Saturday, July 14, 2012

စစ်တွေမြို့၊ ရခိုင်တိုင်းရင်းသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး မြို့လုံးကျွတ်ကော်မတီက UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်



















































ယနေ့ 14-7-2012 နေ့တွင် စစ်တွေမြို့၊ ရခိုင်တိုင်းရင်းသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး မြို့လုံးကျွတ်ကော်မတီက UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ အဆိုပါကြေငြာချက်တွင် ဇူလိုင်လ(၁၁)ရက်နေ့တွင် နိုင်ငံတော်သမ္မကြီးက UNHCR တာဝန်ရှိသူတို့အားပြောကြားသည့် သဘောထားမှတ်ချက်အား ထောက်ခံကြောင်း၊ UN နှင့် INGOs တို့သည် ခေတ်အဆက်ဆက်ကပင် ရခိုင်ပြည်တွင် အခြေတည်ပြီး တရားမ၀င်ကျူးကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသား ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလူမျိုးကိုကိုထောက်ပံ့ခဲ့ကြောင့် ယခုကဲ့သို ဘင်္ဂလီများ၏အကြမ်းဖက်မှုကို ရခိုင်တိုင်းရင်းသားများခံစားခဲ့ရကြောင်း၊ သို့အတွက်ကြောင့် အဆိုပါ UN နှင့် INGOs တို့မှ ရခိုင်တိုင်းရင်းသားများအပေါ် ပေးအပ်မည့် မစို့တပို့အကူအညီကိုလုံးဝငြင်းပယ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းနှင့်ဓာတ်ပုံ-ဒီနွေဦး(စစ်တွေ)

News of Myanmar မှ ကူးယူဖော်ပြပါတယ်။

ရပ်တန်းကရပ်ဖို့ အချိန်တန်ပြီ




နှစ်ပေါင်းများစွာအုပ်ချုပ်သူအာဏာပိုင်များသည်  ပြည်သူလူထုလူတန်းစားအလွှာအသီးသီးတွေအပေါ် ရန်ငြိုးရန်စမရှိပဲ  အငြိုးကြီးစွာ ဖမ်းဆီး၊ နှိပ့်စက်၊ ညှင်းပမ်း၊ သတ်ဖြတ် ခဲ့သည့်အပြင်- အဓမ္မစေခိုင်းခြင်း၊အဓမ္မပြုကျင့်ခြင်း၊ ကိုယ့်ရပ်ကိုယ့်ကျေးရွာတွေကိုစွန့်ခွါပြီး တောထဲတောင်ထဲတွင် စစ်ပြေး
စစ်ရှောင်ဘဝနှင့် နေခဲ့ကြရပြီး၊ လူမသိသူမသိသတ်ဖြတ်ညှင်းပမ်းနှိပ့်စက်ခြင်းတို့ကိုခံခဲ့ရခြင်း၊ လူသိသူသိ သတ်ဖြတ်ညှင်းပမ်းနှိပ့်စက်
ခြင်းများခဲ့ရခြင်း၊ ခလေးစစ်သားများအား အဓမ္မစုဆောင်းခြင်း၊ လူသားများကို မိုင်းရှင်းကရိယာအဖြစ်အသုံးပြုခြင်း၊ အစလိုက်အပြုံလိုက်
သတ်ဖြတ်ပြီး လူသားအဖြစ်ရပ်တည် ခွင့်မပြုခြင်း၊ လယ်ယာခြံမြေများကိုအတင်းအဓမ္မသိမ်းဆီးပြီး ထိုက်သင့်ထိုက်တန်တဲ့ နစ်နာဆုံးရှူံး
မှုမရရှိပဲ အဓမ္မပြောင်းရွေ့မှုများခံခဲ့ရခြင်း၊ ကုန်ဈေးနှုန်းအဆမတန်မြှင့်မားလာသည့်ဒဏ်ကို ပြည်သူအများအလူးအလိမ့်ခံစားခဲ့ရခြင်း စသည့်ဆိုးဝါးခါးတီးလှသော လူမှုဒုက္ခအဝဝတို့ကို ခလေး၊ လူကြီး အားလုံးတို့သည် ခါးစီး
ပြီးခံစာခဲ့ကြရပါသည်။ အထူးသဖြင့် ထိုဒဏ်ကို မိခင်နဲ့ ခလေးများက ဆိုးဆိုးရွားရွားခံစားခဲ့ကြရပါသည်။

နှစ်ပေါင်းများစွာ ကျောင်းတော်ကရန်စရှိထားခဲ့ကြသည့် အုပ်ချုပ်သူလူတန်းစား၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအင်အားစု
တို့သည် နိုင်ငံရေးအရ သဘောထားကွဲလွဲကာ အငြိုးကြီးစွာဖြင့် ဘတပြန် ကျားတပြန် ပစ်- ခတ်- ရပ်ပြည်တွင်းစစ်နဲ့ ဖမ်းလိုက်- ဆီး
လိုက် လွှတ်လိုက်လုပ်နေသည့် နိုင်ငံရေးပဋိပက္ခကြီးကြောင့်  တိုင်းရင်းသားပြည်သူအများသည် ကျွဲနှစ်ကောင်ခတ်သည့်ကြားတွင် မြေဇာ
ပင်အတိဖြစ်ခဲ့ကြရသည်။ အစိုးရပြောင်းလဲမှုတခု ဖြစ်ဖို့အတွက် ရေရှည်တောလှန်ရေး၊ ရေရှည်နိုင်ငံရေးပဋိပက္ခ မဖြစ်သင့်သည်ကို
နှစ်ဖက်သောခေါင်းဆောင်များက အလေးအနက်စဉ်းစားသတိပြုကြရမည်။ ထို- နှစ်ရှည်နိုင်ငံရေးပဋိပက္ခနှင့် နှစ်ရှည်ဖြစ်ပွါးခဲ့သည့် ပြည်
တွင်းစစ်၏ ရလဒ်ကြောင့် ချမ်းသာအတိရှိခဲ့သည့်တိုင်းပြည်သည် အဖက်ဖက်မှယိုယွင်းပျက်ဆီးခဲ့ရပြီး ဆင်းရဲသောတိုင်းပြည်သို့ ဆိုဒ်
ရောက်ခဲ့ရသည်။ ဤသို့ဆိုလျှင် ထိုနှစ်ရှည်လများဖြစ်ပွါးခဲ့ကြသည့် ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခများကိုအဆုံးသတ်ရန်လိုပါသည်။
 ((( ဒီနေရာမှာ မှတ်ချက်တခုအနေနဲ့ အနည်းငယ်ရေးသား တင်ပြလိုပါသည်.....နှစ်ရှည်လများဖြစ်ပွါးနေသော နိုင်ငံရေးနှင့် စစ်ရေး
ပဋိပက္ခများကို နိုင်ငံရေး- စစ်ရေးခေါင်းဆောင်အိုကြီးများကကိုင်သွယ်မဖြေရှင်းနိုင်လျှင်....ဖြေရှင်းလို့နိုင်မယ့် လူငယ်မျိုးဆက်သစ်တွေ
ကို နိုင်ငံနဲ့ လူမျိုးအကျိုးကိုရှေးရှူပြီး နိုင်ငံအရေးတာဝန်များကို လက်ပုခုံးပြောင်းတာဝန်ကိုလွဲပြောင်းပေးဖို့တော့လိုပါတယ်။ သို့မှသာ ပြေမ
လည်နေသေးသည့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကိုင်တွယ်ဖြေရှင်းပေးနိုင်လိမ့်မည်ဟု စာရေးသူအနေဖြင့် အကြွင်းမဲ့ယုံကြည်ပါသည်
 ))))) အခုဆိုရင် တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် နှစ်ဖက်အင်အားစုများ၏ အပြုသဘောဆန်စွာကိုင်တွယ်ဖြေ
ရှင်းမှုကြောင့် အဆိုးသံသရာထဲက ရုန်းထွက်လာခါစရှိသေးသည့်   မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ပြောင်းလဲမှုများ အထိုက်အလျှောက် ရှိသော်ငြားလည်း စိတ်နှလုံးဒုန်းဒုန်းချရမည့် စိတ်ချရမည့်နိုင်ငံရေးလမ်းကြောင်းမှန်ပေါ်သို့မရောက်ရှိသေး။ ထိုကြောင့် သတိကြီးကြီးထား
ကာ အားလုံးပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်မည့်ရှေ့- နိုင်ငံရေးလုပ်ငန်းစဉ်များက လက်ရှိုအစိုးရမှ ချမှတ်အကောင်ထည်ဖော်ကြိုးပမ်း လုပ်ဆောင်သွားကြရန်လိုပါသည်။
လက်ရှိသမ္မတ ဦးသိန်းစိန်မှ အစိုးရ၏အုပ်ချုပ်ရေးယန္တရားတွင် စစ်တပ်ကပါဝင်မှုမရှိကြောင်းတရားဝင်ထုတ်ဖော်ပြောခဲ့သော်ငြား
လည်း၊ အချို့သောအစိုးရအာဏာပိုင်တွေက အစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကိုထိခိုက်စေသည့် လုပ်ငန်းများကိုပြုလုပ်ပြု
လုပ်နေသည်ကို လက်ရှိ- ဦးသိန်းစိန်အစိုးရမှ ထိရောက်စွာကိုင်တွယ်ဖြေရှင်းကာ အပြစ်ပေးအရေးယူဆောင်ရွက်မှုများလုပ်ရန်လိုအပ်
နေပါသေးသည်။ ဥပမာ ။ ။ နှစ် ၅၀ ပြည့် ဆဲဗင်းဇူလိုင် အခမ်းနားပြုလုပ်ကျင်းပမည့်သူများကို ခေါ်ယူစစ်ဆေးပြီး အခမ်းနားပြုလုပ်ကျင်း ပခြင်းကို ဟန့်တားနှောက်ယှက်ခြင်း၊ အခုကြားသိနေရတဲ့သတင်းအရ ပဲခူးမြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်မည့် ( ၆၅ )
နှစ်ပြည့် အာဇာနည်နေ့အခမ်းနားအား အစိုးရအာဏာပိုင်များက ပိတ်ပင်တားမြစ်ထားသည်ကို ကြားသိနေရပါသည်။ အမှန်တကယ်ဆို အစိုးရကိုယ်တိုင်ဦးစီးကာတနိုင်ငံလုံးအတိုင်းတာအရ ခမ်းခမ်းနားနားပြုလုပ်ကျင်းပပြုလုပ်ပေးရန်လိုပါသည်။
ထိုသို့ပိတ်ပင်တားမြစ်ခြင်းသည် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို လူအများက သံသယဖြစ်စေပါသည်။ ဆိုလိုသည်မှာ မလိုလားအပ်တဲ့
ပိတ်ပင်တားမြစ်ခြင်းကို မပြုလုပ်သင့်ပေ။ ဒီမိုကရေစီနိုင်ငံတော်ဆီသို့ချီတက်လျှင် စိုးရိမ်ကဲပြီး တိုင်းပြည်ကိုအကြောက်တရားနဲ့
အုပ်ချုပ်နေ၍မရပါ၊ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို ရဲရဲလုပ်ဆောင်သွားရန်လိုပါသည်။ တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင်လည်း လူထုလူတန်းစားအလွှာအသီးသီးကို အုပ်တချပ်သဲတပွင့် နိုင်ရာတာဝန်များကိုထမ်းဆောင်
ခွင့်ပြုရန်လိုပါသည်။ ဒီနေရာမှာ သတိချပ်ရမှာက ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းမှသည် ဗိုလ်သန်းရွှေလက်ထက်ထိ စစ်တပ်ခေါင်းဆောင် တဦးတည်း၏ အမိန့်အာဏာအုပ်ချုပ်မှုအောက်တွင် အစိုးရအာဏာပိုင်များက တိုင်းပြည်ကိုထင်သလိုစိတ်တိုင်းကျအုပ်ချုပ်ခဲ့သည့်
အတွက် ယနေ့တိုင်းပြည်သည်နလန်ပြန်လည်မထူနိုင်ပဲ ကိုးပါးမှောက်ခဲ့ရသည်ကို လက်ရှိအစိုးရမှ သင်ခန်းစာကောင်းကောင်း ယူ စေလိုသည်။
နိဂုဏ်းချုပ်အနေနဲ့ ရေးသားလိုသည်မှာ ဒဏ်ရာပလပွနဲ့ တိုင်းပြည်ကိုကြည့်ပြီး လူကိုသေကြေပျက်ဆီး ဒုက္ခမျိုးစုံရောက်စေတဲ့ နိုင်ငံရေး
ပဋိပက္ခနဲ့ စစ်ရေးပဋိပက္ခတွေအဆုံးသတ်စေရေးအတွက် အကျိုးမရှိတဲ့ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများ ရပ်တန်းက ရပ်ဖို့ အချိန်တန်ပြီ
ဖြစ်အကြောင်းအကြံပြုရေးသားလိုက်ပါသည်။
( ကိုဗလိုင် ) အမေ့သား
 by Ko Baloi on Saturday,
July 14, 2012 at 11:35am

အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ


by Yangon Media Group on Friday, July 13, 2012 at 10:16pm ·
အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့်မိန့်ခွန်း

 ဆီရမ်ရိ၊ ကမ္ဘောဒီးယား -  ဇူလိုင် ၁၃
မင်္ဂလာပါ-

လေးစားအပ်ပါသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြသော ဧည့်သည်တော်များခင်ဗျား-


ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြလိုပါတယ်။

ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန်အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သန်းပေါင်း(၆၀)ကျော် ရှိတဲ့ နိုင်ငံသားတွေ၊ အမျိုးပေါင်း (၁၀၀)ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အသီးသီးနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြားတည်ရှိနေပါတယ်။ ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ မဟာဗျူဟာမြောက် တည်ရှိပြီး၊ သယံဇာတအရင်းအမြစ်တွေပေါများတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများအကြားမှာ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပါတယ်။

ရာစုနှစ် ထက်ဝက်နီးပါး ကြာခဲ့ပြီးမှ ဒီကနေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ပြီး ညင်သာတဲ့အပြောင်းအလဲနဲ့ နိုင်ငံသစ် တည်ဆောက်ရေးကို ကြိုးပမ်းနေပါတယ်။ စစ်ဘက်အုပ်ချုပ်ရေးစနစ် အောက်မှ ရုန်းထွက်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းတဲ့၊ ထာဝရငြိမ်းချမ်းရေး ပတ်ဝန်းကျင်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်စေမယ့် ဒီမိုကရေစီ ခေတ်သစ်သို့ ချီတက်နေတဲ့ အထူးအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရရဲ့ ပြေပြစ်မျှတတဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲ၊ အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့ကြရမယ် ဆိုတာကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိလည်း စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ အစိုးရသစ် ပေါ်ထွက်လာချိန်မှာ မယုံကြည်နိုင်သော သံသယမျက်လုံးများနဲ့ အကဲခတ် စောင့်ကြည့်ခဲ့ကြသော်လည်းဘဲ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ အစိုးရရဲ့ စစ်မှန်တဲ့ သဘောထား၊ မှန်ကန်ပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်း အားထုတ်မှုတွေကြောင့် ထောက်ခံ အားပေးလာကြပြီ ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း စောင့်ကြည့်ဦးမယ် ဆိုတဲ့သူတွေ ရှိသလို၊ ကျွန်တော်တို့ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိ ဖိအားပေးဖို့ တိုက်တွန်းနေတဲ့သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့အစိုးရရဲ့ ပကတိ အခြေအနေမှန်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို စာနာ နားလည်ကြသူ တွေလည်း အများအပြား ရှိနေပါတယ်။

ဧည့်သည်တော်များခင်ဗျား-

အစိုးရသစ် အပြောင်းအလဲဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံသား အားလုံးဟာ အပြောင်းအလဲကို လိုလားလျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အားလုံးဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက်ရှိ ပါတယ်။

ပထမဆုံးပြုပြင်ပြောင်းလဲမှုကတော့ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့တဲ့ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ် အလေ့အထတွေ ကွယ်ပျောက် နေခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဘဲ ဖြစ်ပါတယ်။ အခြေခံအဆောက်အဦတွေ အားနည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၊ လွှတ်တော်အသစ် အပြင်၊ တရားစီရင်ရေးကဏ္ဍ ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေအုံးမှာဖြစ်ပါတယ်။ ခေတ်သစ်၊ စနစ်သစ် နဲ့ ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေများကိုလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့ပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီစနစ်နဲ့ အစိုးရဝန်ထမ်းတွေရဲ့ စိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲ ရမှာ ဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး မတူညီတာတွေ ဘေးဖယ်ထား၊ တူညီတာတွေ လက်တွဲ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ စာပေ/စာနယ်ဇင်းသမားတွေ၊ ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လက်တွဲခေါ်ဆောင်ခဲ့ ပါတယ်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် မျှော်မှန်းပြီး ပြန်လွှတ်ပေးခဲ့သလို၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာများ ပွင့်လင်းစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိန်းချုပ် ကန့်သတ်မှုတွေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေ ပြန်လာနိုင်အောင် လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ စာပေထုတ်ဝေရေး စိစစ်မှုလုပ်ငန်းစဉ်တွေကို အဆင့်ဆင့် လျှော့ချပေးခဲ့ပါတယ်။ မကြာခင်ကာလမှာ လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်တဲ့ မီဒီယာဖြစ်လာအောင် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့လည်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကို ဥပဒေနဲ့အညီ ဖွဲ့စည်းခွင့်ပြုခဲ့သလို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခြင်းမရှိခဲ့တဲ့ အလုပ်သမား အစည်းအရုံး ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများ အတွက် ဥပဒေများကို ပြဌာန်းခွင့်ပြု ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယပြုပြင်ပြောင်းလဲမှုကတော့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီ သို့ လို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်ယူနိုင်တဲ့ ပဋိပက္ခတွေဟာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကို ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ပုံစံအသစ်၊ ဒိုင်ယာလော့ အစစ်အမှန်နှင့် စေ့စပ် ညှိနှိုင်းခဲ့ရာမှာ ယခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ကျန်နေ သေးတဲ့ ကချင်ပြည်နယ်မှ KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်အောင် စစ်မှန်သော ငြိမ်းချမ်းရေးရလိုမှု ဆန္ဒတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ ကာလမှာ အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

တတိယပြုပြင်ပြောင်းလဲမှုကတော့ ဗဟိုဦးစီးစီမံကိန်း စီးပွားရေးစနစ်ကို ဈေးကွက် စီးပွားရေး စရိုက်လက္ခဏာများ  ပီပြင်စွာနဲ့ စီးပွားရေး တိုးတက်မှုရရှိလာအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ မိုက်ခရိုစီးပွားရေး အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ လိုက်လျောညီထွေရှိမယ့် အသေးစား ချေးငွေဆိုင်ရာ ဥပဒေများကိုလည်း ဟန်ချက်ညီ ပြဌာန်းပေးပြီး ဖြစ်ပါတယ်။ မက်ခရိုစီးပွားရေး အဆောက်အအုံ တောင့်တင်း ခိုင်မာစေဖို့အတွက် ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီများကို ရယူပြီး ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အမျိုးမျိုး အဖုံဖုံ ဖြစ်နေတဲ့ ပြည်တွင်းငွေလဲနှုန်းကိုလည်း ပြင်ပဈေးကွက်နဲ့အညီ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရပြီး အောင်မြင်မှုရရှိဖို့ အထူးကြိုးစားရပါတယ်။ ဥပမာအားဖြင့်- လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့တဲ့ ပြဿနာမျိုးကို ကျွန်တော်တို့ အောင်မြင်အောင် ကြိုးစားထိန်းသိမ်းနိုင်ခဲ့ ပါတယ်။

 ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရာမှာ ပြည်ပနိုင်ငံအချို့က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADB နဲ့ UNDP တို့ထံမှ အကူအညီမရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ် ပညာတွေ သင်ယူပြီး၊ ဒီနိုင်ငံတွေနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်ဖို့ ဆန္ဒ ပြင်းပြသော်လည်း ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိ ပါတယ်။ ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုး စီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊ (၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေဖို့တို့ဘဲ ဖြစ်ပါတယ်။ ဒီ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဌာန်းပြီး နိုင်ငံတကာမှာ ကျင့်သုံးတဲ့ စံနှုန်းများနဲ့အညီ ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားနဲ့ နိုင်ငံအကျိုးစီးပွားတို့ မျှတစွာခံစားနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ နိုင်ငံရပ်ခြားက ပညာရှင်တွေထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်လျက် ရှိပါတယ်။

 နိဂုံးချုပ်အနေနဲ့ယနေ့ အာရှရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေဟာ ကမ္ဘာမှာ အရေးပါလာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ အာရှဒေသအဖွဲ့ဝင် နိုင်ငံများအချင်းချင်း အပြန်အလှန်လေးစားမှု၊ အားလုံး လိုက်နာနိုင်မယ့် စည်းကမ်းဥပဒေများ ထားရှိကျင့်သုံးမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးအနေအထားသို့ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ပါရှိလာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ သဘာဝဘေးအန္တရာယ်ရန်ကို ကာကွယ်ဖို့အတွက် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အရည်အသွေး ပြည့်မီတဲ့ နည်းပညာများနဲ့ ကျွန်တော်တို့တစ်တွေ ရင်ဆိုင်သွားနိုင်မှာဖြစ် ပါတယ်။ ဒီအခက်အခဲတွေကို အာရှနိုင်ငံများ အချင်းချင်း အပြန်အလှန် အကူအညီပေးပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုများ ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ အာရှဒေသတွင်း ပွင့်လင်း တံခါးဖွင့်ဝါဒ လိုက်နာကျင့်သုံးသွားရင် ကမ္ဘာကြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှာ ဖြစ် တယ် လို့ ခံယူမိပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်ပေါင်း (၆၀) ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရပါတယ်။ အာရှမှာ မိတ်ဆွေနိုင်ငံအများက အလေးထား အသိအမှတ်ပြုခံရမယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိ လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ အာဆီယံအဖွဲ့ကြီးရဲ့ RICH ASEAN 2030 အစီအစဉ်မှာ ကျွန်တော်တို့ အစွမ်းကုန် ပူးပေါင်း ပါဝင်သွားမှာ ဖြစ်သလို ကမ္ဘာ့နိုင်ငံ အများစုနဲ့ပါ အပြန်အလှန် နားလည် ယုံကြည်မှု၊ မိတ်ဝတ်မပျက် ဆက်ဆံမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားမယ်လို့ ကတိပြု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။


POOL
သတင်း ...ရန်ကုန်မီဒီယာ ဂရု

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ။


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။

(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….




ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
လူကြီးဆိုတာ ဘာလဲ
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။
စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835

( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)

http://www.naytthit.net/?p=28975


by Yeyint Kyaw on Saturday, July 14, 2012 at 2:16am ·

ရခိုင်ပြည်သား အပေါင်းသို့



မှတ်ချက်။    မခင်စန်းနွယ် ရေးသား တိုက်တွန်းလိုက်တာကို အင်တာနက်ပေါ်က ဓါတ်ပုံတချို့ ထပ်ဖြည့်ပြီး ဖော်ပြပေးလိုက်ပါတယ်။
လေးစားလျက်
လွင်အေင်စိုး
၁၄-၇-၂ဝ၁၂
..........................................................................................

ရခိုင်ပြည်သား အပေါင်းသို့

ကျမအနေနဲ့ ခုချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပေမယ့်လည်း အမိမြန်မာနိုင်ငံရဲ့သတင်းကို စဉ်ဆက်မပြတ် စောင့်ဖတ်ခြင်းနဲ့ နားထောင်ခြင်းများကို
အချိန်ရသလောက် ကျိုးစားဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။

ကျမငယ်စဉ်ကတည်းက ရခိုင်လူမျိုးတွေကို အင်မတန်မှလေးစားပါတယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်ကမ်းမြောင် ဒေသမှာ ရခိုင်လူမျိုးတွေကြောင့် မြန်မာပြည်ဟာ ဘင်္ဂလာပြည်လက်အောက်ခံ မဖြစ်ခဲ့တာပါ။ ဘာသာရေးကိုလည်း အလွန်မှ ကြည်ညိုလေးစားတာ သိထားတော့ အမျိုး၊ဘာသာ၊ သာသနာအတွက် အလွန်တရာ ဂုဏ်ယူမိပါတယ်။

ကျမအနေနဲ့ ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေကို အားမနာတမ်း ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ဥပမာ မွတ်ဆလင် ဘာသာဝင်တယောက်က အိမ်ထောင်ပြုလျှင် မိန်းမ ၄ ယောက်ယူခွင့်ရှိပြီး ခလေးမွေးဖွားနှုန်းကလည်း အိမ်ထောင်စုတခုလျှင် ၂၈ ဦး ၊ အိမ်ထောင်တခုမှာ အနည်း ဆုံး ၁၀ ဦးနှုန်းနဲ့ မွေးဖွားခဲ့တော့ ယခုအခါမှာတော့ ရခိုင်မိသားစု ၁၀ ဦးလျှင် ခန့်မှန်းခြေ အလွန်ဆုံး ၂၀ နှုန်း တိုးခဲ့ပေ မယ့် မွတ်ဆလင်များက တော့ ၁၀ ဦးလျှင် ၂၀၀ နှုန်း တိုးပွားခဲ့ပါတယ်။

ဒီတော့ ကနေ့အခြေအနေဟာ ရခိုင် လူနည်းစုဖြစ်ခဲ့တာ မဆန်းပါဘူး။
အဓိက အဲဒီကိစ္စဟာ ရခိုင်လူမျိုးတွေမှာပဲ တာဝန်ရှိပါတယ်။  အခုတင်ပြတာကို စိတ်မဆိုးပါနဲ့။ အမှန်အတိုင်း ရိုးသားစွာ တင်ပြတာပါ။


(ရခိုင်ရိုးရာ သင်္ကြန်)

ရခိုင်လူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ ဆင်းရဲကြပ်တည်းလွန်းတာကြောင့် ၁၉၈၅ ခုနှစ်နောက်ပိုင်းနဲ့ အများဆုံးကတော့၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တော်လှန်ရေးအတွက် ထိုင်းနိုင်ငံကိုထွက်ခဲ့ကြသလို ထိုင်းနိုင်ငံမှာ လုပ်ကိုင်စားသောက်ဖို့ ရနောင်း၊ ဘန်ကောက်၊ မဲဆောက်၊ ချင်းမိုင် စတဲ့နေရာတွေကို သောင်းနဲ့ချီရောက်ကြပါတယ်။

မလေးရှားမှာတော့ သောင်းနဲ့ချီတဲ့ ရခိုင်လူမျိုးများ ရောက်နေကြပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာလည်း ဒုက္ခသသည် အစီအစဉ်နဲ့ ထောင်ချီတဲ့ ရခိုင်လူမျိုးတွေ ရောက်ရှိနေပါပြီ။

အဆိုးဝါးဆုံးအချက်ကတော့ ရခိုင်လူမျိုးသည် မိမိတို့အမျိုးသားရေးကို ထိန်သိမ်းးတဲ့အနေနဲ့ အခြားသောလူမျိုးကို အိမ်ထောင်ပြုလေ့ မရှိကြပါ။

ထို့အပြင် ရခိုင်အမျိုးသမီးများကလည်း ပြည်ပနိုင်ငံတွေကို ထွက်လေ့ မရှိကြတော့ ရခိုင် အမျိုးသားတွေအနေနဲ့ မိမိတို့ လူမျိုးအချင်းချင်း အိမ်ထောင်ပြုဖို့ အခွင့်အလမ်းနည်းပါးကြတာ အမှန်ပါ။

ဒါကြောင့် အရင်က ဘယ်လိုဘဲဖြစ်စေတော့ ယခုအချိန်မှာ မြန်မာပြည်လည်း အပြောင်းအလဲ စတင်နေချိန်မို့ နိုင်ငံတကာရောက် ရခိုင်လူမျိုးများအနေနဲ့ ပြည်ပနိုင်ငံတွေမှာ နေရတဲ့ အခက်အခဲပေါင်းစုံကို ကျမလိုဘဲ ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်။

ထို့ကြောင့် အမျိုးသားရေးတာဝန်တရပ်ကို ထမ်းဆောင်နိုင်ကြဖို့ မိမိတို့ဇာတိ ရခိုင်ပြည်နယ်သို့ပြန်ကြပြီး မိမိတို့လူမျိုးများရဲ့  မျိုးဆက်သစ်များကို လမ်းပြပေးကြစေလိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ စွမ်းအားရှိသလောက် ပါဝင်ဆောင်ရွက်နိုင်ကြဖို့နဲ့ မိမိတို့ ရခိုင်မျိုးဆက်သစ် တိုင်းရင်းသားစစ်စစ်များ တိုးပွားပြီး မျိုးဆက်အင်အား ကောင်းအောင် ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။


(ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ)

ဆက်လက်ပြီး ပြည်ပမှာဘဲ နေကြမယ်ဆိုရင် တဖြေးဖြေးနှင့် ရခိုင်လူမျိုး ဆိုတာ နောင်အခါမှာ ပန်းချီဆွဲကြည့်ရမယ်လို့ သတိပေးပါရစေ။

ဒါကြောင့် ပြည်ပရောက် ရခိုင်အမျိုးသားများ (ရခိုင်လူမျိုးများအားလုံး) ရခိုင်ပြည်နယ်ကို ပြန်လာကြဖို့  တိုက်တွန်းပါရစေ။

ခင်စန်းနွယ်
(ဇီးကုန်းမြို့ ဦးစံလှဘော်၏ မြစ်။ ခေတ္တ/အမေရိကန်ပြည်ထောင်စု)

.......................
ဒီစာကို Freedom Burma group မှာ Ko Soe Win တင်ထားတာတွေ့လို့ ရှယ်ပေးလိုက်တာ ဖြစ်ပါတယ်။
......................
Lwin Aung Soe 
14.7.2012 စနေနေ့ 

မယ်တော်ဆေးခန်း ရန်ပုံငွေ အရေးပေါ် လိုအပ်






ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်အရပ်မှာရှိတဲ့
ကျောင်းသားဆေးခန်းလို့ လူသိများတဲ့ မယ်တော်ဆေးခန်းမှာ အခုနှစ် ဇူလိုင်လကနေ နှစ်ကုန်အထိ ကျန်းမာရေး ပညာရေးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ လိုအပ်နေပြီး ရန်ပုံငွေမရရှိပါက အရေးပေါ်လူနာ (၂၀၀)လောက် ဆေးဝါးကုသဖို့နဲ့
ဘော်ဒါဆောင်နေ ကျောင်းသား ၃၀၀၀ကျော် ပညာဆက်လက်သင်ကြားဖို့ အခက်အခဲတွေ့မှာဖြစ်ကြောင်း မယ်တော်ဆေးခန်းရဲ့တာဝန်ခံ
ဒေါက်တာစင်သီယာမောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မယ်တော်ဆေးခန်းမှာ ဒီနှစ်ဇူလိုင်လကနေ နှစ်ကုန်တဲ့အထိ ထိုင်းဘတ်ငွေ (၁၈)သန်းခန့်၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် (၆)သိန်းလောက် အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ စာရေးသားပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အရေးပေါ်ရန်ပုံငွေမရပါက ကျန်းမာရေးစောင့်ရှောက်မှု တချို့နဲ့
ဘောဒါဆောင်နေ မိဘမဲ့ရွှေ့ပြောင်းမြန်မာကျောင်းသားကလေးငယ်တွေ အခက်အခဲ ဖြစ်မယ့်အခြေအနေကို မယ်တော်ဆေးခန်းရဲ့ တာဝန်ခံဒေါက်တာ စင်သီယာ မောင်က အခုလို ပြောပါတယ်။

"ဒီလက်ရှိမှာ ရန်ပုံငွေပိုင်းဆိုင်ရာနဲ့ပတ်သက်လို့က amount နည်းသွားတဲ့ အခါကြတော့ တချို့ခွဲစိပ် ရောဂါတွေက အရေးပေါ်မဟုတ်ဘူး။ အဲဒါမျိုးဆိုရင်တော့ လက်ခံနိုင်တဲ့ အရေအတွက် နည်းမယ်။ နှစ်စဉ်လူနာ (၂၀၀)လောက်ရှိတယ်ပေါ့။ မဲဆောက်ဆေးရုံကြီးကို လွဲပြောင်း ရတဲ့ လူနာတွေ မှာလည်း အရေးပေါ်အခြေအနေမဟုတ်တဲ့ ရောဂါမျိုးတွေ ဆိုရင်လည်းဒါ မပို့ပေးနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်မယ်။ အထူးသဖြင့်တော့ဘော်ဒါဆောင်တွေမှာ ဆိုရင်တော့ ရိက္ခာပဲဖြစ်ဖြစ် ပညာသင်စရိတ်ပဲဖြစ်ဖြစ် အဲလို နှုန်းထားတွေကျဆင်းသွား မယ်ဆိုရင်လည်း ကလေး(၃၀၀၀)ကျော်လောက်အတွက်ကိုတော့ ခက်ခဲလာတာပေါ့။"

ဒါ့အပြင် မယ်တော်ဆေးခန်းမှာ လုပ်နေတဲ့ အရေးပေါ်မဟုတ်တဲ့ လုပ်ငန်းစဉ် အချို့နဲ့ သင်တန်းအချို့ကိုပါ ရွှေ့ဆိုင်းရမယ်။ ရပ်ဆိုင်းရမယ့် အနေအထားရှိပြီး နေ့စဉ်ဆေးခန်းလာနေတဲ့ လူနာတွေကိုတော့
ရောဂါပေါ်အခြေခံပြီး အရေးပေါ် ကန့်သတ် ကုသပေးသွားမယ်လို့  ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

အခုနှစ် ရန်ပုံငွေလိုအပ်ရတာဟာ အရေးပေါ် လူနာတွေအတွက်
နိုင်ငံတကာ အလှူရှင်တွေက ခေါင်းစဉ်အလိုက် ကန့်သတ်ကူညီနေတာက တကြောင်း၊ မဲဆောက်ဒေသတွင်း ကျောင်းသားဦးရေ ၁၀ ရာခိုင်နှုန်း တိုးလာတဲ့အပြင် ၊ဘော်ဒါနေ မိဘမဲ့ကလေးတွေရဲ့ နေစရိတ် စားစရိတ်၊ ပညာသင်စရိတ်နဲ့ အရေးပေါ်လူနာတွေ မဲဆောက်ဆေးရုံကြီး လွဲပြောင်း ကုသစရိတ်တွေ များလာတဲ့အတွက် ဖြစ်တယ်လို့ လည်း ပြောပါတယ်။

အဲလိုအခက်အခဲတွေကို ကျော်လွှာနိုင်ဖို့ နိုင်ငံတကာအလှူရှင်တွေနဲ့
တွေ့ဆုံဆွေးနွေးပြီး အကူအညီတွေတိုးမြှင့် ရှာဖွေတင်ပြနိုင်ဖို့ ကိစ္စရပ်တွေဆွေးနွေးဖို့နဲ့ နိုင်ငံတကာရောက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်စပ်ပြီး ရန်ပုံရှာဖွေနိုင်ဖို့အတွက် အခုလို လိုအပ်ချက်ကို အခုလို ထုတ်ဖော်ပြောကြားရတာလို့လည်း ဒေါက်တာစင်သီယာမောင်က
ပြောပါတယ်။

မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်း မြန်မာပြည်
သားတွေရဲ့ ကျန်းမာရေး၊ပညာရေးနဲ့ ကလေးငယ် စောင့်ရှောက်ရေး
ဝန်ဆောင်မှုလုပ်ငန်းတွေကို အခမဲ့ လုပ်ကိုင်ခဲ့တာနှစ်ပေါင်း (၂၃)နှစ်ရှိပြီ
ဖြစ်ပါတယ်။

ပေါက်ပေါက်ဖေါက်တဲ့ဘီဘီစီ...တဲ့

ရဲရင့်ငယ်...ကနေဒါ ပေးပို့ ပါတယ်..။

ရခိုင်-ဘင်္ဂလီကိစ္စအခုထပ်ပြီးသူတို့ဆွနေပြန်ပြီ။
ဖေ့ဘွတ်ပေါ်မှာလက်လွတ်စပယ်ပြောတယ်ဘာညာပေါ့၊
ရခိုင်-ဘင်္ဂလီကိစ္စဖြစ်အောင်သူတို့ ပဲဆွခဲ့တာမဟုတ်ပါလား။
ရခိုင်ပြည်နယ်နေရာမှာဘင်္ဂလီပုံကိုတိုင်းရင်းသားအဖြစ်ဖေါ်ပြခဲ့တာကစခဲ့တာပါ။

အထဲကဘင်္ဂလီတွေကတိုင်းရင်းသားဖြစ်ရေးတောင်းမတောင်းတော့မသိပါ။
အပြင်ကဘင်္ဂလီတွေကလည်းပေါ်ပေါ်ထင်ထင်မတောင်းပါ။

ဘင်္ဂလီတွေတိုင်းရင်းသားဖြစ်ရေးတောင်းပေးနေတဲ့သူတွေကဘင်္ဂလီမဟုတ်သူတွေပါ။။
အဟတ်..အဟတ်....စားထားပြီးပြီ.....အော်ပေးရတော့မယ်...။
သူတို့အအော်ကောင်းလို့အရင်နကစနဲ့အထဲမှာသူ့ဟာနဲ့သူအဆင်ပြေနေတဲ့ဘင်္ဂလီတွေ
အခုမှဒုက္ခသည်ဘ၀လုံးလုံးရောက်ရရှာတော့တယ်။

လတ်တလောအထဲမှာသမ္မတဖွဲ့တဲ့
အင်္ကြပေးကောင်စီမှာပါသွားတဲ့အပြင်ကနိုင်ငံရေးဂလုတယောက်၊
ဘီဘီစီ၊ယူကေကန်ပိန်း၊၊ဟန်ယောင်ရွှေ၊(နော်ဝေအသံလွှင့်ဌာနကိုအဲ့ဒီပိုက်ဆံတွေနဲ့နေရာဝင်ယူ)
၊ပြည်ပရောက်ကျောင်းသားခေါင်းဆောင်အမည်ခံတချို့၊အန်အယ်ဒီအယ်အေ(ယူကေ)၊အသံလွှင်ဌာနတချို့
၊ပြည်ပမီဒီယာတချို့၊
.................................................................................................
မှတချို့ တချို့ မျှသာပါ.....


အပြင်ကဘင်္ဂလီတွေကကိုယ်တိုင်ဘာလို့မအော်ပဲဒီလောက်များတဲ့ပိုက်ဆံတွေဖြုန်းပြီး
နာမည်ရှိသူတွေကိုအော်ခိုင်းနေတာအဲ့ဒီပိုက်ဆံတွေဘယ်ကရပါသလဲ၊

ဘင်္ဂလီတွေကသူတို့ဟာအာရပ်နွယ်ဖွားတွေဖြစ်တယ်၊သူတို့လက်ရှိတည်နေရာမှာ
နိုင်ငံဖြစ်ဖို့ဘာသာရေးနဲ့ပါနွယ်ပြီးအာရပ်နိုင်ငံတွေဆီလက်ဖြန့်တောင်းလို့ရတဲ့ပိုက်ဆံ
တွေနဲ့အော်ခိုင်းနေတာပါ။
(အာရပ်နွယ်ဖွားမြန်မာတိုင်းရင်းသားများပေါ့....)
မထင်မှတ်ရလောက်တဲ့ပြည်ပနိုင်ငံရေးသမားတွေနဲ့အာရပ်၊ဘင်္ဂလီ၊
အင်တာနက်ပေါ်တက်လာတဲ့ဓါတ်ပုံတွေပလူပျံနေခဲ့ပါတယ်။

အခုလို့မထင်မှတ်တဲ့ပဋိပက္ခဖြစ်သွားတော့အော်ပေးနေသူတွေဘာဆက်လုပ်ရမှန်းမသိဖြစ်ကုန်တာပါ။
မြန်မာ့အရေးလှုပ်ရှားသူတွေကအခြားတဖက်မှာအရေးကြီးနေလို့ဘင်္ဂလီတွေမေးလာရင်သမိုင်းဆရာ
ကျောက်မြောင်းဆရာဖက်လွှဲချထားခဲ့ကြတယ်၊

ဘင်္ဂလီတွေမသိလိုက်တာကသမိုင်းဆိုတာစာဖတ်သူထောက်ခံရင်ဒီနေ့ရဲရင့်ငယ်ပြောတာ
မနက်ဖန်သမိုင်းဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။


ဘီဘီစီဖက်ပြန်လှည့်ရအောင်...
အမျိုးသားရေးကိစ္စ(ဟို...ဘောပွဲလိုပေါ့..ရှုံးရှုံးနိုင်နိုင်ကိုယ့်အသင်းပဲအားပေးရတာကလား။)
ရခိုင်တွေဖက်ကအော်တယ်၊ပြောတယ်၊ဘာဖြစ်လဲ၊
ဘယ်လောက်ပဲအော်အော်ဘာသာရေးဖက်မရောက်သွားအောင်အချင်းချင်းသတိပေးခဲ့ကြပါတယ်။
အခုမှထပေါက်ပေါက်ဖေါက်နေတာပါ။တကယ်တော့ဘင်္ဂလီ-ရိုဟင်ဂျာဆိုသူတွေကိုသတ်လိုက်တဲ့တရားခံ
ကဘီဘီစီမှဘီဘီစီပါ...ဓါတ်ပုံလေးတခုထဲနဲ့တသန်းလေးသိန်းကျော်ကိုလာခေါ်မယ့်နိုင်ငံစောင့်ရတဲ့ဘဝ
ရောက်အောင်လုပ်လိုက်တာပါ။အရင်ကဆို(ဘင်္ဂလီ-နကစ)ချစ်ကြည်ရေးရွှေလမ်းငွေလမ်းကိုဖြောင့်လို့၊
အစ်နေ့ဆိုရဲစခန်းစားစရာတွေလာပို့တာတားတောင်ယူရတယ်ဆိုပဲ၊ဗိုလ်မှုးချူပ်.......ဆို၂နှစ်လောက်ပဲ
နေတယ်သိန်းတသောင်းကျော်သပိတ်ဝင်အိတ်ဝင်ပဲ၊

အခြေချနေထိုင်သူအဖြစ်ရရင်တောင်တော်တော်လေးအဆင်ပြေနိုင်တယ်၊အဆင့်ကျော်ပြီးတိုင်းရင်းသား
ဖြစ်ချင်တော့အွန်လိုင်းမျိုးချစ်တွေတောင်မကျော်နိုင်ဖြစ်ခဲ့ရတယ်။ကနေဒါမှာဝန်ကြီးချူပ်တောင်တိုင်းရင်း
သားဖြစ်ခွင့်မတောင်းရဲဖူး၊အက်စကီးမိုးနဲ့အင်ဒီးယန်း၂မျိုးပဲတိုင်းရင်းသားရှိတယ်။သူတို့ကအခွန်ဆောင်
စရာမလိုဖူး၊အခြားအခွင့်အရေးတွေလည်းရတယ်။။

မြန်မာမှာတိုင်းရင်းသားအချင်းချင်းပဋိပက္ခဖြစ်နေချိန်မှာအခုလိုတိုင်းရင်းသားဖြစ်ဖို့ကြိုးစားတာဘင်္ဂလီ
တွေအတွက်တကယ့်ကိုမဟာအမှားတရပ်ပဲဖြစ်ပါတော့တယ်။


ရဲရင့်ငယ်(ကနေဒါ)

မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။


OIC မှ ဟန်ယောင်ဝေနှင့် နူးရ်အစ္စလာမ်





ဘရပ်ဆဲလ်တွင်မြန်မာများတွေ့ဆုံဆွေးနွေးပွဲတွင်(ဝဲမှယာ) ရိုဟင်ဂျာ ဥက္ကဋ္ဌ နရူးအစ်စလမ်၊ ကိုတင်မောင်မောင်သန်းနှင့် ဇော်ဦး

ကိုထွန်းခင် (ရှပ်အြ­ဖူ)၊ နူးရ်အစ္စလာမ်၊ ဦးဘစိန် (ကုတ်အနက်)

ကိုထွန်းခင်ဒီရထားကြီးနဲ့လာခေါ်မယ်တဲ့။။။

ရဲရင့်ငယ်...ကနေဒါ..မှပေးပို့ ပါသည်..။
Yeyint Nge on Friday, July 13,
 2012 at 8:15am

နှစ်တွေ ဘယ်လိုပြောင်းပြောင်း မမေ့စကောင်းတဲ့ နေ့တနေ့။




နှစ်တွေ ဘယ်လိုပြောင်းပြောင်း မမေ့စကောင်းတဲ့ နေ့တနေ့။

ဤပုံကို မည်သူမဆို လွတ်လပ်စွာ ကူးယူနိုင်ပါသည်။ ကူးယူသော ပုံများကို ပြုပြင်မှုတစုံတရာမှ မလုပ်ဘဲ သုံးစွဲကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။
                                         မနန္ဒာ (ဂျပန်)

ဒီမိုကရေစီတိုက်ပွဲဟာ လွတ်တော် နဲ့  ဥရောပကို ကူးစက်နေပြီ

NGOs ၃၁ ဖွဲ့၏ မြန်မာ လ.၀.က ဥပဒေပြင်ဆင်ဖို့ တောင်းဆိုသည်ကို တုန့်ပြန်ချက်


ဦးဌေးတင့် နယ်သာလန်မှပေးပို့ ပါသည်။

Response to the coalition of 31 international NGOs

                                                                                                12 July 2012


                                                     
 Response to the coalition of 31 international NGOs calling for the immigration law reform in Burma
As the Burmese political activists residing in overseas for more than two decades, we take the minority issue seriously. First of all, we would like to clarify that the recent crisis in Arakan state was not based on the race or religion but the crimes committed by both parties. The lack of rule of law and corruptions employed by the military rule for decades were to be blamed for it.
The question here for the coalition of 31 international NGOs that suggests what the lawmakers in Burma should do with regard to the immigration law reform is that  does it really think that more than 80% MPs made up of the cronies and goons of the military will listen to what they ask for? Of course not, it already knows it. If the coalition of 31 international NGOs thinks it might work to push the opposition MPs, including Daw Aung San Suu Kyi, made up of less than 20% in the whole parliament, in this case, there is something wrong with these NGOs.
Let’s say if Burma is a well established democracy, should the lawmakers in Burma listen to their constituents or a bunch of NGOs from overseas? Representative, in its own definition, is to represent the will of the constituents. Don’t the NGOs think? Also, is it so premature to suggest the lawmakers what should/ should not be inserted in the reform law that has not yet been set in the agenda to discuss in the parliament? Remember, no minority’s rights is still guaranteed under 2008 constitution in Burma.
If the coalition of 31 international NGOs thinks it has moral responsibility to craft the other nation’s laws, our question here is that how many of these NGOs members have involved in the law making process in their own country?
The fallacy of these NGOs begins with quoting the UN institutions that always have left the loopholes for the superpower nations and their cohorts to do whatever they want in the end. Let’s have a look at the most dangerous institution called R2P. Why did the superpowers use R2P against Libya? And, why don’t they use it against Syria, and why not? Does the coalition of 31 international NGOs think it should write a draft resolution or suggestion - “one size fit it all”, a universal approach - in this regard and send it to the UNSC? Anyway, the point we would like make here is that no law is perfect in this world. And, all of the laws must at least reflect the will of the majority people in the nations of their own.
Here is another example. The most powerful nation on earth called the US has signed the NDAA law during the Christmas Eve of last year, and maintained the Guantanamo prison for years. One violates the 4th amendment of the US constitution and the other violates the international law. Does the coalition of 31 international NGOs think it should write a draft and send it to the US lawmakers and others? And, may we ask them why/why not? Still, we are in serious doubt that the lawmakers in the US will pay attention to it.
If the coalition of 31 international NGOs thinks it can issue whatever statement it wants to Burma, one of worst trouble-spot nations on earth, without learning the opinion of the majority of the people in Burma in this regard, there will be a tremendous backlash and setback on these NGOs’ effort for democratization of Burma sooner rather than later.
Central Working Committee                                               Working Committee
1. U Aung Than Oo (Germany)                                                   1. Dr. Moe Moe Hnin (Belgium)
atoburma@web.de                                                                          naga@fulladsl.be
2. U Hla Myint Naing (The Netherlands)                               2. U Nai Htor Oo (Denmark)
hlamyingtnaing@yahoo.com                                                        htoroo@gmail.com
3. U Htay Tint (The Netherlands)                                             3.U Htin Kyaw Lwin (France)
htaytint@hotmail.com                                                                    htinkyaw9954@hotmail.com
4. U Kyaw Thwin (Norway)                                                         4. U Ko Htwe ( France )
kyawthwin2004@yahoo.com                                                        letkhine@gmail.com
5. Dr. Than Htike(Poland)                                                           5. Ashin Zawana (The Netherlands)
htikemaungthan@gmail.com                                                         mymmom2@gmail.com
6. U Maung Maung Aung (UK)                                                    6. U Moe Kyaw (The Netherlands)
maungmaungag@gmail.com                                                          winmoekyaw@yahoo.com
7. Daw Ohnmar Oo (UK)                                                               7. U Myat Thiha (The Netherlands)
shinminoo@gmail.com                                                                    myatthiha101@yahoo.co.uk
8. Sai Mya Han (The      Netherlands)
               nationsai@gmail.com
                                                                                                                 9. Set Myo Oo (The Netherlands)
               Setmyo.oo@gmail.com
                                                                                                                  10. U Kyaw Thu King (Norway)
                 chitsayar18@yahoo.com 
11. Ko Thant Zin Htike (UK) 
12. Mr L Goon Tawng ( UK)  
                                                                                                                    lgoontawng@yahoo.co.uk   
                                                                                 13. Mr  Chris (alias) Ring Du  Lachyung (UK)
                                                                                  rdlachyung@gmail.com
                                                                                   14. U Hla Win  ( Maesod )
                                                                                   kolawin@gmail.com  
Contect person
U Htay Tint (The Netherlands)         +31206403687        +31 6 8151 9399
Daw Ohnmar Oo (UK)                         +447727236419




NGOs  ၃၁ ဖွဲ့၏ မြန်မာ ..က ဥပဒေပြင်ဆင်ဖို့ တောင်းဆိုသည်ကို တုန့်ပြန်ချက်။
နိုင်ငံရပ်ခြားမှာ ဆယ်စုနှစ် စုကျော်ကျော် နေထိုင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများအနေဖြင့် လူနည်းစု ပြဿနာကို အလေးအနက်ထားရှိပါသည်။ ပထမဆုံး ပြောလိုသည်မှာ မကြာခင်က ဖြစ်ပွားခဲ့သည့် ရခိုင်အရေး အခင်းကိစ္စသည် ဦး ဖက်မှ ရာဇ၀တ်မှု့ ကျူးလွန်ခဲ့ကြသည်သာဖြစ်ပြီး လူမျိုးရေး ဘာသာရေးအပေါ်မှာ အခြေမခံပါ။ ဥပဒေမဲ့မှု့၊ လာဒ်စားမှု့တို့ကို ကျင့်သုံးခဲ့သည့် နှစ်ပေါင်းများစွာ အုပ်ချုပ်လာသည့် စစ်အုပ်ချုပ်ရေးအပေါ်မှာသာ တာဝန်ရှိပါသည်။
(၃၁) ဖွဲ့သော နိုင်ငံခြား NGOs အုပ်စုအတွက် မေးခွန်းကတော့ ၈၀ ရာခိုင်နှုန်း နေရာယူထားသည့် စစ်တပ်နှင့် ၄င်း၏မိတ်ဆွေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက NGOs များ၏ အဆိုပြုချက်ကို နားထောင်လက်ခံ ပါ့မလား?? နားထောင်မှာ မဟုတ်သာသေချာသည်။ အဲ့ဒါကိုလည်း NGOs အသိပင်။ ဒီ (၃၁) ဖွဲ့သော NGO အုပ်စုက လွှတ်တော်ထဲမှာ ၂၀ ရာခိုင်နှုန်းသာရှိသည့် အတိုက်အခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဒီကိစ္စနှင့်ပတ်သက်ပြီး တွန်းအားပေးနိုင်မည်လို့ယူဆလျှင် ဒီ NGOs တွေမှာ တစ်ခုခုတော့ မှားနေပြီဆိုတာကို ထောက်ပြချင်ပါတယ်။ အကယ်၍ မြန်မာနိုင်ငံတွင် ကောင်းမွန်စွာဒီမိုကရေစီ ဖွံ့ဖြိုးသော နိုင်ငံဖြစ်နေပြီဆိုကြပါစို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဥပဒေပြုသူများသည် ၄င်းတို့ မဲဆန္ဒရှင်များ၏စကားကို နားထောင်ရမည်လော သို့မဟုတ် တိုင်းတပါးက NGOs အုပ်စု၏စကားကို နားထောင်ရမည်လော ဆိုသည်မှာ စဉ်းစားရန်ရှိသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ သူရဲ့မူလအဓိပ္ပာယ်အရ ပြည်သူလူထု၏ ဆန္ဒကို ပြည်သူလူထု ကိုယ်စား အကောင်အထည်ဖော်ရန် တာဝန်ရှိသူများသည်ဖြစ်သည်။ ဤအချက်ကို NGOs များအနေဖြင့် သိရှိပြီးသားဖြစ်ပါလိမ့်မည်။ နောက်တချက်ကတော့ ပါလီမာန်အနေဖြင့် လ.၀.က ပြန်လည်ပြုပြင်ရေးဆိုင်ရာ ဥပဒေကိစ္စကို ဆွေးနွေးမည် မဆွေးနွေးမည်ကို မသိရသေးဘဲ ဒီဥပဒေဟာ ဘာတွေထည့်ဆွေးနွေးမည်ဆို တာကို အကြံပေးတာ ပညာရှိမဆန်ပါ။ လက်တွေ့မှာတော့ မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေသည် မည်သည့်လူနည်းစု၊ လူမျိုးစု ဤအခွင့်အရေးများကိုမှ အာမ မခံပါ။
အကယ်၍ ဤ NGOs များအနေဖြင့် သူတပါးတိုင်းပြည်များ၏ ဥပဒေပြုလုပ်ငန်းစဉ်များတွင် ပါဝင်စွက်ဖက်ရန် တာဝန်ရှိသည်ဟု ယူဆပါက၊ ၎င်းတို့အနေဖြင့် မိမိတို့နေထိုင်သော တိုင်းပြည်အသီးသီးတွင် ဥပဒေပြုလုပ်ငန်းစဉ်များ၌ မည်မျှပါဝင်ပတ်သက်ခဲ့ဖူးပါသလည်း။ မိမိကိုယ် မိမိ မေးခွန်းထုတ်ရန်ရှိသည်။ ပိုမိုဆိုးရွားသည်မှာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း လ.၀.က ဥပဒေကို ပြုပြင်ပြောင်းလဲရမည့်အချက်ဖြစ်သည်။ မည်သည့်အစိုးရနိုင်ငံများမှ ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း အကောင်အထည်ဖော်လုပ်ဆောင်ခြင်းမရှိသည်ကို သတိပြုသင့်သည်။ ဥပမာအားဖြင့် ကုလသမဂ္ဂအင်အားကြီး နိုင်ငံများသည် R2P (Responsible 2 Protect) ဟု ခေါ်သော စစ်ရေးအရ ၀င်ရောက်ဖြေရှင်းခွင့် ဥပဒေကို အသုံးချပြီး Libya နိုင်ငံကို ကျူးကြော်သိမ်းပိုက်ခဲ့သော်လည်း လက်ရှိ Syria နိုင်ငံ၏ ပြဿနာတွင် ဤဥပဒေ အကြောင်းကို ထည့်တွင်း စဉ်းစားခြင်းမရှိပါ။ အကယ်၍ ဥပဒေ တစ်ရပ်သည် နိုင်ငံတကားအဆင့်ဖြင့် သက်ရောက်ရှိရမည်ဟု ယူဆပါက ဤ NGOs များအနေဖြင့် ကုလသမဂ္ဂကို မေးခွန်းထုတ်သင့်ပါသည်။ ထုတ်ကော ထုတ်ဖူးပါသလား?? ဤနေရာမှာ ကျွန်ုပ်တို့ ပြောလိုသည့်အချက်မှာ ကမ္ဘာမှာ ပြီးပြည့်စုံသည့် ဥပဒေမရှိပါ။ သို့သော်လည်း ဥပဒေတိုင်းသည် မိမိနိုင်ငံ၏ နိုင်ငံသား အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရမည်သာဖြစ်သည်။
နောက်ထပ်ဥပမာ တစ်ခုကတော့ ကမ္ဘာ့အင်းအားအကြီးဆုံး၊ ဒီမိုကရေစီ အထွန်းကားဆုံး အမေရီကန်နိုင်ငံမှ ယနေ့ထုတ်ပြန်ထားသော အမျိုးသားကာကွယ်စောင့်ရှောက်ရေး ဥပဒေ (NDAA, National Defense Authorization Acts) နှင့် တိုင်းတပါးသား မွတ်စလင်များကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသော Guatanamo အကျဉ်းထောင် ကိစ္စတို့ဖြစ်ပြီး။ အမျိုးသားကာကွယ်စောင့်ရှောက်ရေးဥပဒေသည် အမေရီကန်နိုင်ငံ၏ အဖွဲ့အစည်း အုပ်ချုပ်ရေးဥပဒေကို ဆန့်ကျင်ပြီး၊ Guatanamo အကျဉ်းထောင်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည်ကို ဤ NGOs များအနေဖြင့် သိပါသလား။ သိသည်ဆိုပါက NGOs များအနေဖြင့် ဥပဒေမူကြမ်းများ အကြံပြုချက်များ အမေရီကန်အစိုးရကို ပေးပို့ခဲ့ဖူးပါသလား။ အမေရီကန် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိနိုင်ငံ၏ အကျိုးစီးပွားထက် တိုင်းတပါး NGOs များ၏ အကြံဥာဏ်ကို လက်ခံလိမ့်မည်ဟု ကျွန်ုပ်တို့အနေဖြင့် မယူဆပါ။
နောက်ဆုံးပြောချင်တာကတော့ မြန်မာနိုင်ငံသားများ၏ ဆန္ဒကို မလေ့လာပဲ ဤ NGOs များအနေဖြင့် မိမိတို့ ထင်ရာ မြင်ရာများကို မြန်မာနိုင်ငံ၏ သဘာဝ အခြေအနေကို မလေ့လာဘဲ ၀င်ရောက်စွက်ဖက်နေပါက မိမိတို့၏၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကူညီဆောင်ရွက်မှုများသည် အလဟဿ ဖြစ်နေမည်သာ ဖြစ်ကြောင်း ကျွန်ုပ်တို့အနေဖြင့် သတိပေးလိုက်သည်။
အလုပ်အမှုဆောင်ဗဟိုကော်မတီ                             
အလုပ်အမှုဆောင်ကော်မတီအဖွဲ့ ဝင်များ