Monday, July 23, 2012

မောက်မာမှုကင်းသည့် ဆက်ဆံရေးမှသည် ထိရောက်သည့်အနာဂတ်အစိုးရဆီသို့


by Kyaw H. Aung on Monday, July 23, 2012 at 12:36pm ·
အခုတလော ရက်ဆက် ခရီးသွားနေရတော့ အင်တာနတ်ပေါ် ဖင်ပူအောင် မထိုင်ဖြစ်ဘူး။ ဟိုသွား၊ ဒီသွားနဲ့ ကားပေါ်မှာပဲ ဖြစ်ပျက်နေတာလေးတွေကို ဖုန်းထဲကနေ အကျဉ်းချုပ်ဖတ်နေခဲ့ရတယ်။ အကြာကြီးဖတ်လို့ကလည်း မကောင်းဘူးလေ။ ဘေးနားမှာ ကားမောင်းနေတဲ့ အရာရှိကိုလည်း အားနာရတာကိုး။ ကိုယ့်အရာရှိ ကားမောင်းတာမပျင်းအောင်လည်း ကိုယ်က အာလူးလေး ဘာလေး ဖုတ်ပေးရသေးတယ်လေ။


ဒီမှာက (ကျနော့်အလုပ်မှာ… တခြားနေရာတွေမှာတော့ မပြောတတ်) ခရီးသွားကြပြီဆိုရင် မြန်မာပြည်နဲ့ ပြောင်းပြန်ဗျ။ အရာရှိနဲ့ သူ့လက်အောက်ဝန်ထမ်းတွေ သွားကြရင် အရာရှိတွေက ကားမောင်းတတ်တယ်။ ဥပဒေရယ် ဘာရယ်ကြောင့်မို့လို့တော့ မဟုတ်ဘူးပေါ့။ ကိုယ်မောင်းသူမောင်းတော့ ရှိတာပေါ့။ ဒါပေမယ့် များသောအားဖြင့်တော့ ပိုကြီးတဲ့အရာရှိတွေက မောင်းတတ်တယ်။ ဒီတော့ သူ့လက်အောက်အရာရှိတွေ၊ ၀န်ထမ်းတွေက အသာလေး ငြိမ်ထိုင်လိုက်ရုံပဲ။ အတူတူသွားတဲ့လူများတယ်ဆိုရင် တစ်ယောက်က စကားပြောပေး၊ ကျန်တဲ့ လူတွေက မှေးပြီးတော့ လိုက်ရုံပဲ။ အာရှနိုင်ငံတို့၊ အာဖရိကနိုင်ငံတို့မှာလို အရာရှိက ဇိမ်ခံလိုက်ရတာတော့ မဟုတ်ဘူးဗျ။


တခါတောင် တရုတ်နိုင်ငံက ဘလော့်ဂါစဖီးယားမှာတောင် သောသောညံကုန်တဲ့ အပြစ်အပျက်လေးတစ်ခုကို မှတ်မိနေသေးတယ်။ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးပေါ့။


အများသိကြတဲ့အတိုင်း တရုတ်နိုင်ငံမှာလည်း အရာရှိတွေဟာ အရမ်းဟိတ်ဟန် များကြတာကိုး။ လာဘ်ပေးလာဘ်ယူမှုတွေကလည်း များတော့ ပိုက်ဆံတွေ အသကုန်ဝင်ပြီး အကောင်းစားတွေ သုံးဖြုန်းနိုင်ကြတယ်။ ဘာမဟုတ်တဲ့ မြို့နယ်အဆင့် အရာရှိတွေတောင် လက်အောက်ငယ်သားတွေ မွှေးထားတတ်ကြတယ်။ ခရီးသွားကြပြီဆိုရင်လည်း အခြွေအရံတွေက တယ်များသား။ တစ်နေ့တော့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟာ ကော်ဖီဆိုင်တစ်ဆိုင်မှာ ကျောပိုးအိတ်လေးလွယ်ပြီး သူ့သမီးလေးနဲ့အတူ ကော်ဖီဝယ်နေတယ် တဲ့။ အဲဒါကို တစ်ယောက်က တွေ့သွားပြီး ဓာတ်ပုံရိုက်ပြီးတော့ အဲဒီဓာတ်ပုံကို ဘလော့ဂ်တစ်ခုပေါ်တင်လိုက်တာကနေ ချက်ချင်းပြန့်နှံ့သွားပါလေရော။



တရုတ်နိုင်ငံသို့ မသွားမီ ဆီယက်တယ်လေဆိပ်၊ စတားဘက်ကော်ဖီဆိုင်တွင် သမီးငယ်နှင့်အတူ ကော်ဖီဝယ်နေသော တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် ဂယ်ရီလော့

အမေရိကန်နဲ့ တရုတ်နိုင်ငံဆိုတာကလည်း ကမ္ဘာမှာ ကုန်သွယ်စီးပွားစီးဆင်းမှု အများကြီးရှိနေတဲ့ နှစ်နိုင်ငံဆိုတော့ သူတို့ သံတမန်တွေဆိုတာက အရမ်းသြဇာကြီး၊ တန်ဖိုးကြီးတဲ့ လူတွေလေ။ ဒါတောင် အမေရိကန်သံအမတ်ကြီးက ကိုယ့်ဘာသာကိုယ် ကော်ဖီလာဝယ်တယ်ပေါ့။ ဟိတ်ဟန်ကြီးပြီး မောက်မာတဲ့ တရုတ်အရာရှိတွေနဲ့ ကွာပါ့ ဆိုပြီး အင်တာနတ်ဘလော့ဂ်ဂါအသိုင်းအ၀ိုင်းမှာ ပွဲဆူကုန်တယ်။ လွတ်လပ်စွာပြောဆိုခွင့်ကင်းမဲ့နေတဲ့ တရုတ်လူထုကလည်း သူတို့ရဲ့ ပေါက်ကွဲသံတွေကို ဘလော့ဂ်တွေကနေတဆင့် ဖွင့်ချလိုက်ကြတယ်။ နောက်ဆုံး အထင်ကရ သတင်းဌာနတွေကတောင် သတင်းလုပ်ပြီးတော့ တင်ကြကုန်ပါတယ်။


အခုလိုရေးလိုက်တော့ မြန်မာပြည်က အထက်အရာရှိတွေ အကုန်လုံး ကိုယ့်ကားကိုကိုယ် ကားမောင်းသွားကြရမယ်၊ ကိုယ့်လက်ဖက်ရည်ကိုယ်ဝယ်သောက်ကြရမယ်လို့ ဆိုချင်တာမဟုတ်ပါဘူး။ လက်အောက်အရာရှိတွေကိုပဲ ဖြစ်ဖြစ်၊ ၀န်ထမ်းတွေကိုပဲ ဖြစ်ဖြစ် မောက်မောက်မာမာ မဆက်ဆံဖို့ ပြောချင်တာပါ။ ကြီးသူကိုရိုသေ ငယ်သူကို လေးစား ဆိုတဲ့စကား မြန်မာ့ယဉ်ကျေးမှုမှာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားတဲ့ စိတ်ဓာတ်၊ သက်ညှာတဲ့ စိတ်ဓာတ်၊ နားလည်ပေးတတ်တဲ့ စိတ်ဓာတ်တွေ မွေးနိုင်ဖို့ ပြောတာပါ။ ဗုဒ္ဓဘာသာယုံကြည်မှုအရ သိစရာမှန်သမျှ တစမကျန် အမှန်အတိုင်း သိတော်မူတာဟာ ဗုဒ္ဓရှင်တော်မြတ်ပဲ  ရှိပါတယ်။ အဲဒီလိုပဲ ခရစ်ယာန်ဘာသာမှာလည်း အရာရာကို သူတို့ရဲ့ဘုရားက ဖန်ဆင်းပေးတယ်လို့ ယုံကြည်ကြတယ်။ မွတ်စလင်တွေမှာလည်း အလ္လာရှင်မြတ်ဟာ အမွန်မြတ်ဆုံး ဆိုပြီးတော့ ကြွေးကြော်မှုတွေကို နေရာအတော်များများမှာ ထည့်သွင်းသုံးနှုန်းတတ်ကြတယ်။ သာမာန်လူတွေဟာ ဘုရားရှင်လို သယမ္ဘူဥာဏ်ရှိတဲ့ လူတွေမဟုတ်ကြလေတော့ နားလည်ညာတာထောက်ထားမှုတွေဟာ လူ့အသိုင်းအ၀ိုင်းမှာ မရှိမဖြစ် လိုအပ်လာပါတယ်။


ဝန်ထမ်းတွေဟာ Civil Servant ဖြစ်နေတော့ ပြည်သူ့ဝန်ထမ်းတွေသာ ဖြစ်တယ်။ ပြည်သူနဲ့ နိုင်ငံ့အကျိုးစီးပွားကို ထမ်းရွက်ရမယ့် သူတွေပဲ။ ၀န်ထမ်းတွေ သူတို့တာဝန်ကို သေသေချာချာ ထမ်းဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ် resource တွေကို ပံ့ပိုးပေးရမှာကတော့  ပြည်သူ့တာဝန်ပေါ့။


လုပ်ရည်ကိုင်ရည်ထက် အမိန့်နာခံတတ်မှုကို အလေးထားတဲ့ စစ်အစိုးရလက်ထက်မှာ အလုပ်လုပ်လာခဲ့ကြတဲ့ ၀န်ထမ်းတွေဟာ အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့ ဟိန်းဟောက်မှု၊ ရိုင်းပျစွာ ဆက်ဆံမှု၊ အသလွတ်ကြိမ်းဝါးမှု၊ ခြိမ်းခြောက်မှု စတဲ့ အနိုင်ကျင့်ခံရမှု အမာရွတ်တွေ ရှိနေကြတယ်။ အထက်က အလယ်ကိုထောင်း၊ အလယ်က အောက်ကိုထောင်းနဲ့ “ငြိမ်ဝပ်ပိပြားစွာ”
ကြီးပြင်းလာကြရလေတော့ အဲဒီစရိုက်တွေက ပျောက်ကင်းဖို့ထက် လျော့နည်းဖို့တောင် အချိန်အတော်ယူကြရအုံးမှာ ဖြစ်တယ်။


ဥပမာ - ဒီနှစ်အစောပိုင်းမှာ ဒေါ်စု မကွေးတိုင်းကို စည်းရုံးရေးခရီးသွားတုန်းက လူထုနဲ့တွေ့ဆုံမယ့် နေရာတစ်ခုသတ်မှတ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မကွေးတိုင်းဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေက ဘယ်သင်္ချိုင်းမှာပဲ လုပ်လုပ်ကွာ လို့ ရိုင်းပျစွာ ပြောဆိုခဲ့တာတွေ ရှိပါတယ်။


အဲဒီလိုပဲ အစိုးရအဖွဲ့ လယ်ယာဆည်မြောင်းပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က Hot News ဂျာနယ်နဲ့ အင်တာဗျူးမှာ  လက်ရှိလွှတ်တော်အမတ်များဟာ စာမတတ်ပေမတတ်များ ဖြစ်တယ် လို့ ပြောခဲ့တာကိုလည်း မှတ်မိကြမှာပါ။



"အခြေခံဖြစ်တဲ့ ဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်ဆိုပြီးရောက်လာတဲ့လူက စာမှမတတ် ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲလာထိုင်တော့ သူများထဆိုမတ်တပ်ထနေတယ် သူများထိုင်ဆိုထိုင်နေတယ်။ သူများခလုပ်နှိပ်ဆိုနှိပ်တယ်။ သူ့မှာဘာမှ မှမသိတာ။ ဘာတွေပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။" (ဦးမြင့်လှိုင်)


ပြည်ခိုင်ဖြိုးပါတီ ရခိုင်ပြည်တာဝန်ခံ ယခင်ပြည်ထဲရေးဝန်ကြီးဟောင်းနဲ့ ရခိုင်ပြည်နယ်တိုင်းမှူးဟောင်း မောင်ဦးဆိုရင် မောက်မာရိုင်းစိုင်းမှု၊ ပညာမဲ့မှုနေရာမှာ သရဖူဆောင်းရမယ့် လူလို့ လူပြောများပါတယ်။ တိရစ္ဆာန်လောက်တောင် ဂရုဏာတရားမရှိတဲ့ လူခန္ဓာကိုယ်နဲ့မို့လို့သာ လူလို့ ခေါ်ရမဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် မေလတုန်းက ရခိုင်ပြည်နယ် ပေါက်တောမြို့ကို လာတုန်း မြို့မိမြို့ဖတွေကို ဖိတ်ကြားပြီး “ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ RNDP က အနိုင်ရပေမယ့် ကြံ့ခိုင်ရေးပါတီဘဲ နိုင်တယ်။ တောင်ပိုင်းသားတွေဟာ ရခိုင်အစစ်တွေ မဟုတ်ဘူးလား။ ခင်ဗျားတို့ ရခိုင်တွေဟာ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံကြတယ်။ စာတွေ မဖတ်ကြဘူးလား။ ရခိုင်တွေမကဘူး ချင်းတွေကလည်း ပြည်ထောင်စုဝန်ကြီးအဖြစ် တောင်းကြတယ်။ ချင်းတွေဟာ ဘာစာမှ မတတ်ဘူး။ ဘာဘွဲ့မှလည်း မရဘူး။ ဘာနိုင်ငံရေးမှ မသိဘဲနဲ့ ၀န်ကြီးပေးလို့ရမှာလား” ဆိုပြီး ပရိသတ်ကို လက်ညှိုးထိုးပြီး ပြောခဲ့တဲ့ သူပါ။



 ရခိုင်ပြည်နယ်တိုင်းမှူးဟောင်းနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း မောင်ဦး


ပြည်ထဲရေးဝန်ကြီးမဖြစ်ခင် ရခိုင်ပြည်နယ် တိုင်းမှူးဘ၀တုန်းကလည်း ရသေ့တောင်မြို့ကို ရောက်တုန်း ဘုရားပွဲတစ်ခုမှာ
ရခိုင်သူလေးတစ်ယောက် ရွှေဆွဲကြိုးဆွဲပြီး ပွဲလာတာကို “ငါ ရခိုင်ကို ရောက်တာ နောက်ကျသွားတယ်ကွာ။ မဟုတ်ရင် ဒီကောင်မတွေ ရွှေဆွဲကြိုးဘယ်တော့မှ မဆွဲစေရဘူး” ဆိုပြီး လူအများရှေ့မှာ ရခိုင်တမျိုးသားလုံးကို စော်ကား၊ အနိုင်ကျင့်ခဲ့သူပါ။ (ရခိုင်ပြည်မှာ ကျဖူးသမျှ တိုင်းမှူးတွေထဲမှာ အဆိုးရွားဆုံးနဲ့ ဘင်္ဂလီကုလားတွေနဲ့ပေါင်းပြီး ရခိုင်ပြည်သူတွေရဲ့ စီးပွားရေးကို ချွတ်ခြုံကျစေခဲ့သူလို့ အများက ယုံကြည်နေကြသူပါ။)


ဝန်ထမ်းလို့ ပြောတဲ့အထဲမှာ လွှတ်တော်အမတ်ရော၊ နိုင်ငံရေးခေါင်းဆောင်တွေပါ ပါတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ ပြည်ခိုင်ဖြိုးကို ဝေဖန်သလို နိုင်ငံတိုးတက်ရေးအတွက် အကုန်လုံးကို သုံးသပ်ရမှာပါပဲ။ တခြားပါတီဝင်တွေကရော ပါတီအကျိုး၊ ပုဂ္ဂလိက အကျိုးထက် မိမိရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒနယ်နဲ့ နိုင်ငံ့အမျိုးသားအကျိုးစီးပွားကို ဘယ်လောက်ကျေကျေပွန်ပွန် ထမ်းဆောင်ကြလဲဆိုတာကိုလည်း သုံးသပ်ရမှာပါ။


လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့အသံကို လွှတ်တော်ထဲမှာ တင်ပြရမယ့် ကိုယ်စားလှယ်ပဲ။ အခုလက်ရှိအနေအထားအရ လုပ်ပိုင်ခွင့်နည်းပါးတာကို နားလည်ပေမယ့် မိမိတာဝန်ကိုတော့ မမေ့သင့်ဘူး။ အဲဒီလိုထမ်းဆောင်ဖို့အတွက် ပြည်သူ့အသံကို
အမြဲတမ်းနားစွင့်နေဖို့လိုတယ်။ တချို့သော လွှတ်တော်အမတ်တွေဟာ လစာ၊ ကား စသည့် ခံစားခွင့်များကို ပိုင်ဆိုင်နေပေမယ့်
မိမိမဲဆန္ဒနယ်များကို အရောက်နည်းကြောင်း စိတ်မကောင်းစွာ ကြားသိနေရတယ်။ မိမိကို ရွေးချယ်တင်မြှောက်လိုက်တဲ့ မဲဆန္ဒနယ်ကို ဥပေက္ခာပြုခြင်းဟာလည်းပဲ မောက်မာရိုင်းပျခြင်း၊ တစ်ပွဲထိုးနိုင်ငံရေးလုပ်ကွက် တစ်ခုပဲ ဖြစ်တယ်။ ဝေးလံသီခေါင်တဲ့ ဒေသက အမတ်တွေကို နားလည်ပေးလို့ ရပေမယ့် တတ်နိုင်သလောက် သွားရောက်နိုင်ဖို့ ကြိုးစားရမှာက ပြည်သူ့ဝန်ထမ်းတာဝန်ပဲ ဖြစ်တယ်။


ထိရောက်တဲ့ အစိုးရ ဖြစ်လာဖို့အတွက် အချိန်ယူရမှာပါ။ အထက်အောက်အရာရှိတွေ အချင်းချင်းရော၊ ၀န်ထမ်းနဲ့ ပြည်သူတွေကြားရော ဆက်ဆံတဲ့ နေရာမှာ ဒီမိုကရေစီနည်းလမ်းကျကျ နှစ်ဦးနှစ်ဘက်အခွင့်အရေးကို လေးစားရမှာပါ။ လုပ်ပိုင်ခွင့်အတိုင်းအတာထက် ကျော်လွန်ပြီး အလွဲသုံးစားလုပ်မှုတွေကိုလည်း သတင်းဌာနတွေအပါအ၀င်၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံသား သတင်းသမား၊ အလွတ်သတင်းသမား စတဲ့ ပြည်သူတွေကလည်း ၀ိုင်းဝန်းထိန်းကျောင်းပေးကြရမှာပါ။

ဟောင်ကောင်ဒေသဟာ ယခင်ဗြိတိန်အစိုးရလက်ထက်မှာ ဒီမိုကရေစီကျကျ ရပ်တည်လာခဲ့ရာက အခုဆိုရင် တရုတ်ကွန်မြူနစ်လက်ထဲ ပြန်ရောက်သွားပါပြီ။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံမူဝါဒနှစ်ခု ပေါ်လစီအရ သူ့ငွေကြေးစနစ်၊ သူ့မီဒီယာ စတဲ့ နိုင်ငံအင်္ဂါရပ်တွေနဲ့ သီးသန့်ရပ်တည်နေပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှုး ခန့်အပ်တာဝန်ပေးအပ်ခြင်းကို တရုတ်ကွန်မြူနစ်ပါတီက အတည်ပြု၊ မပြု အာဏာကို လက်ဝယ်ကိုင်ထားပေမယ့် ဒီမိုကရေစီဓလေ့စရိုက်တွေက ဟောင်ကောင်ဒေသကို လွှမ်းခြုံထားဆဲပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီလူမှု့အဖွဲ့အစည်းမှာ ကြီးပြင်းလာခဲ့ကြတဲ့ ဟောင်ကောင်ပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အသုံးချကြတယ်၊ ကာကွယ်ဖို့ အမြဲကြိုးစားနေကြရတယ်။ ဟောင်ကောင်သတင်းစာကြီးတွေဆိုရင် ပြည်မဗဟိုအစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားတာကို အံ့သြဖွယ်ရာ တွေ့ရတယ်။ ကွန်မြူနစ်အစိုးရရဲ့ လက်ထဲကို ရောက်သွားပေမယ့် ဒီမိုကရေစီသွေးအပြည့်လျှံနေတဲ့ ဟောင်ကောင်ယဉ်ကျေးမှုနဲ့၊ ဟောင်ကောင်ပြည်သူတွေရဲ့ စိတ်ဓာတ်ကို မပြောင်းလဲနိုင်ခဲ့ပါဘူး။


ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ရဲ့ ကွာဟချက်ကို အဲဒီနှစ်နိုင်ငံမှာ သတင်းစာနဲ့ မီဒီယာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သူဌေးကြီးတစ်ယောက်က တီဗွီအင်တာဗျူးတစ်ခုမှာ ပြောသွားတာကို အမှတ်ရနေမိတယ်။ သူပြောတာက ဟောင်ကောင်ဟာ သူရဲ့ရှည်လျားတဲ့ ဒီမိုကရေစီအစဉ်အလာအရ တရုတ်ပြည်ကြီးထဲကို ပါသွားပေမယ့် ပြည်သူတွေရဲ့ စိတ်ဟာ မပြောင်းလဲပဲ ဒီမိုကရေစီအနှစ်သာရတွေကို ကိုးကွယ်နေတုန်းပဲတဲ့။ တဘက်မှာ ထိုင်ဝမ်နိုင်ငံဟာ ဒီမိုကရေစီယဉ်ကျေးမှုသက်တမ်းအရ ဟောင်ကောင်ထက်နုလေတော့ အခုလက်ရှိဒီမိုကရေစီစနစ်မှာ ပြည်သူတွေဟာ နေထိုင်နေကြပေမယ့် ဒီမိုကရေစီနည်းမကျတဲ့ အပြုအမူတချို့ကို နေရာတော်တော်များများမှာ တွေ့နေရတုန်းပဲတဲ့။


စနစ်တစ်ခုက အချိန်တိုအတွင်း ပြောင်းလို့ရပေမယ့် အမြစ်တွယ်နေတဲ့ အကျင့်စရိုက်၊ ယုံကြည်မှုစံနှုန်း၊ တုန့်ပြန်မှုပုံစံ စတဲ့ စိတ်ပိုင်းဆိုင်ရာတွေရော၊ လုပ်ထုံးလုပ်နည်းတွေပါ ပြောင်းလဲဖို့က အချိန်ယူရမှာပါ။ အမေရိကန်နိုင်ငံမှာ အကုန်လုံး ချောမွေ့တယ်လို့ မဆိုနိုင်ဘူး။ မော်တော်ကားလိုင်စင်ရုံးဖြစ်တဲ့ DMV ရုံးတွေဆိုရင် သဘောထား မောက်မာတဲ့ ၀န်ထမ်းတွေ ရှိကြောင်း နာမည် အရမ်းကြီးတယ်။ အဲဒီလိုပဲ နိုင်ငံတကာမှာ အခြေစိုက်နေတဲ့ နိုင်ငံအသီးသီးရဲ့ သံရုံးဗီဇာဝန်ထမ်းတွေဟာ အပေါက်ဆိုးကြောင်း နာမည်ကြီးကြတယ်။ တိုးတက်ပြီးနိုင်ငံတွေမှာ တချို့ရုံးလုပ်ငန်းတွေကို အင်တာနတ်ကနေ တဆင့် ပြီးမြောက်အောင်မြင်အောင် လုပ်ခြင်းအားဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း၊ လုပ်ငန်းဆောင်တာများကို ပိုမိုလျင်မြန်ပြီးမြောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေအပြင် ၀န်ထမ်းတွေနဲ့ ဆက်ဆံရတဲ့ အချိန်တွေဟာလည်း နည်းပါးလာနေပါပြီ။ ဒါပေမယ့် မြန်မာပြည်လို ဖွံ့ဖြိုးမှုနည်းပါးနေသေးတဲ့ နိုင်ငံမှာတော့ လျှောက်လွှာလေးတစ်စောင်ကိုတောင် အောက်ခြေ၀န်ထမ်းဆီက အောက်ကျို့တောင်းယူနေရတဲ့ သာဓကတွေက ရုံတွေအများအပြားမှာ စိတ်မကောင်းဖွယ် တွေ့နေရတုန်းပါပဲ။


နိုင်ငံ့ဝန်ထမ်းအချင်းချင်းရော၊ ၀န်ထမ်းနဲ့ ပြည်သူအချင်းချင်းရော ဆက်ဆံမှုတွေဟာ ထိရောက်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဆီ ဦးတည်ဖို့အတွက် လိုအပ်တဲ့ အချက်ပေါင်းများစွာထဲက တစ်ချက်ဖြစ်တယ်။ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်ဖို့လိုသလို ထိရောက်တဲ့အစိုးရဖြစ်ဖို့ ၀န်ထမ်းအချင်းချင်းဆက်ဆံရေး၊ ဌာနအချင်းချင်းဆက်ဆံရေး၊ မတူဌာနအချင်းချင်း အပြန်အလှန်ဆက်ဆံရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဆက်ဆံရေး စတဲ့အရာတွေဟာ အင်မတန်မှ အရေးကြီးတယ်။ လုပ်ငန်းဆောင်တာ ချောမွေ့အောင်မြင်ဖို့၊ အလုပ်သမား အလုပ်ခွင်ပျော်ဖို့၊ ရင်းနှီးမြှုပ်နှံချင်သူများအဆင်ပြေဖို့နဲ့ ထိရောက်တဲ့အစိုးရဖြစ်ဖို့ အချိန်ယူကြရမှာဖြစ်တယ်။ ဒါကြောင့် အမြန်ဆုံးစတင်အကောင်အထည်ဖော်နိုင်ဖို့၊ အထူးသဖြင့် ထိပ်ပိုင်းကလူကြီးများပိုင်းက စတင်ပြောင်းလဲကြဖို့ လိုအပ်နေပါကြောင်း…
Kyaw H. Aung

မျက်စိမှိတ်ပြီး မုန်းတာမဟုတ်ပါ

                           ....ကိုကြည်ဝင်း ပေးပို့ ထားတာလေး ဗဟုသုတပြည့်စုံပါတယ်


by Ko Kyi Win on Monday, July 23, 2012 at 12:45pm ·
                   ရိုဟင်ဂျာကိစ္စနဲ့ပတ်သတ်ပြီး ခံစားချက်ပြင်းပြင်းပြပြတွေကို ကျွန်တော်ရေးဖူးပါတယ်။
ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ သာသနာ၊ကိုယ့်ယဉ်ကျေးမှု အစော်ကားခံရတာကို ဖြေသိမ့်နိုင်တဲ့
ပုဂ္ဂိုလ်မျိုး၊၀မ်းသာပြီး သွေးထိုးပေးနိုင်တဲ့ ပုဂ္ဂိုလ်မျိုးဆိုတာ ဘယ်သူမျိုးတွေဖြစ်မယ်ထင်သလဲ။အမိ တိုင်းပြည်ကို ပြန်လာလို့မရနိုင်လောက်အောင် ငါစော်ကားခဲ့ပြီးပြီ၊ခုမှမထူးတော့ဘူးလို့ ကိုယ့်ကိုကိုယ် သိနေတဲ့သူတွေ ဖြစ်ရင်လည်းဖြစ်မယ်၊မြန်မာလို့နာမည်ခံထားပေမယ့်နဂိုတည်းကိုက သွေးနှောနေပြီး
သားသူတွေဖြစ်ရင်လည်းဖြစ်မယ်၊တိုင်းတပါးက ကျွေးထားတဲ့အစာရေစာကိုစားသောက်ပြီး တိုင်းတပါး
ကို ခြေသလုံးဖက်ခိုကိုးနေရသူတွေဖြစ်ရင်လည်းဖြစ်မယ်၊မြန်မာပြည်သူတွေကို အရင်တုန်းကလို ရေဒီယို
က အစိုးရဆန့်ကျင်ရေးအသံတွေလွှင့်တိုင်း မျက်စိမှိတ်ပြီး ယုံမှာပဲလို့ ထင်နေကြသေးသူတွေ ဖြစ်ရင်လည်း
ဖြစ်မယ်။
                  ရိုဟင်ဂျာကိစ္စမှာ ကျွန်တော်တို့တိုင်းရင်းသားတွေ ရင်ဆိုင်နေရတာ အဓိကလူတန်းစား 
လေးမျိုးရှိတယ်လို့ ကျွန်တော်မြင်တယ်။အဲဒီလူတန်းစားလေးမျိုးကို သီးသန့်ပုံစံတစ်မျိုးစီနဲ့ ဆက်ဆံပြီး ပညာသားပါပါ၊အဆင့်အတန်းရှိရှိ ရင်ဆိုင်နိုင်မှ ကိုယ့်လူမျိုးသိက္ခာမကျပဲ ရိုဟင်ဂျာအရေးကို အောင်နိုင်
မယ်လို့ ကျွန်တော်ယုံကြည်တယ်။
                  နံပါတ်(၁)ရင်ဆိုင်ရမှာက ဘင်္ဂါလီရိုဟင်ဂျာတွေဖြစ်တယ်။ ဘင်္ဂါလီခေါ်ခေါ်၊ရိုဟင်ဂျာအမည်
ခံခံ အဲသည်လူမျိုးစုကို မြန်မာလူမျိုးတစ်ယောက် အနေနဲ့ကိုယ့်နိုင်ငံထဲမှာလုံးဝလက်မခံနိုင်ဘူး။ဒီသဘော
ထားက ရှင်းတယ်။သို့ပေမယ့် ကိုယ့်နိုင်ငံထဲကို ရောက်နေပြီးသား အဲဒီသူတွေကို ဘယ်လိုရှင်းပစ်မလဲ။
လက်တွေ့ကျကျ စဉ်းစားရင် အရင်ဆုံး နောက်ထပ်ရိုဟင်ဂျာကို လုံးဝကိုယ့်နိုင်ငံထဲမ၀င်စေရတော့ဘူး။
အရင်က ဒီဘက်မှာ နေပြီးသား၊နိုင်ငံသား မှတ်ပုံတင်ရှိတယ်၊မီးရှို့ပြီးမှ ပြေးသွားတာ၊ပြန်လာချင်တယ်ဟုတ်
လား။ ရတယ်။ တပ်မတော်က လေ့ကျင့်ရေးကျည်ဆန်တွေကို အဲသည်မှာ သွားစမ်းရုံပဲ။ကျည်ဆန်ကောင်း
မကောင်း။ သဘောက နယ်စပ်ကိုခွေးတစ်ကောင်၊ကြောင်တမြီးမှ ၀င်လို့မရအောင် ပိတ်ဖို့ပဲ။
                နောက် ကိုယ့်နယ်မြေထဲမှာ ရှိနေပြီးသား ရိုဟင်ဂျာတွေ။အားလုံးကို မှတ်ပုံတင်စစ်။ မမှန်ကန်ရင် အားလုံးကိုထောင်ချ။ပြန်ပို့။တစ်ခုခုတော့လုပ်ရမယ်။ မြန်မာပြည်ထဲမှာ သူတို့အတွက်ဘ၀မရှိဘူးဆိုတာကို
သိသာအောင်လုပ်ပြရမယ်။အဲ မှတ်ပုံတင်အမှန်အကန်ရှိတဲ့သူကျပြန်တော့ မြန်မာနိုင်ငံသားဖြစ်တဲ့
အတွက်ကြောင့် မြန်မာပြည်ရဲ့စည်းကမ်းဥပဒေဘောင်ထဲမှာနေရမှာပြောစရာမလိုဘူး။အထူးစောင့်ကြည့်ကာလ
သတ်မှတ်ပြီးစောင့်ကြည့်။မဟန်ရင် နယ်နှင်ဒဏ်ပေး။သေသေချာချာစဉ်းစားကြည့်ရင် အဲဒီလုပ်ငန်းတွေအောင်
မြင်ဖို့က တို့မြန်မာတွေ ရဲ့အကျင့်ဆိုးကြီးတွေကိုအရင်ပြင်၊လာဘ်မစားနဲ့။မခိုးနဲ့။မှန်မှန်ကန်ကန်လုပ်။ဒီဟာ
အရေးကြီးဆုံးပဲ။
                 နံပါတ်(၂)ရင်ဆိုင်ရမယ့်သူတွေက တစ်ကမ္ဘာလုံးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ။ကျွန်တော်တို့
တိုင်းရင်းသားတွေအားလုံး အလွန်သတိထားရမှာနော်။ဖေ့ဘုတ်မှာ ကြည့်လိုက်ရင် အစ္စလာမ်ဘာသာကို
ရှုံ့ချတဲ့ မြင်ကွင်းတွေအများကြီးတွေ့ရတယ်။ ဘာသာရေးဆိုတာ ထိလွယ်၊ရှလွယ်။ မတူညီတဲ့ လူမျိုးစုတွေ
ကို ဘာသာရေးနဲ့စည်းရုံးရင် သိပ်လွယ်တာ။ မလေးလူမျိုးမူစလင်ကို မင်းတို့မလေးလူမျိုးခရစ်ယာန်ဘာသာဝင်
ကို သူများကစော်ကားနေတယ်လို့သွားပြောတာနဲ့၊ ရိုဟင်ဂျာမူစလင်ကို မြန်မာတွေ စော်ကားနေတယ်လို့
သွားပြောတာ ဘယ်ဟာကပိုနာစေမယ်ထင်သလဲ။ ဘာသာတူတဲ့သူကို ထိတာ ပိုနာတယ်။
               လူတိုင်းမှာ ကိုယ်ယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိတယ်။ဥပဒေများကခွင့်ပြုထားသရွေ့ ကိုယ်ကိုးကွယ်
ယုံကြည်ရာအတိုင်း ဘာသာရေးအမှုကိစ္စလုပ်တာကို သွားရှုံချလို့မရဘူး။ နိုင်ငံတကာအစ္စလာမ် ဘာသာဝင်
များအလယ်မှာ မြန်မာပြည်သည် အစ္စလာမ်ဘာသာဝင်များကို နှိမ့်ချနေပါတယ်လို့ အဖြစ်ခံလို့ကိုမရပါ။ ဒီလို
အချိန်မျိုးမှာ ပိုပြီးတော့ ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံသားမူစလင်များကို ပိုပြီးတော့ ဂရုစိုက်ရမယ်၊ညှာတာရမယ်။
စောင့်ရှောက်ရမယ်။စဉ်းစားကြည့်ပါ။ကျွန်တော်တို့ဟာ ဘာသာရေးစစ်ပွဲလုပ်နေတာမဟုတ်ပါ။ ကိုယ့်တိုင်းပြည်
ကိုကျော်ဝင်လာတဲ့သူများကို ဟန့်တားနေခြင်းသာဖြစ်တယ်။အစ္စလာမ်ဘာသာကို ဖျက်ဆီးနေတာလဲမဟုတ်ပါ။
ဒီတော့ ဒီလိုအချိန်မှာ ဖေ့ဘုတ်မှာ ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေ မူစလင်ဘာသာကို စော်ကားစေတဲ့ post
တွေတင်မယ့်အစား၊ ကိုယ့်နိုင်ငံထဲက မူစလင်ညီအစ်ကိုတွေကို ဒီလိုအရေးကြီးတဲ့အချိန်မှာ စောင့်ရှောက်နေ
ပါတယ်ဆိုတာကို ပြသင့်တယ်လို့ ကျွန်တော်ထင်တယ်။
                ဘင်္ဂလားဒေ့ရှ်ကိုကြည့်နော်။အရေးအခင်းတွေဖြစ်တော့ သူတို့နိုင်ငံထဲက ရခိုင်လူမျိုးတွေကို
စောင့်ရှောက်နေပါတယ်ဆိုတာ ပေါ်လွင်အောင်ပြသွားတယ်။ တကယ်လည်းစောင့်ရှောက်တယ်။သို့ပေမယ့်
မြန်မာပြည်ကပြေးလာတဲ့ ရိုဟင်ဂျာများကျတော့ လုံးဝအကပ်မခံဘူး။ သဘောထားကသိပ်ရှင်းပါတယ်နော်။
ကိုယ့်နိုင်ငံသား မူစလင်ညီအစ်ကိုတွေကိုစောင့်ရှောက်ပါလို့ ပြောတဲ့ကျွန်တော့်ကိုတစ်မျိုးထင်ကြမလား။သေသေ
ချာချာစဉ်းစားကြည့်ရင် ဒီသဘောထားက သိသာပါတယ်။ဖြစ်သင့်တဲ့အရာပါ။
                နံပါတ်(၃) ရင်ဆိုင်ရမယ့်သူတွေက မူစလင်မဟုတ်သော လူ့အခွင့်အရေးကို တန်ဖိုးထားကြပါသည်
ဆိုသော အနောက်နိုင်ငံများ၊ကုလသမဂ္ဂအဖွဲ့စတဲ့ တတိယအုပ်စုကိုပြောတာပါ။ သူတို့ကို ကျတော့ ကျွန်တော်တို
့နိုင်ငံဟာ တရားဥပဒေစိုးမိုးရေးရှိပါတယ်၊စည်းကမ်းရှိနေပါပြီ၊အရင်လို မဟုတ်တော့ပါဘူးဆိုတာပြရမှာ။ ပွင့်ပွင့်
လင်းလင်းပြောရရင် အမေရိကန်သမ္မတဟောင်း ဘုရှ်ဟာ အကြမ်းဖက်ဝါဒကိုစစ်ကြေညာခဲ့တယ်။မှတ်မိကြမယ်
ထင်ပါတယ်။ မူစလင်ဝါဒကို စစ်ကြေညာပါတယ်လို့ တစ်ခါမှမဟခဲ့ဘူးနော်။ သို့သော်လည်း အမေရိကန်လက်ချက်
နဲ့ ဆက်ဒမ်ကြီးလဲသေပြီ။ဘင်လာဒင်လဲသေပြီ။ သူတို့တွေ ဘယ်ဘာသာကိုးကွယ်ကြသလဲ။သို့သော်ယနေ့အချိန်
အထိ အမေရိကန်သည် အကြမ်းဖက်ဝါဒကို နှိမ်နှင်းနေတယ်လို့ပဲ အမည်ခံပါတယ်။
             အမှန်တော့ အစ္စလာမ်ဘာသာဟာ သမိုင်းအစဉ်အလာကြီးတဲ့ ဘာသာကြီးဖြစ်ပါတယ်။ကျွန်တော်အမြင်
အရ အယူတိမ်းသူဘာသာဝင် တချို့ကြောင့် အစ္စလာမ်ဘာသာဟာ အကြမ်းဖက်သမားများနဲ့ ရောထွေးပြီး ထိခိုက်နေရရှာတယ်လို့ မြင်တယ်။သို့တစေ သိမ်းကျုံးပြီးအစ္စလာန်ဘာသာ မကောင်းဘူးလို့ ပြောရင် ပြောသူဟာ အမြင်မကျယ်သူ၊သဘောထားသေးသူဖြစ်သွားမယ်။ဘာသာရေးကိုင်းရှိုင်းတဲ့ အစ္စလာမ် ဘာသာဝင်များအနေနှင့်
လည်း လက်ရှိအခြေအနေကို နှစ်မြို့ကြမယ်မထင်ပါ။
              နံပါတ်(၄) ရင်ဆိုင်ရမယ့်သူများကတော့ မြန်မာပြည်ကဆန်ကိုစားခဲ့၊မြန်မာပြည်ထဲက ရေကိုသောက်ခဲ့
ဖူးပြီး အခြေအနေအမျိုးမျိုးကြောင့် ကိုယ့်လူမျိုးအပေါ်သစ္စာဖောက် နေကြတဲ့ မြန်မာတွေကိုယ်တိုင်ပဲ။အခြေအနေ
အမျိုးမျိုးဆိုပေမယ့် ကိုယ့်တိုင်းပြည်ကို သစ္စာဖောက်တယ်ဆိုတာဟာ ကိုယ်တိုင်ဝါသနာကြီးလွန်းမှ လုပ်လို့ရ
တာမျိုး။ထပ်ပြီးရှင်းအောင်ပြောရရင် ကိုယ့်တစ်ဦးချင်းဘ၀နဲ့ နိုင်ငံခြားမှာ နေရတိုင်းသစ္စာဖောက်တယ်လို့ ပြောလို့
မရပါ။ အခြေအနေအမျိုးမျိုး၊ဘ၀အမျိုးမျိုးမှာ ရုန်းကန်နေယင်းနဲ့က ကိုယ့်တိုင်းပြည်ထဲက ကိုယ့်ဆွေမျိုးမိဘ
ပြည်သူတွေ ဘ၀တိုးတက်စေချင်ကြတဲ့ ၊ရွှေတိုင်းပြည်ကို အင်တာနက်ကနေကြည့်ပြီး လွမ်းနေကြတဲ့ ပြည်ပ
ရာက် ရွှေမြန်မာတွေအမျာကြီးရှိပါတယ်။
               မြန်မာရုပ်ကြီး ဖြစ်နေရက်က ဘယ်လိုမှစဉ်းစားလို့ မရနိုင်အောင် မြန်မာတွေ၊ရခိုင်တွေဟာ ဆိုးတယ်၊ ရိုဟင်ဂျာတွေကသနားဖို့ကောင်းတယ်လို့ ပြောနေ၊အသံလွှင့်နေကြတဲ့ မြန်မာသစ္စာဖောက်များကို ဆိုလိုတာပါ။ ကျွန်တော့်စိတ်ထဲမှာလေ။ အဲသလိုမြန်မာတွေကို ရိုဟင်ဂျာ ထက်တောင်မုန်းသေးတယ်။ တကယ်တော့ အခုလို သူများတိုင်းတပါးကျူးကျော်ခံရတယ်ဆိုတာ မြန်မာတွေထဲမှာ အဲသလိုစုန်းပြူးတွေ အများကြီး၊အများကြီး ရှိနေသေးလို့ဖြစ်တယ်။သူများနိုင်ငံမှာ နေပြီးမှ ကိုယ့်တိုင်းပြည်ကိုမကောင်းပြောမှ သစ္စာဖောက်မဟုတ်ဘူုးနော်။
ရိုဟင်ဂျာတွေကို လာဘ်စားပြီး မှတ်ပုံတင်ပေးထားဖူးရင်လည်း ဘယ်ယူနီဖောင်းဝတ်ထားထား သူလဲသစ္စာဖောက်
ပဲ။သူတို့တွေကိုလည်းမုန်းတယ်။
                 ကျွန်တော့်ရဲ့ page ကိုအဓိကအားပေးကြသူတွေက အသက်၂၄က၃၄ကြားလူငယ်တွေ။ အဲဒီ ညီတွေ၊
အစ်ကိုတွေ၊ညီမတွေ၊အစ်မတွေကပဲ ဒီကနေ့ အင်တာနက်ပေါ်မှာ အများဆုံးရှိနေကြတာမဟုတ်လား။သူတို့တွေ
ကပဲ အနာဂတ်ရွှေမြန်မာကို ပိုင်စိုးမှာမဟုတ်လား။ ကျွန်တော်တို့သဘောထားကြီးကြရအောင်။ အမြင်ကျယ်ကြ
ရအောင်။ လူကြီးဆန်ကြရအောင်။ကျွန်တော်တို့ဟာ လူမျိုးရေးမုန်းတီးရေးဝါဒလုပ်နေတာမဟုတ်ပါ။
ဘာသာရေးစစ်ပွဲလုပ်နေတာမဟုတ်ပါ။ကျွန်တော်တို့ ရည်ရွယ်ချက်သည် ကိုယ့်တိုင်းပြည်ကို တိုင်းတပါးရန်မှ ကာကွယ်လိုရင်းသာဖြစ်ပါတယ်။ဒီတော့ သမာသမတ်ကျကျ၊ဓမ္မဒိဌာန်ကျကျ၊အများစုလက်ခံနိုင်တဲ့
အဖြေကိုစဉ်းစားတွေးခေါ်နိုင်မှ၊လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်မှ သူများတကာရဲ့ အမုန်းတီးကိုလည်း
မခံရပဲ ကျွန်တော်တို့ တိုင်းပြည်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။အခုရေးခဲ့သမျှဟာ အသက်၃၀ကျော်စာရေးဆရာ
တစ်ယောက်က ရေးတာမို့လို့ ဖတ်မိတဲ့ညီအစ်ကိုမောင်နှမတွေမှာ ဒီထက်ပိုကောင်းတဲ့အတွေးအခေါ်တွေရှိမယ်၊
သဘောမညီမျှမှုတွေရှိမယ်ဆိုတာ သေချာပါတယ်။ဒီဆောင်းပါးကို ကျွန်တော်လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်း
သာရှိသေးရင် သူဘယ်လိုစဉ်းစားမလဲလို့ တွေးပြီးရေးတာပါ။ သမာသမတ်ကျတယ်၊လက်ခံနိုင်တယ်လို့ ယူဆရင် တခြားညီအစ်ကိုမောင်နှမများကိုလည်း ဖြန့်ဝေပေးစေချင်ပါတယ်။ ကျွန်တော်တို့ဟာ မတရားမှုကိုမုန်းတယ်။
နယ်ချဲ့ကျူးကျော်တာကိုမုန်းတယ်။ အမိတိုင်းပြည်ကို သစ္စာမ၇ှိတာကိုလည်း မုန်းတယ်။လာဘ်စားတာကိုလည်း
မုန်းတယ်။ မုန်းသင့်တာကိုပဲ မုန်းတယ်။မျက်စိမှိတ်ပြီး မုန်းနေတာမဟုတ်ပါ။

(ဒေါက်တာ လွမ်းမိုးဟန်)

မြန်မာအစိုးရ အနေနဲ့ အချိန်မီ ကြိုတင်ပြင်ဆင်ပြီး ထိထိရောက်ရောက် ကာကွယ် တုန့်ပြန်ဖို လိုအပ်နေပြီ






















မြန်မာအစိုးရဘက်က ပြည်ပခိုးဝင် ဘင်္ဂါလီ ရိုဟင်ဂျာ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ အားနည်းချက်တွေ ရှိတာကို သတိပြုမိပါတယ်။ အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ချင်ပုံ ရှိတယ်လို့ ထင်ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ ကောင်းကောင်းကြီး သတိထားစရာတွေ ရှိလို့ အတတ်နိုင်ဆုံး စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး အင်အားစုစည်းထားဖို့ လိုအပ်နေပြီလို့လည်း ထင်ပါတယ်။

အခြားတဖက်မှာဆိုရင် မူဆလင်၊ အစ္စလမ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်သွေးကြွတွေဟာ သူတို့ လုပ်ရပ် မှန်ကန်ကြောင်း သက်သေပြချင်နေတာကြောင့် ပြဿနာ လိုက်ရှာနေချိန် ဖြစ်ပါတယ်။ သူတို့လုပ်ရပ် မှားယွင်းနေတာကို မူဆလင်တွေ အပါအဝင် တကမ္ဘာလုံးက သိနေကြတယ်လို့ ဆိုနိုင်ပါတယ်။

အမေရိကန်၊ ဥရောပ၊ သြစတြေလျ၊ ဂျပန်၊ တောင်ကိုးရီးယား အစရှိတဲ့ နိုင်ငံတွေမှာ မူစလင် စစ်သွေးကြွ အကြမ်းဖက်သမားတွေ ခေါင်းမထောင်နိုင်ပါ။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း စတဲ့ နိုင်ငံတွေမှာလည်း အတော်အတန် ထိန်းကွပ်ထားနိုင်ပါတယ်။ ဒါကြောင့် အလွယ်ကူဆုံး ပစ်မှတ်လို့ ယူဆနိုင်တဲ့ မြန်မာဘက်ကို ဦးတည်လာနေတာလို့ တွေးဆမိပါတယ်။

ဘင်္ဂလီ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေအပေါ် မြန်မာနိုင်ငံသားတွေရဲ့ နိုးကြားစွာ တုန့်ပြန်မှုက အားရစရာကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အချုပ်အခြာကိုပါ ထိခိုက်လာနေတဲ့အတွက် ဒီလောက်နဲ့တင် မလုံလောက်ပါဘူး။

မြန်မာအစိုးရကိုယ်တိုင် နိုင်ငံတကာ အတိုင်းအတာအနေနဲ့ တက်တက်ကြွကြွ ပိုမို ပူးပေါင်းဆောင်ရွက်တာ၊ မြန်မာပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးကို စီမံလုပ်ဆောင်ပေးနိုင်ရင် ကောင်းမယ်လို့ ယူဆပါတယ်။ အချိန်မီ ကြိုတင်ပြင်ဆင်ပြီး ထိထိရောက်ရောက် ကာကွယ် တုန့်ပြန်ဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

လွင်အောင်စိုး
၂၃-၇-၂ဝ၁၂
......................................


Muslims burn a picture of Burma’s President Thein Sein as they protest in front of the Burmese embassy in Bangkok by 21 June 2012. (Reuters)


Thousands of Rohingya Muslims protest at Burmese embassy in Kuala Lumpur

လွင်အောင်စိုး

အသက် ၄၀ ပြည့်နှစ် စကား


လူလိုသူလို မွေးနေ့တဲ့

အသက် ၄၀ ပြည့်နှစ် စကား

by Ye Min Tun on Monday, July 23, 2012 at 11:58am ·
ယနေ့ ကျနော့်အသက် ၄၀ ပြည့်သောမွေးနေ့ဖြစ်ပါတယ်။ ကျနော်ပြန်တွေးကြည့်တော့ ဘ၀မှာစုံနေပြီ။

၁၉၈၈ ကျည်ဆံတွေပလူပျံနေတဲ့ ရန်ကုန်မြို့ ကိုယ့်မြို့ကိုယ့်ရွာမှာ သူပုန်ကျောင်းသားဖြစ်ခဲ့ရတယ်။ သဘောင်္ပြန်ပေးဆွဲသူတွေလို့ စွပ်ဆွဲပြီး စစ်တပ်က လိုက်သတ်တာကို ပြေးရတဲ့ ကျောင်းသားတွေထဲမှာ အငယ်ဆုံးတယောက် အဖြစ် ပါခဲ့ဖူးတယ်။

၁၉၈၉ စစ်ထောက်လှမ်းရေးက အလိုရှိပြီး လိုက်ဖမ်းနေသော ကျောင်းသားငယ်တယောက်ဘ၀မှာ စက်မှုတက္ကသိုလ်မှ ကိုအောင်မိုးနှင့် ကိုမောင်မောင်လွင်(ကုလားကြီး) တို့နှင့်အတူ ခါးပိုက်နှိုက်ဆိုပြီး စစ်ထောက်လှမ်းရေးက အော်ပြီးကာ အကျင့်ယုက်လို့ လူအုပ်ကြီး ၀ိုင်းလိုက် ၀ိုင်းရိုတ်ကြတာကို ကျနော်တို့ ကျောင်သားတွေပါ အော်ပြီး သေလုမြောပါးပြေးဖူးတယ်။စစ်ထောက်လှမ်းရေးဖမ်းမိထားတဲ့ လမ်းမပေါ်ကနေ အသက်နှင့်လဲပြီး ပြေးခဲ့ဖူးတယ်။

၁၇ နှစ်ပြည့်မွေးနေ့က ၁၉၈၉ မှာ ထိုင်းနယ်စပ် ထမင်းနပ်မှန်အောင် မစားရတဲ့ ကျောင်းသားတွေနှင့် အတူရှိနေဖူးတယ်။ နာနက်သီးတွေနေ့တိုင်း ခိုးစားပြီး အသက်ဆက်ရလို့ လျှာတွေကွဲတာ ခံစားဖူးတယ်။ ထိုင်းဈေးထဲမှာ အမှိုက်သိမ်းတဲ့ ကျောင်းသားတွေဘ၀မှာ ကျနောလဲ အလှည့်ကျပါဖူးတယ်။ ထိုင်းထောင်ထဲမှာ သံတိုင်ထိုးထားတဲ့ ခြေကျဉ်းခတ် အကျဉ်းသား ဖြစ်ခဲ့ဖူးတယ်။  ပြေးလွှားနေတဲ့ဘ၀နှင့် မွေးနေ့တွေလဲ ရှိဖူးတယ်။

မိဘဆွေမျိုးတွေ လက်မခံတဲ့ ရာဇ၀င်လူဆိုးဖြစ်ခဲ့ရတယ်။ အဖေတယောက်တော့ သေတဲ့အထိ သူ့သား ကျနော့်ကို အားပေးထောက်ပံ့ကာ ချစ်သွားရှာပါတယ်။ အဲဒီအဖေ သူ့သား တိုက်တဲ့ ရေ တပေါက် မသောက်သွားရဘူး။ ထောင်ဝင်စာကို လာတွေ့ရတဲ့ အဖေအိုသေတဲ့ အချိန် သားကို နှုက်မဆက်သွားရဘူး။ ဟုတ်ပါတယ်လေ သူတို့အတွက်တော့ ကျနော်က လူဆိုးလူမိုက်ထက်တောင် ဆိုးပါတယ်။

ထောင်ထဲက စစ်ခွေးတိုက်မှာ ရိုက်နေတဲ့ ၁၉၉၁ မွေးနေ့ အပါဝင် မွေးနေ့ပေါင်း ခုနစ်ခုကို ထောင်ထဲမှာ ဖြတ်ဖူးတယ်။
တရုတ်နယ်ပြည်နယ်စပ်က အူကြောင်ကြောင်မွေးနေ့ကိုလည်း ဖြတ်သန်းဖူးတယ်။

လမ်းဘေးမှာ ငုတ်တုက်ထိုင်ငိုက်နေရတဲ့ မွေးနေ့ကိုလဲကြုံဖူးတယ်။ စားစရာမရှိတဲ့ မွေးနေ့ကိုလဲ ဖြတ်သန်းဖူတယ်။ ဆယ်စုနှစ် နှစ်ခုနီးပါး ညအိပ်ခါနီးတိုင်း လုံခြုံရဲ့လားဆိုပြီး စိတ်တထင့်ထင့်ဖြင့် အိပ်ခဲ့ရတယ်။
လူတွေ ၀ိုင်းချစ်တာ ခံစားဖူးသလို မုန်းတာလဲ ခံစားဖူးတယ်။ ကျနော်ကောင်းတာတွေ ရှိသလို ဆိုးတာတွေလဲ ရှိတယ် မသေခင် တနေ့ ချရေးသွား အုန်းမှာပါ။ ဘ၀က သင်ကြားပေးတဲ့ ဘ၀ပေးအသိက သာသာယာယာတော့ မသင်ပေးခဲ့ဖူးဘူး။ အချိုးအကွေ့တွေကို ကြမ်းကြမ်း တမ်းတမ်း ဖြတ်ခဲ့ရတယ်။

အခုတော့... ကျနော့်ဘ၀မှာ ဖြတ်သန်းခဲ့သော မွေးနေ့များထက်တော့ အခုလွန်စွာမှ ကွာခြားလွန်းပါသည်။ ကျနော်လွတ်လပ်စွာ တရားဝင်လူသား အဖြစ်ရပ်တည်ကာ တရားဥပဒေစိုးမိုးသော လူသားချင်းစာနာမှုရှိသော နိုင်ငံမှာ ခိုလှုံပညာ သင်ကြားနေပါပြီ။ သို့သော် ကျနော် မပျော်ဘူး။ စိတ်ထဲမှာ အမှန်ဝန်ခံရရင် အခုလိုနေရတာ ကိုယ်တယောက်ပါလား ဆိုတဲ့ အတွေးထဲရောက်နေတယ်။ အခုဆိုရင် ထောင်ထွက်သူငယ်ချင်းတွေ အကိုတွေ အမတွေ ပညာတပိုင်းစနှင့် တိုက်ပွဲဝင်နေတုန်းပဲ။ မနိုင်ဝန် ထမ်းနေကြရတယ်။ သူတို့ကို သနားတယ်။

ဒီနေ့ ကျနော်ဘာမှ ပျော်ပွဲရွှင်ပွဲ မလုပ်ပါ လုပ်ချင်စိတ်လဲ မရှိပါဘူး။ အိမ်တွင်းအောင်း စာဖတ်ပြီး ကျောင်းစာလုပ်နေမိပါသည်။ အသက်လေးဆယ်ပြည့်ပြီ။ အနာဂတ်အတွက် ကျနော်တို့ တိုင်းပြည်က မျိုးဆက်သစ်တွေကို ပံ့ပိုးပေးတဲ့ အဖိုးကြီးတယောက် ဘ၀နှင့် သေချင်ပါတယ်။ ဒါကြောင့် ကျနော်ကြိုးစားနေတယ်။ ကျနော်နိုင်ငံရေး လုပ်ခဲ့တာမဟုတ်ပါ။ တိုင်းပြည်အတွက် လိုအပ်နေတဲ့ အချိန်မှာ တိုက်ပွဲဝင်ခဲ့တဲ့ တာဝန်ကျေပွန်ချင်တဲ့ ကျောင်းသားငယ်တဦး ဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း တချိန်မှာ ပြည်တော်ပြန်နိုင်ခဲ့ရင် မျိုးဆက်သစ်တွေ ပညာရေးအတွက် အထောက်ကူပြုနိုင်တဲ့ အဖိုးကြီးဘ၀နှင့်သာ ပြန်နိုင်ဖို့ ကြိုးစားနေပါတယ်။

ကျနော်မှ ကျူးလွန်ခဲ့သော ကာယကံ ၀စီကံ မနောကံ ဖြင့် မှားယွင်းခဲ့သူတိုင်းကို ခွင့်လွှတ်ပါလို့ ဦးချလိုက်ပါသည်။ မွေးနေ့ဆုတောင်းသူရော ဆုမတောင်းဖြစ်သူ မိတ်ဆွေအားလုံးကို ချစ်ခင်လေးစားပါတယ်။

ရဲမင်းထွန်း

Invitation Letter of 24th Anniversary of Burma's 8.8.88 Event- New York City




★ Invitation Letter of 24th Anniversary of Burma's 8.8.88 Event- New York City ★


August 8, 2012 is the 24th anniversary of 1988 democracy uprising in Burma.
Though Burma seems to be moving toward the path of democracy,
civil war is continuing in some states and political prisoners remain in notorious prisons.

In order for Burma to move toward a true democratic nation,
all the remaining political prisoners must be released and
the current government should cease waging civil war against the ethnic minorities.

88 generation students (New York) and all those who support democracy
in Burma will be commemorating the anniversary of 8888
at the following date and time and we respectfully invite you to the event.

Date: Sunday, 5 August 2012
Time: 2:30 - 4:30 p.m
Venue: Project Reach, 39 Eldridge St., 4th Floor, New York 1002

Contact: Shwe War 347- 229-4309
Sandi 917- 445-9222
Nay Tin Myint 347- 944-7341
Aung Khant 916- 808-1515

- နှောင်ကြိုးမဲ့လူမှုဖွဲ့ဖြိုးရေးကွန်ယက်





~ နှောင်ကြိုးမဲ့လူမှုဖွဲ့ဖြိုးရေးကွန်ယက် ၏ ကချင်ပြည်နယ်ရှိ စစ်ဘေးတိမ်းရှောင်နေကြရသော တိုင်းရင်းသားညီအစ်ကို မောင်နှမများအား လူသားချင်းစာနာမှု ဂရုဏာစိတ်ဖြင့် ပါဝင်ကူညီနိုင်ရန်အတွက် စာနယ်ဇင်းတွေ့ဆုံရှင်းလင်း အသိပေးပွဲ ဖိတ်ကြားခြင်း ~

- နှောင်ကြိုးမဲ့လူမှုဖွဲ့ဖြိုးရေးကွန်ယက်
ko Myoe

ကိုမြအေးရဲ့ "မိုးကောင်းကင်၌ တိမ်တိုက်များ" ထွက်မည်

ကိုမြအေးရဲ့ "မိုးကောင်းကင်၌ တိမ်တိုက်များ" ထွက်မည်



Monday, July 23, 2012 အိမ့်သံစဉ်




အခု တလော ကျောင်းသားခေါင်းဆောင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ စာပေအနုပညာ လက်ရာတွေကို စာပေစိစစ်ရေးက ခွင့်ပြုချက်တွေ ကျလာတာကြောင့် ဆက်တိုက်ထွက်ရှိလာပါတယ်။

မကြာသေးမီးကပဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် ဆိုတဲ့ ရှစ်လေးလုံး သမိုင်းနောက်ခံနဲ့ လုံးချင်း အချစ်ဝတ္တု ထွက်ပေါ်လာခဲ့ပြီး ရုပ်ရှင် ရိုက်ဖို့ အထိဖြစ်လာခဲ့ပါတယ်။
ဒီအရင်ကလည်း ကိုဂျင်မီရဲ့ အနုပညာ လက်ရာ ထွက်ခဲ့ဖူးပါသေးတယ်။

အခုတော့ ကိုမြအေးရဲ့ လုံးချင်း ၀တ္တုနဲ့ပတ်သက်ပြီး သူကိုတိုင် အခုလို ကြော်ညာ ထားပါတယ်။

"ကျွန်တော် မြအေး၏ "မိုးကောင်းကင်၌ တိမ်တိုက်များ"လုံးချင်းဝတ္တုအား စာပေစိစစ်ရေးမှ ခွင့်ပြုချက် ရပြီး
ဖြစ်သောကြောင့် သြဂုတ်လ အတွင်းတွင် ထွက်ရှိမည်ဖြစ်ပါကြောင်း" တဲ့။

ကျောင်းသားခေါင်းဆောင်တွေဟာ အနုပညာဝါသနာ ပါသူတွေလည်းဖြစ်ပါတယ်။ အခု ကိုမြအေးရဲ့ စာအုပ် မျက်နှာဖုံး ပန်းချီ ကိုတော့ ကိုပြုံးချိုက ရေးဆွဲပေးထားတာဖြစ်ပါတယ်။

ကိုမြအေးနဲ့ပတ်သက်ပြီး စပယ်ဖြူ မဂ္ဂဇင်း က ပြောထားတာကတော့ "ကိုမြအေးက စာတွေ ကဗျာတွေ အများကြီးရေးဖူးပါတယ်.. ထောင်ကျစဉ် အတွင်းမှာပါ...သီချင်းတွေလည်း ရေးခဲ့ဖူးပါတယ်.. ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက အနုပညာကိုလည်း ၀ါသနာပါပါတယ်.. ကိုပြုံးချိုရဲ့ ကာဗာ ပန်းချီလက်ရာလေးကိုပါ ချီးမွမ်းကြပါစို့ " လို့ ဆိုထားပါတယ်။



http://blog.irrawaddy.org/2012/07/blog-post_1365.html

တစ်ခုတည်းသော ဖြေရှင်းနည်းသည် လက်ခံနိုင်ဖွယ်မရှိ-Only solution unaccepted....

တစ်ခုတည်းသော ဖြေရှင်းနည်းသည် လက်ခံနိုင်ဖွယ်မရှိ-Only solution unaccepted....

(Bangkok Post မှ 20 July 2012 ရက်စွဲပါ “Only solution unaccepted” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

နောက်ဆုံးတွင်မူ မြန်မာသမ္မတဦးသိန်းစိန်သည် ၄င်း၏ပထမဆုံးထိုင်းနိုင်ငံခရီးစ
ဉ်ကို ရက်သတ်မှတ်လိုက်လေပြီ။ တနင်္ဂနွေနေ့မှစတင်၍ ၃ ရက်ကြာ လာရောက်မည့် အနောက်ဖက်အိမ်နီးချင်းနိုင်ငံခေါင်းဆောင်ကို ထိုင်းနိုင်ငံက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါလိမ့်မည်။

ဦးသိန်းစိန်၏ ခရီးစဉ်မတိုင်မီပြင်ဆင်မှုများမှာ အပြည့်အဝရှင်းလင်းပြောကြား၍ မရလောက်အောင် ရှုပ်ထွေးလျက်ရှိသည်။ သူသည် နှစ်ကြိမ်တိုင်တိုင် လာမည်ဟုအဆိုပြုခဲ့ပြီး နှစ်ကြိမ်စလုံး ရောက်မလာခဲ့ပါ။

အဆိုပါခရီးစဉ်နှောင့်နှေးမှုအကြောင်းအရင်းများကိုစပ်စုလိုကြခြင်းမှာတစုံတရာအမှားအယွင်းမရှိဟု စောဒကတက်ကြရာတွင် နှစ်နိုင်ငံစလုံး မအောင်မြင်သောကြောင့်ပင်ဖြစ်သည်။ အမှန်စင်စစ် ဦးသိန်းစိန်၏ခရီးစဉ် နှောင့်နှေးမှုတွင် အကြောင်းအရင်းရှိသည်။ တရားဝင်ခေါင်းဆောင်မဟုတ်သော လူကြိုက်များ အတိုက်အခံခေါင်းဆောင်ကို နွေးထွေးစွာကြိုဆိုခဲ့ခြင်းသည် အကြောင်းအရင်းဖြစ်လိမ့်မည်ဟူသော ထိထိမိမိမှန်းဆမှု ရှိနေသောကြောင့်ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သော ၈ လအတွင်း အထင်ကြီးစရာအပြောင်းအလဲများပြုလုပ်ခဲ့သော အစိုးရအကြီးအကဲအဖြစ် ထိုင်းနိုင်ငံသို့ ရာက်လာလေပြီ။ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများသည်လည်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မျှော်မှန်းကာတန်းစီနေကြသည်။ အင်အားကြီး General Electric သည် ယခင်အပတ်က X-ray ဓာတ်မှန်စက်များရောင်းချပေးကာ မြန်မာနိုင်ငံ၌ အမေရိကန်တို့၏ ခြေလှမ်းကို စတင်ဖွင့်လှစ်လိုက်ပြီ။

သို့သော် မြန်မာနိုင်ငံနှင့် ယင်း၏ ခေါင်းဆောင်သည် ရက်စက်ကြမ်းကြုတ်သော နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကာလအတွင်း ဖွာလန်ကျဲသွားခဲ့သော အပေါက်အပြဲများကို ဖာထေးရန်အတွက် ခရီးရှည်ကြီးလျှောက်ရန် ကျန်နေသေးသည်။ မကြာသေးမီက ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများက မြန်မာနိုင်ငံ၏ စည်းလုံးမှုဟန်ဆောင်မျက်နှာဖုံးကို ကွာကျသွားစေသည်။ လတ်တလောကာလအတွင်း ပြုပြင်ပြောင်းလဲရေး အစိုးရ၏ အပြင်းထန်ဆုံးသတိပေးမှုများကို ဦးသိန်းစိန်က ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သော အပတ်အတွင်း သမ္မတဦးသိန်းစိန်ကကုလသမဂ္ဂအား “မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာတစ်သန်းကို လက်မခံနိုင်ကြောင်း၊ ၄င်းတို့သည် တိုင်းရင်းသားမဟုတ်သောလူမျိုး၊ ဘာသာမတူသူများဖြစ်၍ ဒုက္ခသည်စခန်းသို့ပို့ခြင်း(သို့)နှင်ထုတ်ခြင်း ခံရမည် ဖြစ်ကြောင်း၊ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးသို့ ဒုက္ခသည်များအဖြစ် လွှဲပြောင်းခြင်း(သို့)၄င်းတို့အား လက်ခံလိုသော တတိယနိုင်ငံများ၌ အခြေချစေခြင်းပင်ဖြစ်ကြောင်း”ထုတ်ဖော်ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံဟာ သူ့ရဲ့တိုင်းရင်းသားလူမျိုးစုတွေအတွက် တာဝန်ယူမှာဖြစ်သော်လည်း၊ တိုင်းရင်းသားမျိုးနွယ်မဟုတ်ဘဲ တရားမ၀င် နယ်စပ်ဖြတ်ကူးလာသော ရိုဟင်ဂျာများကို အသိအမှတ်ပြုရန်လုံးဝမဖြစ်နိုင်”ဟု သမ္မတရုံးဝက်ဆိုဒ်တွင် ဦးသိန်းစိန်က ပြောကြားထားသည်။

ယင်းစကားလုံးများသည် ပြင်းထန်သည့်အပြင် လက်ခံနိုင်ဖွယ်မရှိပါ။ တပ်မတော်အစိုးရ အဆက်ဆက်လက်ထက်တွင် တီထွင်ခေါ်ဝေါ်ခဲ့သည့် နာမည်ဖြစ်သည့် ရိုပာင်ဂျာများတွင်လည်း လူ့အခွင့်အရေးရှိသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ရိုဟင်ဂျာများကို အနှောင့်အယှက်များဟု သတ်မှတ်ယူဆ နိုင်သော်လည်း၊ ထိုအခြေအနေများကို လက်သင့်ခံခြင်းသည်သာ ဖြေရှင်းနည်း ဖြစ်သည်။

ထို့ကြောင့်ရိုဟင်ဂျာတို့၏ အခက်အခဲကို ဦးသိန်းစိန်၏ ခရီးစဉ်တွင်ဖော်ထုတ်ရပါမည်။ ထိုင်းနှင့်အိမ်နီးချင်းများသည်လည်း ရိုဟင်ဂျာတို့၏ အခက်အခဲကို ကောင်းစွာသိရှိနေသူများ ဖြစ်ကြသည်။ ဇာတိမှထွက်ခွာလာကြသော ရိုဟင်ဂျာများသည် အခြားတစ်နေရာသို့ ဆက်လက် သွားရောက်ရန်အတွက် ထိုင်းနိုင်ငံ၌ ခရီးတစ်ထောက် နားကြသည်။ သို့သော် မြန်မာနိုင်ငံမှမြစ်ဖျားခံလာသော ပြဿနာအရှုပ်ထုပ်ကို ထိုင်းအာဏာပိုင်များကလည်း လက်ခံကြိုဆိုခြင်း မပြုကြပါ။

မြန်မာနိုင်ငံသည် တပ်မတော်၏ သေနတ်ပြောင်းဝ ဖိအားအောက်တွင် ကြာရှည်အထီးကျန်နေခဲ့ရခြင်းကြောင့် ယခု မြန်မာသမ္မတ၏ တုန်လှုပ်ဖွယ် စကားကို နားလည်ခွင့်လွှတ်ပေးကြဖွယ် ရှိသော်လည်း မြန်မာပြည်သူများနှင့် ကိုယ့်ပြဿနာကိုယ်ရှင်းနေသော သမ္မတဦးသိန်းစိန်အနေဖြင့် ဂရုဏာထားရမည့် ကျင့်ဝတ်ကိုမူ မဖောက်ဖျက်သင့်ပါ။ သူ့စကားများကို သဘောမတူနိုင်ပါက ပံ့ပိုးမည့်လုပ်ရပ်မှန်သမျှကိုလည်း လက်သင့်ခံနိုင်ကြမည် မဟုတ်ဆိုသည်ကို ဦးသိန်းစိန် သိထားသင့်သည်။

မြန်မာနိုင်ငံသည် နာတာရှည်အကြမ်းဖက် အမှောင်ကမ္ဘာထဲမှရုန်းထွက်ကာ လွန်ခဲ့သောနှစ်ပေါင်း ၅၀ နှင့်လုံးဝခြားနားသော ကျင့်ဝတ်စံနှုန်းများနှင့် ကမ္ဘာသစ်ထဲသို့ ချင်းနင်းဝင်ရောက်နေပြီဖြစ်သော်လည်း ရိုဟင်ဂျာများနှင့်ပက်သက်၍ သမ္မတ၏ ပြောစကားများမှာမူ လူမျိုးစွဲစိတ်ပြင်းခြင်း၊ မုန်းတီးခြင်း၊ ခြိမ်းခြောက်ခြင်း အငွေ့အသက်များ လွှမ်းနေသည်။

Yangonchronicle

ဒေါ်အောင်ဆန်းစုကြည် မှ ရနိုင်သော ဘ၀ သင်ခန်းစာ ဆယ်ခု




နိုင်ငံရပ်ခြား တက္ကသိုလ် တခုရဲ့ စာကြည့်တိုက်ထဲမှ နံရံကပ် ပြကွက်လေးတခုပါ။

(1) Love the people
ပြည်သူ ချစ်သော သူ
”ကျမအဖေ့ရဲ့ သမီးဖြစ်တဲ့အတွက်၊ ကျမ ၀င်ကိုဝင်ပါရတော့မယ် ဆိုပြီးခံစားခဲ့ပါတယ်။”

(2) Give back to people
ပြည်သူတွေဆီ ပြန်ပြီး ပေးစပ် တတ်တဲ့ အလေ့အထ
”သင့်မှာ အကူအညီကင်းမဲ့နေတယ် လို့ခံစားရရင်၊ တခြားတယောက်ယောက်ကို ကူညီလိုက်ပါ။”

(3) Freedom from fear
ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း
”တခုထဲသော အကျဉ်းထောင် အစစ်အမှန်ကတော့ ကြောက်ရွံ့ခြင်းပါပဲ၊ လွတ်မြောက်ခြင်း အစစ်အမှန်သည်လဲ အဲဒီ ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်းသာဖြစ်တယ်။”

(4) Do the right thing
အမှန်ကန်သော အရာ ကို လုပ်တတ်ခြင်း
”ရှင် ကောင်းတာ တခုခု လုပ်နေတဲ့အပေါ် ရှင့်ရဲ့ ကြောက်ရွံ့စိတ်အ၀င်မခံပါနဲ့

(5) Work in Unity
စည်းစည်းလုံးလုံး နှင့် အလုပ်လုပ်ခြင်း
”ကျမတို့အတူအကွ လက်တွဲထားမယ်ဆိုရင် ကျမတို့ရည်မှန်းတဲ့ ပန်းတိုင် သေခြာပေါက်ရောက်မှာပါ။”

(6) Change it if you want
လိုချင်တယ် ဆိုရင် ပြောင်းလဲလိုက်ပါ။
”အပြောင်းအလဲ လိုချင်ရင် ကိုယ်တိုင်ထလုပ်ရတော့မယ်ဆိုတာ ပြည်သူအများစုက ပိုပိုပြီးသဘောပေါက်လာကြပါပြီ။”

(7) Deal with your own problem
ကိုယ့် ပြဿနာကိုယ် အရင် ဖြေရှင်းပါ။
”ဒါတကယ်ပဲ ရယ်စရာကောင်းပါတယ်၊ သူများကို သွားအပြစ်တင် နေမဲ့အစား၊ သူတို့ (အစိုးရ) တကယ် ဖြေရှင်းရမှာက သူတို့ထဲက ပြဿနာပါ။”

(8) Believe in democracy process
ဒီမိုကရေးစီ လမ်းစဉ်ကို ယုံကြည်ခြင်း။
”ဒီမိုကရေစီ လမ်းစဉ်ဟာ အကြမ်းဖက်မှုကင်းကင်းနဲ့ နိုင်ငံရေးနှင့် လူမှုရေး အပြောင်းအလဲတွေကို ဆောင်ကျင်းပေးပါတယ်”

(9) Become the role model of all women
အမျိုးသမီးထုအတွက် စံပြပုဂ္ဂိုလ် ဖြစ်လာခြင်း။
”ကမ္ဘာ အရပ်ရပ်က အမျိုးသမီးထုကို ပညာရေးနှင့် လုပ်ပိုင်ခွင့် အာဏာ များ ပိုမို ပေးခြင်းအားဖြင့် လူသားအားလုံးအတွက် ငြိမ်းချမ်းရေး နှင့် တရားမျှတရေး၊ သည်းခံမှု နှင့် ဂရုဏာ တရားများ ပိုမိုရရှိလာမှာပါ။”

(10) Be more active in your life
ဘ၀မှာ ပိုပြီး တက်ကြွအောင် နေပါ။
”ကျမ နိုင်ငံရေးမှာ ပိုပြီး တက်ကြွှသင့်တယ်လို့ ကျမထင်တယ်၊ ဘာလို့လဲဆိုတော့၊ ကျမကိုယ်ကျမ နိုင်ငံရေးသမားအနေနဲ့ကြည့်မိလို့ပါပဲ။ ဒါက ညစ်ငြမ်းတဲ့ အလုပ်လဲ မဟုတ်ဘူး။ နိုင်ငံရေးသမားတွေမှာ တခုခုမှား နေတယ်လို့ တချို့က ထင်ကြတယ်၊ ဟုတ်မှာပါ တချို့သော နိုင်ငံရေးသမားတွေမှာ မှားနေပါတယ်။”

** အင်္ဂလိပ် လိုရေးထားတဲ့ ဒေါ်စု၏ အဆိုအမိန့်များ ကို ဘာသာပြန်တဲ့အတွက် အနဲငယ် ကွဲလွဲချက်များ ရှိနိုင်ပါသည်။

ဒူဝါ (ကချင်)

(Photo Credit to a friend who sent me via Mobile)

ကချင်ဒူဝါ Kachin Duwa

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးတော့မည်





ရန်ကုန်၊ ဇူလိုင်-၂၁

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုဗယ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည်၏မှတ်တမ်းရုပ်ရှင် (Documentary) ကို စတင်ရိုက် ကူးတော့မည်ဖြစ်ကြောင်း 7Day Newsသို့ ပြောကြားသည်။
ရိုက်ကူးရေးအစီအစဉ်များ ကို မကြာမီရက်ပိုင်းအတွင်း ကြေညာသွားမည်ဖြစ်ကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ ဇာတ်ကြောင်းကို ပြင်သစ်ဒါရိုက်တာ Luc Besson က The Lady အမည်ဖြင့် ရုပ်ရှင်ပြန်လည် ရိုက် ကူးထားပြီး ပြည်တွင်းတွင်မူ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ၄င်း၏ဘ၀ဖြတ်သန်းမှုကို ပထမ ဆုံးရိုက်ကူးမည့် ဒါရိုက်တာဖြစ်သည်။
7 Day News

နှလုံးအေးတဲ့ အမေ့ မျက်နှာ



အမေဒေါ်အောင်ဆန်းစုကြည် က
သတင်းသမားများနဲ့ အတူ အမေစု က အချိန်တွေပေးနေခဲ့ရတာလည်း မမောနိုင်မပန်းနိုင်ပါဘဲ ဖြူစင်တဲ့အမေ့စိတ်ထား နဲ့  လူ့ဘ၀မှာရှည်လျားထွေပြားပြီး အချိန်ရှိသရွေ့  မနေမနားသွားနေရတဲ့ သတင်းသမားများနဲ့ နှပါးသွားနေရတဲ့ အမေ့ကို တွေးကြည့်ရင်ပြေးကြည့်တာထက်ပိုမြင်နိုင်ပါတယ်..အားလုံးကိုအကောင်းချည်းပဲလို့အကောင်းမြင်အကြည့်နဲ့ မြင်အောင်ကြည့်ပါမှ
မြင်သမျှ အားလုံးဟာလဲဘဲမိမိတို့ ရဲ့ စိတ်ထဲမှာဘ၀င်ကျ ရွှင်ပျလာမှာပါ။
ပြည်သူသည် ပထမ..ပြည်သူသည်သာ ဒုတိယ..ပြည်သူသည် တတိယ လို့ တဖွဖွ နဲ့ အမေ အမြဲဘဲ ပြောလေ့ရှိပါတယ်..။

မြင်မိုရ်တောင်ထက် ကြီးမားဖြူစင်တဲ့ အမေရဲ့  မေတ္တာတွေကြောင့်လားမသိဘူးဗျာ
ဂုဏ်ရည်မြင့်မိုရ်အမေ့လို ခေါင်းဆောင်မျိုးကို ပြည်သူတွေကတိုင်းပြည်ဂုဏ်နှင့်လူမျိုးဂုဏ် များစွာကိုကမ္ဘာကတုန်အောင် ချီ့းမြှ့င့်ပေးအပ်ခံခဲ့ရတဲ့ဆုတွေ အမေ့ရဲ့ သတ္တိများနဲ့ အမေရဲ့ အရည်အချင်းများဟာ ခေါင်ဆောင်ကောင်းတစ်ယောက်ပီသလှပါပေတယ်..ဒါကြောင့် ဘယ်အရေးကိစ္စဘဲတွေးတွေး ဘယ်အကြောင်းဘဲရေးရေးပေါ့ အမေ့ရဲ့ ဦးဆောင်မှု နောက်ကိုသာပုံမှန် ဖြေးဖြေး လိုက်သွားပါက ပြည်သူတွေအားလုံး အားလုံးဟာလည်း လမ်းမှန်ကိုရောက်ပြီးအချိန်တိုတို နဲ့ ခရီးပေါက်နိုင်မှာ ဖြစ်တာကို တင်ပြပြောပြစေချင်တာအမှန်ပါဘဲဗျာ..။ အသဲသွေးဆီကရဲသွေးဇာနည်လိုအမေ့ကိုပြည်သူပြည်သား
ရဟန်းရှင်လူအများကအမေ့အနားမှာနေကြ ကြိုဆိုကြပါလို့ ပြည်သူပြည်သားများကို ကောင်းမြတ်တဲ့စိတ်ထားနဲ့ တိုက်တွန်းရင်း ...ဒီအတိုင်းဘဲရေးလိုက်မိပါတယ်..။
ကိုထွန်းဝေ
ဓါတ်ပုံ Ko MawPyay

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏ ပုသိမ်မှာပြုလုပ်တဲ့ နောက်ကြည်မှန်စာအုပ်ရောင်းလက်မှတ်ထိုးပွဲမှပြောဆိုချက်(ရုပ်/သံ)

နောက်ကြည့်မှန် ၀တ္ထုကို ရုပ်ရှင်ရိုက်ကူးခွင့်အတွက် ဒါရိုက်တာ ၀င်းထွန်းထွန်းနှင့် ဇာတ်ညွှန်း မြင့်ဦးဦးမြင့် တို့က မင်းကိုနိုင်နှင့် လာရောက်ညှိနှိုင်းစဉ်။


ရှုမ၀ တဲ့ ကိုမင်းကိုနိုင်အတွက် အာဂမွဏ်းရဲ့ ပန်းချီလက်ဆောင် Video/Photo..အာဂမွဏ်း