုက်ပါကြောင်း။ ။

--ဦဖိုးသာအောင်
 News Myat Thi Ha

Genuine Discussons with U Shwe Man? တကဲ. ဆွေးနွေးပွဲ လား၊ Public Relations ပီ အာ လား? ဆန်ပေးရင် ဆီ ရ မယ်လား

Genuine Discussons ? တကဲ. ဆွေးနွေးပွဲ လား၊  Public Relations  ပီ အာ လား?

 ဦးရွှေ မန်းဟာ ပီ အာ လို. ခေါ်တဲ. piublic relations နဲ. public image တော်တော် လုပ်တတ်နေပါပြီ။ ထူးအုပ်စုမှာ  တေဇ တဦး ထဲ နဲ. ဦးသန်းရွှေ မျှစား ချမ်းသာမှု ကို balance ဘဲ လင်.စ် ဖြစ်အောင် သားတော် မောင် အောင်သက်မန်း ကို ထူး အုပ်စု ထဲ သူ. အမိန်. နဲ.  ထည်.၊ အောင်သက်မန်း က ထူး မှာ မေဂျာ ပလေ ယာ ဖြစ်လာ၊ ခု လဲ 2008 က စပြီး တောက် လျှောက် ( မနာမကျမ်းဖြစ်နေတဲ. ဦးသန်းေ၇ွှ ကို ဦးမာင် အေး ထက် ပို ပြီး သစ္စာခံ ပါတယ် )လို. အကြိမ်ကြိမ် ပြောခဲ.သူ ဦးရွှေ မန်း ဟာ--ဒေါ် စု နဲ. ၈၈ အုပ် စု ကို ကျောသပ်၇င်သပ်ဆက်ဆံ ပြီး သူတို. တခုခု ပူးပေါင်း ဆောင် ရွက်ခြင်း ပြု လုပ် ဖို. ကြိုး စားနေကြ တဲ. အသွင်တွေ ဖြစ်နေ ပါတယ်။ တကယ် ပူးပေါင်း ဆောင် ရွက်ချင် တဲ. စိတ် နဲ. တွေ. တာ ဆို ရင်တော. ကောင်းပါတယ်။ ဒါကတော. ကာယကံ ရှင် တွေ သာ အသိ ဆုံး ပါ။ စောင်.ကြည်.နေသူများကတော.  ပြည်သူကို ပထမ ထားတဲ. ဆွေး နွေးပွဲ တွေ ကို သာ မြင်လို ကြားလို ကြပါတယ်။ ဒါ ပြည်သူ. ရဲ. အသံ စစ် စစ် ပါ၊

အသွင်ပြောင်း အာရုံ ဦး ကာလ မှာ ဆွေး နွေး ပွဲ တွေ ရဲ. စံ။ 

ဆွေးနွေး ပွဲ တွေ ဆို တာ ဆန်ပေးလို. ဆို ရင် ဆီ ရ မှ ကြည်.ကောင်း မှာ ပါ။ ဒီ လို ဆို ရင် တော.  ရင်တော. နှစ် ဦး နှစ် ဖက် မျှတပါပေတယ်။ သို.သော်--ဆန် ပေးပြီး ဆီ မရ တဲ. အဖြစ်က တော.---အကြိမ် ကြိမ် ရှိ ခဲ. ပါတယ်။ ကြမ်းတမ်း ဖိနှိပ် တဲ. အာ ဏာ ရှင် တွေ ရဲ. ခြေ လှမ်းသစ် ကို သူတို. ကတိပေးထားတဲ. အတိုင်း ဘယ်လောက် လုပ်ပေးပြီး ပြီ လဲ ဆို တဲ. လက်တွေ. ပြယုတ်တွေ နဲ. တိုင်းရမှာပါ။

ဘယ်လို တိုင်းမလဲ။ အကြီး အကျယ် ဒုက္ခ ဆင်း ရဲ ကြုံ နေ ရ တဲ. လယ်သမား၊ အလု ပ်သမား၊ စစ်ဘေးသင်. တိုင်း ရင်းသားများ၊ အားလုံး ရဲ.မလျှော.သော  သော ကဆင်းရဲ ပမာဏ နဲ. တိုင်းပါ။ အထွေ ထွေ သော အုပ် ချုပ်မှု နယ်ပယ်တွေ၊ ပတ် ၀န်းကျင်တွေ မှာ (အများက တစာစာ တောင်းပန် တိုး ရှိုး တောင်းနေ ရှာ ပါ လျှက်နဲ.) ပြည်သူလူထု ဖက် မှာ မရ နိုင်သေးတဲ.  ကျန် တဲ. လူ မှု လွတ်လပ် မှု civic liberty တွေ ဘယ်လောက် အား နည်း နေသေးသလဲ ဆိုတဲ. စံ နဲ. တိုင်းပါ။ ခရိုနီ ၂ ကျိတ် နဲ. ခိုးသား ငါးရာ ကို ဥ ပဒေတွေ နဲ. အတိုင်း အတာ တခု အထိ ရောက် အောင်၊ ထိန်း ချုပ်မှု တွေ နဲ နဲေ လးတောင်မလုပ်သေးပဲ၊ သူတို. ရဲ. Economic crimes တွေ၊ ရာ ဇ ၀တ် မှု မြောက် တဲ. စီး ပွား ရှာ စားပုံ တွေ ကို သာ အကြီး အကျယ် ဘေးမဲ.လုပ်စေ ပြီး ဘယ် လောက် ဆက်လက်ခွင်.ပြု ပေးထားသ လဲ ဆို တဲ. ဆန်းစစ် မှု စံ  နဲ.  တိုင်းပါ။

သတိ ဆို တာ ဘယ်တော.မှ ပို တယ်လို.  မရှိ နိုင်ပါ၊ ဒီ လို အခြေအနေ အချိန်အခါဆိုတာ အသွင်မတူတဲ. သူတွေ ယှဉ်တွဲ ပြီး တွေ. ဆုံနေ မှု  ဆက်တိုက်ဖြစ်နေဖို.လို သလို၊ ဘက်အသီးသီး ကလည်း ပြည်သူလူထု အတွက် အနှစ်သာရ ပါ အောင်၊ တကယ် အလုပ်ဖြစ်အောင်၊ အားလုံးယုံကြည်မှု တွေ ဖြစ်လာအောင်၊ မြန်မြန်သွက်သွက် အလုပ် လုပ် ၇ မဲ. ကာလပါ။ ကာယကံ မြောက်တဲ. လုပ် ရပ်တွေ ရှိ သင်. ပါပြီ လို. တိုင်းပြည် က ပြောနေပါတယ်။ လူတိုင်း က စောင်. နေကြပါတယ်။ ဓါတ်ပုံတွေ သက်သက်ကတော. ဘာ အနှစ်သာရ မှ မ ရှိ ပါဘူး။

ပြည်သူဘက်တော်သား အားလုံး နေရာတိုင်းမှာ နိုင်ငံရေး နိုးကြား မှု အပြည်.နဲ. သတိ၊ ရှိကြပါ။ ပြည်သူတွေ မျက် နှာ ပဲ ကြည်.ရ ပါမယ်။ သူတို.ကိုပဲ  ထောက်  ထားရပါမယ်။  သန်းပေါင်းများစွာသော  underdogs  တွေ အတွက် စာနာပေးရပါမယ်။ သူတို. အတွက် တရားမျှ တ ခြင်း တွေ တခုပြီးတခု  ဖြစ်လာ အောင် ပြတ်ပြတ် သားသား တောင်း ဆို ရဲ တဲ. သတ္တိ တွေ လည်း ရှိ ကြ ရ ပါမယ်။  ရှေ. ဆက် ရ မဲ. လမ်းစဉ် မှာ လည်း ခု ၆ လစာ အတွက် သာ မက၊ နောင် နှစ် များစွာ အနာဂတ် အတွက်ပါ အများပြည်သူထပ်မခံ ရ လေ အောင် ရပ်တည် မှု ပြ ကြရပါမယ်။

ဒီတော.ရခိုင် ပြည်နယ် က လူ ၀င်မှု ပြဿနာတွေ အရ ကိုယ်.လူမျိုး ရ ခိုင် တွေ အပေါ် တဖက်စောင်းနင်း ဖြစ်တဲ. ဒု နိုင်ငံ ခြားရေး ၀န် ကြီးရဲ. ဆုံးဖြတ်ချက်ကို လဲ ၀ိုင်း ဆန္ဒပြကြရမှာ ဖြစ်ပါတယ်။ သူတို.ရဲ. သားကောင်ချနင်းရေး မူ အရ ကိုယ်.လူမျိုးကို ပြန် နှီပ်ကွတ်တဲ. အထက်ဆုံးဖြတ်ချက် မှန်သမျှ ဖီ ဆန် ရ ပါမယ်။ ဆွေးနွေး ပွဲ တွေ ကို ဆန်.ကျင်ဖို. မလိုသော်လည်း  ပြည်သူကိုစော်ကားတဲ. ဆွေးနွေးပွဲ ဆုံးဖြတိချက် မှန်သမျှ ၀ိုင်း ပြီး ပြန် ပြောင်းပြန်လှန် ပစ်ရ မှာ ဖြစ်ပါတယ်။ သူတို.လုပ်၇မှာက လူမျိုးခြားတွေ ကို ဖေါ် လန်ဖားပြီး မြန်မာပြည်ကို ချ ကျွေးရေး မဟုတ်ဘူး။ တိုင်းပြည်ကိုချကျွေး တိုင်း ငြိမ်နေရ မယ်ဆိုရင် ရေရှည်မှာ ဒီ.ထက်ပိုသွေးစွန်းလိမ်.မယ်။

မျက် နှာ ချင်း ဆုံ တိုင်း အကျိုး စီးပွားချင်း မတူ နိုင်။

ဒါးမိုးအုပ်ချုပ်ခဲ.တဲ. အာဏာ ရှင် တွေ ကို  အချင်းချင်း လို. ထင် လာ ရင် မှားမယ်။
(၁) land grabs မြေသိမ်း ယာ သိမ်း ကိစ္စ တွေ။
(၂) ၇ခိုင် ပြည် နယ် က ခိုးဝင် လာ တဲ. ဘင်ဂါလီ ပြဿနာ  immigration fraud in Rakhine Stateကိစ္စ တွေ။
(၃) အလုပ်သမားကိစ္စ တွေ
(၄) ဆက် ထိန်းသိမ်းထားတဲ. နိုင်ငံ ရေး အကျဉ်းသမားများ ကိစ္စ တွေ
(၅) မိမိ ကိုယ် မိမိ စီးပွားရေး ဒဏ်ခတ် မှု ၏ အဓိက အကြောင်း ရင်း လို. ဆို နိုင် တဲ. တရားမျှတသော ကူသန်းရောင်းဝယ်ခွင်.နဲ. ရင်း နှီး မြှပ် နှံ မှု ဆိုင် ဥပဒေတွေ ကို တမင် ဖျောက်ထားခြင်း တွေ
(၆)ကချင် ပြည်နယ်မှာ စစ် ဖြစ်နေတာတွေ

အထက်ပါ အကြောင်းကြီးများကို  ကို နဲ နဲနဲ လေးတောင် မရှင်းနိုင်ပဲ မြန်မာုပြည်မှာ ဦးသန်းရွှေ grooming လုပ်ထားတဲ. ဦး ရွှေ မန်း က   public relations ထူး ချွန် နေတာ တော. ၀မ်းနည်း ရ မှာ လား၊ ၀မ်းသာ ရ မှာလား။  စဉ်းစားရ ခက်ပါတယ်။ သေချာတာကတော. သူဟာ  သူ.သား ၂ ယောက် နဲ. ဇေကမ္ဘာ ခမီးခမက် ၊ တခြား ခြစား ၀န်ကြီးများ နဲ. ခရို နိ များကို ၈၈ အုပ်စု ထက် ပို ချစ် ခင် ယိုင်းပင်းနိုင် တယ် ဆို တဲ. အချက် ပါ။

State Legitimacy နိုင်ငံတော် သို. အုပ်ချုပ်ရေး ဆိုင် ရာ တရားဝင်ဖြစ်မှု ၊ ကို ပြည်သူလူထု ထောက်ခံ မှု မပါပဲ နေရာ အချို. မှာ ရေ တမံ ဆောက်၊ လမ်းဖေါက်၊ နိုင်ငံ ခြားသွား၊ အတိုက်အခံ တွေ  နဲ. ( အရင်ကထက် တမူထူးခြားပြီး) အနည်းငယ် ဆွေးနွေးပြရုံ၊ ပွဲ တက် ပြ ရုံ နဲ. တည်ဆောက်လို. မရ နိုင်ပါ။ နိုင်ငံ မှာ  ပြည်သူ အများစု အတွက်သက်သာချောင်ချိအောင် ဘာ မှ လုပ်ပေးလို စိတ် မရှိသေးရင် ၊ ဘယ်လို နည်းလမ်းတွေ သုံးသုံး၊ ၂၀၀၈  က ဖွဲ. စည်းပုံ ဥဒေကြီး ရှိ လင်. ကစား၊ ဒီ အုပ်ချုပ် ရေး မှာ အများ ကိုးစားယုံကြည်တဲ. legitimacy မရှိ သေးဘူး လို. ပြော ရမှာပဲ။   

စစ်တပ်backing နဲ. အမြတ် ထုတ် ခရိုနီ ခေတ်မှာ ရေ ရျည်စီ မံ ကိန်းတွေ နဲ. တမင် -စန်းတင် ထားတဲ. . သား၂ယောက် ကို ထိပ်တန်း ခရိုနီ တွေ အဖြစ် ခိုင်မာစေတဲ. ဦး ရွှေ  မန်း လမ်းကြောင်း ကို အသင်လူအများက  မသိစိတ် မှာ အထင် ကြီး ကြောက် ရွံ. နေ ကြတယ် ဆို ရင် ဒါ ဟာ စတော. ဟုမ်း ဆင် ဒရုန်းပါပဲ။ ဘယ်. လို ပုံ ၇ိပ် တွေ ထင်လာ အောင် အသွင် အပြင်တွေ နဲ. identify လုပ် လာ ကြ သည်ဖြစ်စေ၊ ပုံ ရိပ် ဆိုတာ ရ လဒ် မဟုတ် သေးပါ။ တိုင်းပြည် က လိုအပ်နေတာ ရ လဒ် ကောင်းတွေ ပါ။ အတိုက်အခံ ဖက် က  mandate ရထားသူတွေ နဲ. မြန်မာပြည် က physical power structure  မှာ နံပါတ် ၃ လို. အသတ်မှတ်ခံထားရတဲ. ဦး ရွှေ မန်း တွေ.ဆုံပွဲ မှာ သူတို. တွေ ဖက်က  ဘယ်လို သတ်မှတ်ချက်တွေ နဲ. အာ ဏာ ရှင် လူဝတ်လဲ တွေ နဲ. မည်သည်. ခေါင်းစဉ်များ ကိုေ ဆွး နွေး သည်ဖြစ်စေ---- တတိုင်းပြည် လုံး စစ် ဖိ နပ် အောက် နှစ် ၅၀ ရောက်၊ အာ ရှ မှာ နောက် ပိတ်ဆုံး ၊ အသံ မဲ. ဘ၀တွေ ပြုန်းသထက် ပြုန်း  ငတ်မွတ် နိမ်.ကျ စွာ နေ နေ ရ တဲ. အဆင်.  က ၂ လက်မ မြင်.တက် ဖို. အရေး၊ NGOs တွေ ကို ခေါ် လာ ရုံ အဆင်. ထက် ကြိုး ပမ်း နိုင် ကြပါစေ။

ကျေးဇူးပါ ။
အေးအေးစိုးဝင်း

NLD လူငယ် အဖွဲ့ဝင်များနှင့် မြန်မာပြည်တွင်း ပါတီအဖွဲ့အစည်းများမှ အဖွဲ့ဝင် လူငယ်များ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိ...



 

 ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိလာကြတဲ့ ပြည်နယ်နှင့်တိုင်း အသီးသီးမှ အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်များ..
ဂျပန်နိုင်ငံရှိ Japan International Cooperation Centerရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံမှ တရားဝင်ပါတီ အသီးသီးမှ လူငယ်(၄၂)ဦးပါ အဖွဲ့သည် ဂျူလိုင်လ ၃ရက်နေ့ မနက် ၉နာရီက ထိုင်းလေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံ နာရီတာ လေဆိပ်သို့ ရောက်ရှိလာပါသည်။
ထိုသို့ ရောက်ရှိလာကြတဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ထောက်ခံအားပေးသူ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တချို့မှ အဖွဲ့ချုပ်လူငယ်များနှင့် မြန်မာနိုင်ငံမှ လူငယ်အဖွဲ့ဝင်များအား လေဆိပ်တွင် သွားရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြပါသည်..။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ခံ ဒေါ်အေးအေးမာ အပါအဝင် လူငယ် အဖွဲ့ဝင်၁၀ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၅ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လေးဦး၊  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၃ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ၃ဦး၊  ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ ၁၃ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ၄ဦးတို့လိုက်ပါ လာခဲ့ကြောင်း သိရှိရသည်...။ မြန်မာနိုင်ငံ ပါတီအသီးသီးမှ လူငယ်အဖွဲ့ဝင်များဟာ ဇွန်လ(၃)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ တပတ်တာ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံပါလီမာန်နဲ့ သက်ဆိုင်ရာများကို လေ့လာမှာ ဖြစ်သည့်အပြင် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုဆိုင်ရာများ၊ သမိုင်းဝင် ဆိုင်ရာနေရာများ၊ ဆွေးနွေးပွဲများအပါအဝင် ဂျပန်လွှတ်တော် အမတ်များနှင့်ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်..။

ယနေ့ရောက်ရှိလာကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များအား တာဝန်ခံ မအေးအေးမာမှ ဦးဆောင်ခဲ့ပြီး ကချင်၊ ကရင်၊ ရှမ်း(ကျောက်မဲ)၊ ရှမ်း(ကလော)၊ ချင်း၊ မွန်ပြည်နယ်များနှင့် ရန်ကုန်၊ တွံတေး၊ ပုသိမ်မြို့နယ်များမှဖြစ်ပြီး အမျိုးသမီးလူငယ်(၆)ဦးနှင့် အမျိုးသားလူငယ်(၄)ဦးပါဝင်ပါတယ်..။

အမျိုးသားဒီမိုကရေစီအင်အားစု NDFမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ RNDPမှ သံတွဲလွှတ်တော်အမတ် ဦးအောင်ဝင်းနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကော့ကရိတ် အမျိုးသားလွှတ်တော်အမတ် ဦးမင်းမျိုးသစ်တို့နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်များလည်း ပါဝင်ကြပါတယ်..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လူငယ်များရဲ့   ယခု ခရီးစဉ်ဟာ ပထမဦးဆုံး ဂျပန်နိုင်ငံ ခရီးစဉ်လည်းဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်ကလည်း ဂျပန်အစိုးရမှ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံရေးပါတီ အသီးသီးမှ လူငယ်အဖွဲ့ဝင် ၂၀ဦးအား ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် ဖိတ်ခေါ်ခဲ့ဘူးသည်...။
News & Photo
Demo wai yan

“အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်”

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အပါအ၀င် လွှတ် တော် ရေးရာ ဥက္ကဌ တွေနဲ့ ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာ ရှိတဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်(ရန်ကုန်- ရုံးခွဲ)မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

၂၀၀၇ ခုနှစ် သြဂုတ်လ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ကာလ အတွင်း က တခြားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ကိုမင်းကိုနိုင်
အဲဒီ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် အများစုဟာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရာမှ သမ္မတ ဦးသိန်း စိန် ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာသေးခင်က လွတ်မြောက်လာခဲ့ကြပါတယ်။ အဲဒီနောက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ အားကောင်းလာစေရေး ကြိုးပမ်းလှုပ်ရှားနေကြပါတယ်။
မေး။ ။ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် လွှတ် တော် ရေးရာ ဥက္ကဌ တွေ နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘာတွေ အဓိကထား ဆွေးနွေးဖြစ်ခဲ့ကြပါလဲ။
ကိုမင်းကိုနိုင်။ ။ အဓိကကတော့ဗျာ သူတို့ လွှတ်တော်ဆိုတာက ဥပဒေပြုတဲ့ကိစ္စက မူလတာဝန်ခံပဲ။ တခုတော့ ရှိတယ်ဗျ။ နိုင်ငံမှာတော့ အာဏာ အမြင့်ဆုံးနေရာပဲ။ အုပ်ချုပ်ရေးဆိုတဲ့ သမ္မတကိုတောင်မှ လွှတ်တော်ကနေ ရွေးရတာကိုးဗျ။ ဒီတော့ အစိုးရအဖွဲ့ပြီးသွားရင် လွှတ်တော်ရဲ့ကိစ္စက ပြည်သူတွေကို အကာအကွယ် အစောင့်အရှောက် ပေးနိုင်မယ့် ဥပဒေတွေ ပြ ဌာန်း ဖို့ရယ်၊ ပြည်သူတွေအတွက် မလိုဘဲ ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့၊ ဖိနှိပ်ချုပ်ချယ်နေတဲ့ ဥပဒေဆိုးတွေကို အကုန်ဖျက်သိမ်းဖို့ရယ်၊ ဒီ ၂ ခုပါပဲ။ အဲဒီ ၂ ခုကိုပဲ ကျနော်တို့ဆွေးနွေးကြတာ။ ကျနော်တို့ ဆွေးနွေးမှုတွေက အဲဒီအထဲက ပြေး မလွတ်ပါဘူး။
မေး။ ။ ဘာကြောင့် ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ ဆွေးနွေးမှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အမြင်လည်း သိပါရစေ။
ဖြေ။ ။ ကျနော်တို့ လိုရင်းပြောရင်တော့ အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်။ သူတို့အနေနဲ့ အရပ်ဘက်ကိုပြောင်း လဲ လာပြီးတော့ အရပ်သားများအနေနဲ့ ကြိုးစားကြတယ် ဆိုတဲ့နေရာမှာ အရင်က ခေါက်ရိုးကျိုးနေတဲ့ အမိန့်နာခံမှုနဲ့ ခိုင်းမှ လုပ်မယ်ဆိုတဲ့လူတွေ အဲဒီပုဂ္ဂိုလ်တွေ ယနေ့အထိ ရှိတယ်၊ ကျန်နေတယ်ဆိုတာလည်း နားလည်ကြပါတယ်။ အဓိကကတော့ ဦးဆောင်ဦးရွက်ပြုတဲ့ လွှတ်တော်ထဲမှာ တာဝန်ထမ်းဆောင်ကြတဲ့လူတွေဟာ တကယ်ပြုပြင် ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒရှိနေ ဖို့ပဲ။ ကျနော်မြင်တာကတော့ မနေ့က ကျနော်တို့တွေ့ခဲ့တဲ့အပေါ်မှာတော့ သူတို့ပြုပြင်ပြောင်းလဲရေးလုပ်ချင်စိတ် တကယ်ရှိပြီး ကြိုးစားနေတယ်လို့တော့ ယူဆလို့ ရတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း ပြောထားပြီးသား ရှိတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်မယ့် ပုဂ္ဂိုလ်မှန်ရင် ဘယ်အင်အားစုနဲ့မဆို ကျနော်တို့ လက်တွဲမယ်ဆိုတာ၊ အဲဒါကြောင့် ကျနော်တို့မနေ့က တွေ့ဆုံဖြစ်ကြတာပါ။
မေး။ ။ အခုလို ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် လွှတ်တော်ရေးရာ ဥက္ကဌ တွေနဲ့ ဆွေးနွေးတယ် ဆိုတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေမှာ အစီအစဉ် ရှိလား။
ဖြေ။ ။ ကျနော်တို့က ရွေးကောက်ပွဲတခုတည်းကိုပဲ အာရုံစိုက်နေတဲ့လူတွေတော့ မဟုတ်ဘူးဗျ။ တဘက်ကနေပြီးတော့ နိုင်ငံ တကာမှာ ပြန်ကြည့်တဲ့အခါ ရွေးကောက်ပွဲ ၀င်ရင် ဘာလုပ်မလဲ။ ရွေးကောက်ပွဲ ၀င်ပြီးလို့ နိုင်မယ် ဆိုပါတော့၊ ပြီးတော့ ရော ရွေးကောက်ပွဲ နိုင်လို့ အလုပ်ဖြစ်ရဲ့လားဆိုတာ ဇင်ဘာဗွေ နိုင်ငံ လိုမျိုး ပြန်ကြည့်လိုက်ပါဗျာ။ အဲဒါဆိုရင် သုံးသပ်လို့ရပါတယ်။ ကျနော်တို့ ၁၉၉၀ ကို ပြန်ကြည့်ဗျာ။ အဲဒီတော့ တကယ်တမ်းက Instituion ခေါ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ မခိုင်မာဘဲနဲ့ အားမကောင်းဘဲနဲ့ ဒီမိုကရေစီကို ရွေးကောက်ပွဲ နည်းလမ်းတခုတည်းနဲ့ ကူးပြောင်းတဲ့ အစဉ်အလာကို ကျနော် တို့က မစဉ်းစားဘူး။ ရွေးကောက်ပွဲဆိုတာက အတော်များများစဉ်းစားကြပြီး အဲဒါကို အာရုံစိုက်ကြတာများပါတယ်။ ကျနော် တို့ကတော့ ရွေးကောက်ပွဲက ရတဲ့ ရလဒ်ကို ပြန်ဖော်ဖို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းနေဖို့၊ အရပ်သား တွေ၊ ဒီမိုကရက်တစ်တွေ အားကောင်းနေဖို့ ကျနော်တို့ ပိုပြီး အာရုံ စိုက်တယ်။
မေး။ ။ ဒီတော့ ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဘာတွေကို ဘယ်လို ဆက်ပြီး ဆွေးနွေးပြောဆို ခဲ့ပါသေးလဲ။
ဖြေ။ ။ ကျနော်တို့ ခရီးစဉ်တလျှောက်လုံး တွေ့ခဲ့သမျှတွေမှာ ပြည်သူတွေရဲ့ နစ်နာတဲ့ ဆုံးရှုံးမှုတွေ၊ ပြည်သူတွေ ဖြစ်ချင်တာ အကုန်လုံးကို မနေ့က တွေ့ဆုံမှုမှာ ကျနော်တို့ ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် ရေးရာကော်မတီ ဥက္ကဌ တွေ အကုန်လုံး ကို ပြန်ပြီးတော့ သယ်ဆောင်ပြီး အရောက်ပို့နိုင်ခဲ့ပါတယ်။ အဲဒါတွေအကုန်လုံးကို ခြုံပြောလိုက်မယ်ဆိုရင် လွှတ်တော်ထဲမှာ အသစ်ရေးဆွဲမယ့် ဥပဒေတွေ၊ ဥပမာ တခုပြောပါ့မယ်၊ အများအတွက် အကျိုးရှိတဲ့ ဥပဒေတခုကို ပြဌာန်းလိုက်ပြီ၊ ပြဌာန်း လိုက်ပေမယ့် လက်တွေ့ကျတော့ အကောင်အထည်ဖော်ဖို့ နည်းဥပဒေ မထွက်သေးဘူး။ အဲဒီအခါကျတော့ အလုပ်လုပ်လို့ မရဘူး။ အုပ်ချုပ်ရေး ယန္တရားဘက်ကလူတွေက ဒါကို အကြောင်းပြပြီးတော့ အပြောင်းအလဲကို တကယ်မလုပ်ကြဘူး။ နဂိုကတည်းက မလုပ်ချင်တဲ့လူတွေ ပြောနေတဲ့ကြားထဲမှာ ခေါက်ရိုးကျိုးတွေကြားထဲမှာ ခုနကလို လုပ်ထုံးလုပ်နည်း မရှိလို့ဆိုတဲ့ ဆင်ခြေတွေ၊ နည်းဥပဒေ မရှိသေးလို့ဆိုတဲ့ဆင်ခြေတွေနဲ့ ပြည်သူတွေဟာ အကောင်းဘက်ပြောင်းလဲမှုကို မခံစားရဘူးပေါ့ဗျာ။ အဟောင်းအတိုင်းပဲ ဖြစ်နေတယ်။ အဲဒီ ပြဿနာတွေကို ကျနော်တို့ တင်ပြဆွေးနွေးနိုင်ခဲ့တယ်။ အဲဒီအပေါ်မှာလည်း ကျနော် တို့ ဖြစ်စေချင်တာ ဥပဒေ တခု ထုတ်ပြန်ပြီးရင် နောက်ထပ်ပြီး လိုက်လာပြီးတော့ နည်းဥပဒေကို ကာလ အကန့်အသတ် ဘယ်လောက်အတွင်းမှာ ဘယ်နှရက် အတွင်းမှာ အပြီးအပြတ် ရအောင်ထွက်ရမယ်ဆိုတာမျိုးကို အခုလာမယ့် လွှတ်တော်မှာ ဥပဒေ တရပ်အနေနဲ့ကို ပြဌာန်းပေးဖို့ ကျနော်တို့ ပြည်သူတွေကိုယ်စားပေါ့ဗျာ ကျနော်တို့ အဓိက အလေးထားပြီး ပြောပြခဲ့ တယ်။ ကျန်တဲ့ အချက်အလက်တွေလည်း တော်တော်များပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဇူလိုင် ၁ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ – ၈၈ မျိုးဆက်ကျောင်းသားများ)
မေး။ ။ ၈၈ မျိုးဆက် ကျောင်းသားတွေဘက်က ဆွေးနွေးပြောဆိုမှုကိုရော သူရ ဦးရွှေမန်းအပါအ၀င် လွှတ်တော် တာဝန်ရှိသူတွေဘက်က ဘယ်လို တုံ့ပြန်ခဲ့လဲ။
ဖြေ။ ။ ကျနော်တို့ ပြောတာအကုန်လုံးကို သူတို့သဘောတူပါတယ်။ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်တဲ့နေရာမှာ သူတို့ကြုံ တွေ့ရတဲ့ အခက်အခဲ အခြေအနေတွေကိုလည်း သူတို့ ရိုးရိုးသားသား ကျနော်တို့ကို ပြောပြပါတယ်။ အပြောင်းအလဲ ဆိုတဲ့ အတွက်ကြောင့် အရင်အဟောင်းထဲက ဟာတွေက မလိုက်ပါနိုင်မှုတွေရော ပြီးတော့ အခုမှ၊ သူတို့ ကိုယ်တိုင်လည်း တသက် လုံးမှာ စစ်တပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ပြီး အမိန့်ပေးတဲ့စနစ်ကိုပဲ ကျင်လည်လာတာဆိုတော့ အသွင်ကူးပြောင်းရေးလုပ်တဲ့အခါ မှာ ကျင့်သားမရသေးတာတွေကို ရိုးရိုးသားသား ကျနော်တို့ကို ပြောပြပါတယ်။ နိုင်ငံတကာလှည့်လာပြီးတော့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီးတော့ အများကြီး သူတို့ လွှတ်တော်ထဲမှာ အလုပ်လုပ်ဖို့ လိုနေသေးတယ်ဆိုတာကို ပြောပါတယ်။ တကယ်လည်း သိပါတယ်။
ကျနော်တို့ မြင်တာက အဲဒီလို ရိုးရိုးသားသား အမှန်အတိုင်းပြောတဲ့ ပွင့်လင်းမြင်သာမှုကို ကျနော်တို့ သဘောကျတယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ အနာ သိဖို့လည်း လိုတာကိုးဗျ။ အနာသိမှ ဆေး ကုလို့ ရမှာ။ သူတို့ ဖြစ်နေတဲ့ အခက်အခဲတွေကို ကျနော်တို့ သိခွင့်ရတယ်။ နောက်တခါ လူထုကြားထဲမှာ ဖြစ်နေတဲ့ အခက်အခဲ ကိုလည်း သူတို့ သိခွင့်ရခဲ့တယ်။ အဲဒီတော့ အနာတွေကို အမှန်အတိုင်းပြောကြတယ်။ ပြီးတော့ သဘာဝကျတဲ့ နည်းလမ်းကို တကယ်ပဲ ရွေးကြရမှာကိုး။ အနာကို၊ အားနည်းချက်ကို ဒီအတိုင်း၂ ဘက်လုံးပြောနိုင်ကြတာကတော့ အကျိုးရှိပါတယ်၊ ဆက်ပြီးတော့ ကုထုံးတွေလည်း ကျနော်တို့ စဉ်း စားကြပါတယ်။ ဥပမာ ဆိုပါတော့ဗျာ။ တကယ် တတ်ကျွမ်းတဲ့ ပညာသည်တွေကို အကူအညီတွေ ကျွမ်းကျင်သူတွေခေါ်ပြီးတော့ နောက်ထပ် ကော်မရှင်တရပ် ဖွဲ့စည်းတာမျိုးပေါ့ ဗျာ။ သူတို့မှာ ရှေ့ဆက်ပြီး တော့ အစီအစဉ်တွေ အများကြီး စဉ်းစားထားတာ ရှိတယ်။ အဲဒီ အကြောင်းတွေလည်း ကျနော်တို့ကို ပြန်ပြီးတော့ ရှင်းပြတယ်။
မေး။ ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ၈၈ မျိုးဆက်ကျောင်းသားတွေကို လွှတ်တော်နိုင်ငံရေး ဖြစ်စဉ်ထဲ ၀င်ရောက် ပူးပေါင်း လုပ်ဆောင်ဖို့ ဖိတ်ခေါ်တာမျိုးရော ရှိလား။
ဖြေ။ ။ အထူးတလည် တခုတ်တရ ကျနော်တို့ကို ဖိတ်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် အားလုံး နိုင်ငံသားတိုင်းဟာ လွှတ် တော်ထဲ ၀င်ပြီး လုပ်ဖို့ ရွေးချယ်ခွင့်ရှိတာပဲဗျာ။ ဒါကတော့ ကိုယ့်ရွေးချယ်ခွင့်ပဲပေါ့။ လောလောဆယ်ကတော့ ကျနော်တို့ လတ်တလော အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းအောင် လုပ်နေတယ်။ အရပ်ဘက် လူ့ အဖွဲ့အစည်းတွေ အားကောင်းရမယ် ဆိုတဲ့အချက်ကိုလည်း လွှတ်တော် ဥက္ကဌ ကိုယ်တိုင်က သူယုံယုံကြည်ကြည်နဲ့ လက်ခံတယ်။ အဲဒါ ကျနော် တို့ ကောင်းမွန်တဲ့ အချက်တချက်လည်းဖြစ်တယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းအောင်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း အရပ်သားတွေရဲ့ အခန်းကဏ္ဍက မြင့်မားအောင် ဒါပဲ ကျနော်တို့ အာရုံစိုက်မယ်ဗျာ။
မေး။ ။ နောက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးလည်း ဆွေးနွေးခဲ့သေးတယ်ဆို။
ဖြေ။ ။ ကျနော်တို့ အဲဒါ ပြောဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်တွေ့မှာ သမ္မတက စကားစပ်ရင် စပ်သလို ပြန်လာလို့ရရင် ပြန်လာပါလို့ ပြောတယ်။ အဲဒါက ကျနော်တို့ဆိုလိုတာက အမိန့်ဒီဂရီ တရပ်ကို သပ်သပ်မှတ်မှတ် ကြေညာပေးတာမျိုးကို ကျနော်တို့ လိုချင်တာကိုး။ လက်တွေ့မှာကျတော့ တယောက်ချင်း သံရုံးသွားပြီး ခွင့်ပန်ရတယ်။ သံရုံးက ခွင့်ပြုတဲ့ လူက တော့ ပြန်လာလို့ရပြီး ခွင့်မပြုတဲ့လူက ပြန်မလာဘူး။ ဘယ်စံဘယ်နှုန်းတွေနဲ့ ခွင့်ပြုမယ်၊ ခွင့်မပြုဘူးဆိုတာ မသိရဘူး။ အဲဒါကြီး က အရင် အဟောင်းကြီးဗျ။ တယ်မနိပ်ဘူး။ လက်တွေ့မှာ အလုပ် မဖြစ်ဘူး။ အဲဒါကြောင့် အားလုံး ပြန်လာနိုင်ဖို့ကို အမိန့်ဒီဂရီတရပ် ထုတ်ပြန်နိုင်ဖို့ ကောင်းတယ်။
ကျနော်တို့က အဲဒီကိစ္စတင် မကဘူးဗျ။ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ ကိုပါ အထူးအလေးထားပြီး ထိပ်ဆုံးကနေပြီး ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီပုဂ္ဂိုလ်တွေဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် အင်အားတွေ ဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံရေး လုပ်ရင်းကိုင်ရင်းနဲ့ နိုင်ငံရေး ယုံကြည်မှုအပေါ်မှာ အလုပ်လုပ်ကြရင်းနဲ့ အမှုအမျိုးမျိုးတပ်ပြီးတော့ အဖမ်းဆီး ခံနေရတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီသမားတွေပေါ့။ သူတို့ရဲ့ လွတ်မြောက်ရေးကို အလေးအနက်ထားပြီး ပြောခဲ့ပါတယ်။ သူတို့ကလည်း ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတည်ဆောက်ရေးမှာ အင်အားတွေဖြစ်မယ်ဆိုလို့ရှိရင် ဒီ အင်အားတွေကို အသုံးချဖို့၊ ဒီ အင် အားတွေဟာ တိုင်းပြည်အတွက်ဖြစ်တယ် ဆိုတာမျိုး သူတို့ လိုလားပါတယ်။ အဲဒီတော့ ဆက်ပြီးတော့ သူတို့က ကျနော်တို့ ပြောဆိုခဲ့တာတွေကို အလေးအနက်ထားပြီး ဆောင်ရွက် ပါလိမ့်မယ်။
အလားအလာကောင်းတွေ ဖြစ်လာမှာပါ။ ကျနော်တို့ တတ်စွမ်းသမျှ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပြီး တင်ပြခဲ့တာပါ။ စာရင်းဇယားတွေလည်းပြုစုတဲ့သူက ပြုစုနေကြပါတယ်။ အဲဒီအထဲမှာတော့ ကျနော်တို့သိသလောက် လူမကျန်ရအောင် ကြိုး စားပြီးတော့ လုပ်နေပါတယ်။ ။